Connect with us

Hi, what are you looking for?

သတင်း

ပျူခေါင်းဆောင် သီတာယုမွန်ရဲ့တပည့် လက်နက် ၂လက်နဲ့ တောင်သာ ပကဖထံ အလင်းဝင်

မြင်းခြံမြို့က ပျူစောထီးခေါင်းဆောင် သီတာယုမွန်ရဲ့တပည့်ဖြစ်သူ ပြည်သူ့စစ် တစ်ဦးဟာ လက်နက် ၂လက်နဲ့အတူ အလင်းဝင်လာတယ်လို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ စစ်ရေးတာ၀န်ခံက လူထုနွေဦးကို ပြောပါတယ်။

(အလင်းဝင်လာတဲ့ ပြည်သူ့စစ်ယူဆောင်လာတဲ့ လက်နက်ခဲယမ်းတွေ။ ဓာတ်ပုံ - SPDF)

နို၀င်ဘာ-၁၀၊၂၀၂၆။မိုမို/People’s Spring

မြင်းခြံမြို့က ပျူစောထီးခေါင်းဆောင် သီတာယုမွန်ရဲ့တပည့်ဖြစ်သူ ပြည်သူ့စစ် တစ်ဦးဟာ လက်နက် ၂လက်နဲ့အတူ အလင်းဝင်လာတယ်လို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ စစ်ရေးတာ၀န်ခံက လူထုနွေဦးကို ပြောပါတယ်။

အဲဒီပြည်သူ့စစ်က မြင်းခြံ – ပုဂံညောင်ဦး ကားလမ်းဘေး တောင်သာမြို့နယ် တမိုက်သာကျေးရွာကဖြစ်ပြီး အခု နိုဝင်ဘာ ၇ ရက်က အလင်း၀င်လာခဲ့တာလို့ ဆိုပါတယ်။

“သေနတ် နှစ်လက်နဲ့ အလင်း၀င်လာခဲ့တယ်။MA4 တစ်လက် G 4 တစ်လက်နဲ့ ၅ ဒသမ ၅၆ ကျည် ၇၆ တောင့်၊၄၀ မမ အသီး ငါးလုံး၊ဂျီဖိုးကျည် ၂၅ တောင့်နဲ့ အလင်း ၀င်ရောက်လာတာ”လို့ အထက်ပါတာ၀န်ရှိသူက အလင်း၀င်လာသူပါလာတဲ့လက်နက်ခဲယမ်းတွေကို ရှင်းပြပါတယ်။

Public Service Announcement

Public Service Announcement

နောက်မှာကျန်ခဲ့တဲ့ မိသားစု၀င်တွေရှိနေတာကြောင့် အလင်း၀င်လာသူရဲ့ ကိုယ်ရေးအချက်အလက်အပါအ၀င် အသေးစိတ်အခြေအနေကို မထုတ်ပြန်သေးဘဲ

ဂုဏ်ပြုငွေပေးပြီး လုံခြုံတဲ့နေရာမှာ ထိန်းသိမ်းထားတယ်လို့ အသိပေးပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက်ကလည်း တောင်သာမြို့နယ်အတွင်း တပ်စွဲထားတဲ့ စစ်တပ် လက်အောက်ခံ ရဲတပ်ရင်း-၅(မှော်ဘီ)က ရဲ ၂ဦးဟာ လက်နက်နဲ့ အလင်း၀င်လာတယ်လို့ တောင်သာ People Defense Force (TTA)အဖွဲ့က ထုတ်ပြန်ထားပါတယ်။

TTA အဖွဲ့ရဲ့တစ်တော့အကောင့်ကို အဲဒီရဲ ၂ဦးက အလင်းဝင်ဖို့ လာရောက်ချိတ်ဆက်ခဲ့တာကြောင့် နိုဝင်ဘာ ၆ရက် သွားရောက် ခေါ်ယူခဲ့ပြီး ဂုဏ်ပြုချီးမြှုင့်ငွေများပေးကာ သူတို့ ပြန်လိုတဲ့ နေရာကို ပို့ဆောင်ပေးခဲ့တယ်လို့ TTA တပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

မြင်းခြံ၊နွားထိုးကြီးနဲ့ တောင်သာမြို့နယ်အတွင်းကို စစ်တပ်ရဲ့ ရဲစစ်ကြောင်းတွေ မကြာခဏ စစ်ကြောင်းထိုးလေ့ရှိပြီး အဲဒီရဲတပ်ရင်း(၅)ကနေ TTAတပ်ဖွဲ့ထံ အလင်းဝင်လာသူ ၂၀ ခန့်ရှိပြီလို့ သိရပါတယ်။

လက်ရှိ မြင်းခြံခရိုင်ထဲမှာ အာဏာသိမ်းစစ်တပ် က မကြာခဏ စစ်ကြောင်းထိုးနေပြီး တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲတချို့လည်း ရှိနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်လက်အောက်ခံအုပ်ချုပ်ရေးမှူးအဖွဲ့တွေကလည်း ရပ်ကွက်တိုင်းကို အိမ်ထောင်စုဇယားတောင်းပြီး ငွေကောက်ခံဖို့ စီစဉ်နေ

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ သီတာယုမွန်ရဲ့ ပျူစောထီးတွေနဲ့ စစ်သားတွေက ကျေးရွာတွေက ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌စစ်ဘေးရှောင် ပြည်သူနေအိမ်တွေက တံခါးရွက်‌နဲ့သွပ်တွေကို ဖြုတ်ခိုးနေတယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။

သတင်း

​မောင်နှစ်မချင်းရန်ဖြစ်၍ပျူကိုတိုင်ရာအကိုဖြစ်သူကိုဖမ်း​ခေါ်သွားပြီးသတ်လိုက်လို့ ​မိသားစုကငွေ​​ပေးကာအ​လောင်းပြန်ထုတ်ရ

သတင်း

ရှေးဟောင်းမြို့တော် ပုဂံ၊ညောင်ဦးမြို့က စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင် နောင်နောင်အပါအဝင် ၆ ဦးကို တော်လှန်ရေးတပ်ဖွဲ့က ဖမ်းဆီးထားတယ်လို့ လူထုနွေဦးက စုံစမ်းသိရပါတယ်။

Facebook