Connect with us

Hi, what are you looking for?

News

ဒဏ်ခတ်အရေးယူသင့်တဲ့ ထူးအုပ်စုကုမ္ပဏီရဲ့ လက်အောက်ခံနဲ့ ဆက်စပ်ကုမ္ပဏီ ၆၀ ရဲ့ အမည်စာရင်းကို Justice for Myanmar ထုတ်ပြန်

ခရိုနီဦးတေဇနဲ့ သူ့ရဲ့ မိသားစုပိုင် ထူးအုပ်စု ကုမ္ပဏီကို စက်တင်ဘာ ၂ ရက်မှာ ဗြိတိန်အစိုးရက ‘စစ်တပ်ကို ငွေကြေးအထောက်အပံ့နဲ့ စစ်လက်နက်တွေ ပေးအပ်နေမှုအတွက်’ ဒဏ်ခတ်ပိတ်ဆို့ အရေးယူခဲ့ပါတယ်။

ဗြိတိန်ရဲ့ ဒဏ်ခတ်အရေးယူမှုခံထားရတဲ့ ထူးအုပ်စုကုမ္ပဏီရဲ့ ဆက်နွှယ်တဲ့စီးပွားရေးလုပ်ငန်း ၆၀ ကို Justice for Myanmar က စာရင်းပြုစုထုတ်ပြန်လိုက်ပြီး အဲဒီစီးပွားရေးလုပ်ငန်းတွေကို ပိတ်ဆို့အရေးယူကြဖို့ တိုက်တွန်းလိုက်ပါတယ်။

ခရိုနီဦးတေဇနဲ့ သူ့ရဲ့ မိသားစုပိုင် ထူးအုပ်စု ကုမ္ပဏီကို စက်တင်ဘာ ၂ ရက်မှာ ဗြိတိန်အစိုးရက ‘စစ်တပ်ကို ငွေကြေးအထောက်အပံ့နဲ့ စစ်လက်နက်တွေ ပေးအပ်နေမှုအတွက်’ ဒဏ်ခတ်ပိတ်ဆို့ အရေးယူခဲ့ပါတယ်။

ဗြိတိန်ရဲ့အရေးယူဒဏ်ခတ်မှုကို Justice for Myanmar က ထောက်ခံပြီး ထူးအုပ်စုဝင်များ သို့မဟုတ် ဦးတေဇနဲ့ သူ့ရဲ့မိသားစုအပြင် သူတို့ရဲ့ ဒါရိုက်တာများ၊ ရှယ်ယာရျင်များနဲ့ ဆက်နွယ်နေတဲ့ လတ်တလေသိရှိသမျှ ကုမ္ပဏီများအားလုံးကို ဒီနေ့ စာရင်းပြုစုထုတ်ပြန်တာဖြစ်ပါတယ်။

ထူးအုပ်စုကုမ္ပဏီနဲ့ သူ့ရဲ့လက်အောက်ခံ၊ ဆက်စပ်ကုမ္ပဏီတွေ ၆၀ စာရင်းမှာ လေကြောင်းလိုင်း၊ ဘဏ်လုပ်ငန်း၊ သဘာ၀တူးဖော်ရေးလုပ်ငန်း၊ အာမခံလုပ်ငန်း၊ ဆောက်လုပ်ရေးနဲ့ အိမ်ခြံမြေ လုပ်ငန်း၊ ကျောက်မျက် ရတနာလုပ်ငန်း၊ စက်သုံးစီရောင်းဝယ်ရေးလုပ်ငန်း၊ နည်းပညာနဲ့ ဆက်သွယ်ရေးလုပ်ငန်း၊ ငွေပေးချေမှုလုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ ဘောလုံးအသင်း စသဖြင့် လုပ်ငန်းတွေ ပါဝင်ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ဘင်းမ်စတက်ညီလာခံသို့ တက်ရောက်ခွင့်ပြုလိုက်သည့် ထိုင်းနှင့် ဘင်းမ်စတက်အဖွဲ့တို့၏ ဆုံးဖြတ်ချက်ကို ပြင်းထန်စွာရှုတ်ချကြောင်း Justice For Myanmar က ယနေ့ ထုတ်ပြန်သည်။

သတင်း

ဆွစ်ဇာလန်နိုင်ငံက စစ်အုပ်စုထိန်းချုပ်ထားသည့်မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE) အပေါ် ဒဏ်ခတ်ပိတ်ဆို့အ​ရေးယူလိုက်ကြောင်း လူ့အခွင့်အရေး အဖွဲ့ Justice For Myanmar က အသိပေးသည်။

သတင်း

ဂျာမန်ကုမ္ပဏီ Traton SE၏ လက်အောက်ခံကုမ္ပဏီ MAN SEသည် Sinotruk ကုမ္ပဏီ၏ လက်အောက်ခံကုမ္ပဏီ Sinotruk (Hongkong)တွင် ရှယ်ယာ ၂၅ ရာခိုင်နှုန်းပိုင်ဆိုင်ထားသည်။

သတင်း

အခုလို အရေးယူ ပိတ်ဆို့မှုတွေဟာ အာဏာသိမ်း စစ်တပ်က ပြည်သူလူထုအပေါ် ကြမ်းကြုတ် ရက်စက်လှတဲ့ လုပ်ရပ်တွေ ကျူးလွန်နေတာကို ကန့်သတ် လျှော့ချဖို့ ရည်ရွယ်ထားတာ ဖြစ်တယ်လို့ ဩစတြေးလျက ထုတ်ပြန်ပါတယ်။