Connect with us

Hi, what are you looking for?

သတင်း

ဆွစ်ဇာလန်က စစ်​ကောင်စီ၏ MOGE ကို ဒဏ်ခတ်အ​ရေးယူ

ဆွစ်ဇာလန်နိုင်ငံက စစ်အုပ်စုထိန်းချုပ်ထားသည့်မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE) အပေါ် ဒဏ်ခတ်ပိတ်ဆို့အ​ရေးယူလိုက်ကြောင်း လူ့အခွင့်အရေး အဖွဲ့ Justice For Myanmar က အသိပေးသည်။

MOGE ကို အ​ရေးယူဒဏ်ခတ်​ရေး ရန်ကုန်မြို့လယ်တွင် ဆန္ဒပြ​တောင်းဆို​နေကြစဥ်။ ဓါတ်ပုံ-Anti-junta Alliance Yangon

ရဲခေါင်/People’s Spring

ဆွစ်ဇာလန်နိုင်ငံက စစ်အုပ်စုထိန်းချုပ်ထားသည့်မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE) အပေါ် ဒဏ်ခတ်ပိတ်ဆို့အ​ရေးယူလိုက်ကြောင်း လူ့အခွင့်အရေး အဖွဲ့ Justice For Myanmar က အသိပေးသည်။

MOGE အပေါ် ဆွစ်ဇာလန်၏ဒဏ်ခတ်ပိတ်ဆို့မှုများသည် မြန် မာပြည်သူများအပေါ် ကျူးလွန်လျက်ရှိသည့် အကြမ်းဖက် စစ်ဆင်ရေးအတွက် ဘဏ္ဍာငွေဖြည့်တင်းရန် ရေနံ နှင့်သဘာဝဓါတ်ငွေ့ကဏ္ဍမှဘဏ္ဍာငွေ ရှာဖွေရရှိနေသည့် စစ်အုပ်စု၏ ကယ်ပေါက်တစ်ခုအား ပိတ်ပင်ရာတွင် အရေးပါကြောင်း JFM ကဖော်ပြသည်။

“အီးယူ ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ ကိုက်ညီနေတဲ့ မြန်မာနိုင်ငံက MOGE ကို နောက်ဆုံးမှာ ဒဏ်ခတ်ပိတ်ဆို့ဖို့ ဆွစ်ဇာလန်ရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုပါတယ်”ဟု Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်ကပြောသည်။

Public Service Announcement

Public Service Announcement

ဆွစ်ဇာလန်၏အရေးယူမှူသည် လေးနှစ်ကျော်ကြာ အာဏာသိမ်းခဲထား​သောစစ်အုပ်စုကို ဆန့်ကျင်ပြီး ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေသည့် မြန်မာပြည်သူများနှင့် အတူတသားတည်းရှိကြောင်း သတင်း စကားပါး လိုက်ခြင်းဟု လည်း​ဖော်ပြထားသည်။

ထို့အတူ ကနေဒါ၊ ယူကေနှင့် ဩစတြေးလျနိုင်ငံတို့ ကလည်း ဆွစ်ဇာလန်ကဲ့သို့ MOGE အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ အလျင်အမြန် ပြုလုပ်ရန်လည်း JFMက တောင်းဆိုသည်။

စစ်အုပ်စု၏ အချက်အလက်များအရမြန်မာ့သဘာဝဓါတ်ငွေ့တင်ပို့မှုမှ ၂၀၂၃ ခုနှစ်၊ ဇွန်လအထိ သုံးလအတွင်းအမေရိကန်ဒေါ်လာ ၈၄၁ ဒသမ ၇ သန်းရရှိခဲ့ကြောင်းသိရသည်။

ရေနံနှင့် သဘာဝဓါတ်ငွေ့ကဏ္ဍသည် စစ်အုပ်စုအ တွက် နိုင်ငံခြားငွေဖြင့် အခွန်ဝင်ငွေအများဆုံး ရရှိနေသည့် ရင်းမြစ်တစ်ခု ဖြစ်သည်။စစ်​တပ်သည် ထိုဝင်ငွေများဖြင့် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်ရာဇဝတ်မှုများအတွက် လိုအပ်သည့် စစ်လက် နက်များ၊ လေယာဉ်ဆီနှင့် အခြားအထောက်အကူပြုပစ္စည်းများကို စစ်အုပ်စုကဝယ်ယူအသုံးပြုနေကြောင်းလည်း JFM ကအသိပေးထားသည်။

ဆွစ်ဇာလန်ဘဏ်များသည် မြန်မာ့နိုင်ငံပိုင်ဘဏ်များနှင့်သမိုင်းစဉ်လာဆက်နွှယ်မှုများရှိခဲ့ပြီး ၂၀၁၈ ခုနှစ် အစီရင်ခံစာတွင် MOGE က နိုင်ငံတကာငွေလွှဲမှုများအတွက် အသုံးပြုခဲ့သည်။ လက်ရှိစစ်အုပ်စု ထိန်းချုပ်ထားသော မြန်မာ့နိုင်ငံခြားကုန်သွယ်ရေးဘဏ်(MFTB)သည် ဆွစ်ဇာလန်နိုင်ငံတွင် အပြန်အလှန် ငွေလွှဲဘဏ်စနစ် ဆက်ဆံရေးများ ရှိခဲ့သည်။ဆွစ်အာမခံလုပ်ငန်းများသည်လည်း မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့ကဏ္ဍနှင့် ဆက်နွှယ်မှုများရှိကြောင်း Justice For Myanmar ကဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ကျောမြို့တွင် PDFများ သိမ်းပိုက် ထိန်ချုပ်ထားသည့် MOGE ရေနံမှော်ကင်းစခန်း (Well-1 ထုတ်လုပ်ရေးစခန်း)နှင့် ရေနံကျင်းကင်းစခန်း ပြန်လည်ရယူရေး စစ်ကောင်စီက ကြိုးပမ်းနေပြီး လေကြောင်းတိုက်ခိုက်မှုအပြင် မြေပြင်မှလည်း စစ်ကြောင်းထိုးလာကြောင်း သတင်းရရှိသည်။

သတင်း

အခုလို အရေးယူ ပိတ်ဆို့မှုတွေဟာ အာဏာသိမ်း စစ်တပ်က ပြည်သူလူထုအပေါ် ကြမ်းကြုတ် ရက်စက်လှတဲ့ လုပ်ရပ်တွေ ကျူးလွန်နေတာကို ကန့်သတ် လျှော့ချဖို့ ရည်ရွယ်ထားတာ ဖြစ်တယ်လို့ ဩစတြေးလျက ထုတ်ပြန်ပါတယ်။

သတင်း

အဆိုပါတိုက်ခိုက်မှုဖြစ်စဉ်များဖြစ်ခဲ့သည်မှာ မှန်ကန်ပြီး လူထိခိုက်မှုမရှိကြောင်း လှိုင်သာယာကင်းထောက်ချန်နယ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သတင်း

အမေရိကန် အစိုးရရဲ့ နိုင်ငံရပ်ခြား စီးပွားရေး ပိတ်ဆို့ အရေးယူမှု မူဝါဒတွေကို တာဝန်ယူ ကြီးကြပ်တဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာနက MOGEနဲ့ ဆက်စပ်ပြီး အမေရိကန်ရဲ့ ဘဏ္ဍာရေး ဝန်ဆောင်မှု တချို့ကို ဒီဇင်ဘာ ၁၅ ရက်မှာ စတင် ကန့်သတ် ပိတ်ဆို့သွားမယ်လို့ ကြေညာခဲ့ပါတယ်။

Facebook