Connect with us

Hi, what are you looking for?

သတင်း

ဒီးမော့ဆိုတိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းနှစ်ဦးအား ဆေးကုသမှုပေး

ဒီးမော့ဆိုအရှေ့ခြမ်းတိုက်ပွဲမှာ တင်းမာနေဆဲ ဖြစ်ပြီး ရှမ်း-ကယား ပြည်နယ်အစပ် မိုးဗြဲ၊ဖယ်ခုံ တို့တွင်လည်း နေ့စဉ်နီးပါး ထိတွေ့တိုက်ပွဲများ ပြင်းထန်နေသည်။

(ဒီးမော့ဆိုအရှေ့ခြမ်းတိုက်ပွဲ၌ ဖမ်းဆီးရမိခဲ့သည့် စစ်သုံ့ပန်းအား ဆေးကုသမှုပေးနေစဥ်။ဓာတ်ပုံ - Free Burma Rangers)
(ဒီးမော့ဆိုအရှေ့ခြမ်းတိုက်ပွဲ၌ ဖမ်းဆီးရမိခဲ့သည့် စစ်သုံ့ပန်းအား ဆေးကုသမှုပေးနေစဥ်။ဓာတ်ပုံ - Free Burma Rangers)

ဒီးမော့ဆိုအရှေ့ခြမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်​၏ စစ်သုံ့ပန်းနှစ်ဦးအား ဆေးကုသမှုပေးခဲ့သည့် မှတ်တမ်းကို ကရင်နီ Free Burma Rangers အဖွဲ့က ယနေ့(မေလ ၂၈ရက်)က ထုတ်ပြန် သည်။

ဒီးမော့ဆိုအရှေ့ဖက်ခြမ်း ဒေါလျားခူကျေးရွာ အရှေ့ဖက်တောင်ပေါ်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီကို ကရင်နီပူးပေါင်းတပ်က မေ ၁၄ရက် မှ၂၃ရက်အထိ တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“တနီးလာလဲ ကျေးရွာတိုက်ပွဲရှေ့တန်း၌ စစ်ကောင်စီ တပ်သားတစ်ဦးအပါအဝင် ဒဏ်ရာရ ရဲဘော် များကို ဘေးကင်းအောင်ကုသခဲ့ပေးခဲ့တယ်”ဟု Free Burma Rangers အဖွဲ့က ပြောသည်။

(ဒီးမော့ဆိုအရှေ့ခြမ်းတိုက်ပွဲ၌ ဖမ်းဆီးရမိခဲ့သည့် စစ်သုံ့ပန်းအား ဆေးကုသမှုပေးနေစဥ်။ဓာတ်ပုံ - Free Burma Rangers)
(ဒီးမော့ဆိုအရှေ့ခြမ်းတိုက်ပွဲ၌ ဖမ်းဆီးရမိခဲ့သည့် စစ်သုံ့ပန်းအား ဆေးကုသမှုပေးနေစဥ်။ဓာတ်ပုံ – Free Burma Rangers)

တိုက်ပွဲအတွင်း စစ်ကောင်စီဖက်မှ ဗိုလ်ကြီးအဆင့်ရှိသူအပါအဝင် ၄၀ထက်မနည်းသေဆုံးခဲ့ကာ အရှင်နှစ်ဦး ဖမ်းမိခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က သီးခြားထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“ဖမ်းမိတဲ့ စစ်သုံ့ပန်းတွေ ပြောစကားအရ အဲဒီလို ဖြစ်နေတာ။အဓိက ပြောလိုတာ စစ်ကောင်စီအနေနဲ့ သူ့တပ် သားတွေအပေါ် စေတနာမရှိသလို သူတို့အကျိုးစီးပွားအတွက်ပဲ ကြည့်နေတာ။ဒါကြောင့် အောက်ခြေက စစ်ကောင်စီတပ်သားတွေရော မိသားစု တွေအနေနဲ့ အမြန်ဆုံးစွန့်ခွာကြပါ”ဟု KNDF တာဝန်ရှိသူက တိုက်တွန်းသည်။

(ဒီးမော့ဆိုအရှေ့ခြမ်းတိုက်ပွဲ၌ ဖမ်းဆီးရမိခဲ့သည့် စစ်သုံ့ပန်းအား ဆေးကုသမှုပေးနေစဥ်။ဓာတ်ပုံ - Free Burma Rangers)
(ဒီးမော့ဆိုအရှေ့ခြမ်းတိုက်ပွဲ၌ ဖမ်းဆီးရမိခဲ့သည့် စစ်သုံ့ပန်းအား ဆေးကုသမှုပေးနေစဥ်။ဓာတ်ပုံ – Free Burma Rangers)

အလားတူ ၁၀ရက်ကြာ ဒီးမော့ဆို အရှေ့ခြမ်းတိုက်ပွဲ၌ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် မှ ရဲဘော်ရှစ်ဦး ကျဆုံးခဲ့ရသည်။

ဒီးမော့ဆိုအရှေ့ခြမ်းတိုက်ပွဲမှာ တင်းမာနေဆဲ ဖြစ်ပြီး ရှမ်း-ကယား ပြည်နယ်အစပ် မိုးဗြဲ၊ဖယ်ခုံ တို့တွင်လည်း နေ့စဉ်နီးပါး ထိတွေ့တိုက်ပွဲများ ပြင်းထန်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။