Connect with us

Hi, what are you looking for?

သတင်း

လမ်းကင်းယူနေသည့် BGFကို KNLA တပ်မဟာ (၅)တိုက်ခိုက်

ဖာပွန်ခရိုင် ဝါးဒူးနှင့်လယ်ကွဲကြားရှိ ဓာတ်ဆီဆိုင်တစ်နေရာတွင် လမ်းကင်းယူနေသည့် BGF တပ်ဖွဲ့အား မေလ ၂၆ရက် နံနက်ပိုင်းတွင် ရှောင်တခင် ဝင်ရောက်တိုက်ခိုက်ရာ BGF ဘက်က ငါးဦးသေဆုံးခဲ့သည်ဟု ဖော်ပြထားသည်။

(သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - KNU Mutraw News)
(သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - KNU Mutraw News)

▪️BGF ငါးဦးသေ၊ လက်နက် ၆လက်ရဟု အသိပေး

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန် (မူတြော်)ခရိုင်အတွင်း လမ်းကင်းယူနေသည့် စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့(BGF)ကို တိုက်ခိုက်ခဲ့ရာ BGF ဘက်က သေဆုံးမှုရှိပြီး လက်နက်များသိမ်းဆည်းရရှိခဲ့ကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၅)က သတင်းထုတ်ပြန်သည်။

ဖာပွန်ခရိုင် ဝါးဒူးနှင့်လယ်ကွဲကြားရှိ ဓာတ်ဆီဆိုင်တစ်နေရာတွင် လမ်းကင်းယူနေသည့် BGF တပ်ဖွဲ့အား မေလ ၂၆ရက် နံနက်ပိုင်းတွင် ရှောင်တခင် ဝင်ရောက်တိုက်ခိုက်ရာ BGF ဘက်က ငါးဦးသေဆုံးခဲ့သည်ဟု ဖော်ပြထားသည်။

လက်နက် ၆လက်ကိုလည်း သိမ်းဆည်းရရှိခဲ့ရာ M-16 AR (၄)လက်နှင့် ၎င်းကျည် ၃၂၀တောင့်၊ M-79 လောင်ချာတစ်လက်နှင့် ၎င်းကျည်(၁၇) လုံး၊ 9-MM ပစ်စတိုတစ်လက်၊ စစ်ဝတ်တန်ဆာ (၄)စုံ၊ M-16 ARကျည်ဘောက်(၄)ချပ်၊ စကားပြောစက်တစ်လုံး၊ ကျောပိုးအိတ်(၆)လုံးတို့ ဖြစ်သည်ဟု ထုတ်ပြန်သည်။

အဆိုပါတိုက်ပွဲ၌ KNLA တပ်မဟာ(၅)ဘက်က ထိခိုက်ကျဆုံးမရှိဟု အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ဖာပွန်ခရိုင်ရှိ စစ်ကောင်စီနှင့် BGFတပ်များကို KNLA တပ်မဟာ(၅)က ကြားဖြတ်တိုက်ခိုက်မှု၊ ခြုံခိုတိုက်ခိုက်မှုများ မကြာခဏလုပ်ဆောင်လျက်ရှိရာ စစ်ကောင်စီတပ်က အထိနာလျက်ရှိသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

မြန်မာ-ထိုင်းနယ်စပ်စစ်တပ်ရဲ့ ဝေါ်လေဗျူဟာကုန်းတပ်စခန်းကို ကရင်လွတ်မြောက်ရေးတပ်မတော်(KNLA)ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေက ထပ်မံထိုးစစ်ဆင်​နေပြီးတိုက်ပွဲ​တွေပြင်းထန်နေတယ်လို့ လူထုနွေဦးရဲ့စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

တိုက်ပွဲဝင်ရဲဘော်တွေနဲ့ အားပေးကူညီသူတွေကို KNU မြိတ်ထားဝယ်ခရိုင်နဲ့ တပ်မဟာ(၄) ဂုဏ်ပြု

သတင်း

တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ်သား ၂ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ မဟာမိတ်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ထံ ဘက်ပြောင်းခိုလှုံလာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။