Connect with us

Hi, what are you looking for?

သတင်း

ပုလဲမြို့ပေါ်တွင် စစ်ကောင်စီတပ်အား မိုင်းဆွဲတိုက်ခိုက်ရာ နှစ်ဦးသေဟုဆို

စစ်ဆင်ရေးအား မိုးကြိုးပြောက်ကျားတပ်ဖွဲ့၊ အမှတ် (၂၀၂)တပ်ရင်း M7 People’s Defense Force၊ မုဆိုးလေးတပ်ဖွဲ့နှင့် တိုက်နယ်(၇) တို့ပါဝင်သည့် ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲဘော်များ အထိ အခိုက်မရှိဟု ဆိုသည်။

(M7 People's Defense Force အဖွဲ့ဝင် ရဲဘော် များအား တွေ့ရစဥ်။ ဓာတ်ပုံ-M7 PDF)
(M7 People's Defense Force အဖွဲ့ဝင် ရဲဘော် များအား တွေ့ရစဥ်။ ဓာတ်ပုံ-M7 PDF)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့မရဲစခန်းမှ ထွက်လာသော စစ်ကောင်စီတပ်သားများအား မိုင်းဆွဲတိုက်ခိုက်ရာ နှစ်ဦးသေဆုံးကြောင်း M7 People’s Defense Force အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့ (မေလ ၂၉ရက်) နံနက် ၉နာရီခွဲခန့်က ပုလဲမြို့ မြို့မရဲစခန်းမှ မြို့အတွင်းသို့ ကင်းပတ်ရန် ခြေလျင်ထွက်လာသည့် အင်အား ၂၀ခန့်ပါ စစ်ကောင်စီတပ်သားများအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သားနှစ်ဦးသေဆုံးပြီး ခုနစ်ဦးပြင်းထန်ဒဏ်ရာရရှိကြောင်းကို ညနေပိုင်းတွင် အတည်ပြုနိုင်ခဲ့ကြောင်း အဆိုပါအဖွဲ့က အသိပေးသည်။

စစ်ဆင်ရေးအား မိုးကြိုးပြောက်ကျားတပ်ဖွဲ့၊ အမှတ် (၂၀၂)တပ်ရင်း M7 People’s Defense Force၊ မုဆိုးလေးတပ်ဖွဲ့နှင့် တိုက်နယ်(၇) တို့ပါဝင်သည့် ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲဘော်များ အထိ အခိုက်မရှိဟု ဆိုသည်။

“ရဲစခန်းကနေ အနောက်ဘက်တံတားဘက် မြို့ပြင်နားအထွက်မှာ မိုင်းခင်းလိုက်တာ။ မြို့ကလည်း လူတွေက မြို့ပျက်လိုဖြစ်နေတော့ အပြင်သိပ်မထွက်ဘူးဗျ။ ရှေ့ထွက်မိုင်း ၅လုံးဆွဲတာ။ ခုကတော့ သူတို့မထွက်တော့ဘူး။ ပြန်ဝင်သွားတာ”ဟု M7 People’s Defense Force အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

သို့သော် ထိခိုက်သေဆုံးသူများအား အန်စာတုံးကားဖြင့် လာရောက်သယ်ဆောင်သွားကြောင်း ပုလဲဒေသခံတစ်ဦးက ပြောသည်။

“မြို့ပေါ်ကတော့ ဒီတိုင်းပါပဲ။ စဖြစ်တုန်းက တော့လျှောက်ပစ်တာတော့ရှိတာပေါ့”ဟု ဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် မေလ ၁၀ ရက် ညပိုင်းကလည်းပုလဲမြို့မရဲစခန်း၊ မြို့နယ်ထွေအုပ်ရုံးနှင့် ကန့်ဒေါင့်ရဲစခန်း တို့ကို တော်လှန်ရေးအင်အားစုများက တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။