Connect with us

Hi, what are you looking for?

သတင်း

ချပ်သင်းရွာတွင်တပ်စွဲထား​​သော စစ်တပ်ကင်းစခန်းများကို​တော်လှန်​ရေးအင်အားစုများတိုက်ခိုက်

ချပ်သင်းရွာဒေသခံတစ်ဦးအား People’s Spring က ဆက်သွယ်မေးမြန်းရာ စစ်ကောင်စီတပ်သည် ရွာထဲတွင် အရပ်သားများအား အကာအကွယ်ယူ‌ပြီး တပ်စွဲထားခြင်းဖြစ်သည်ဟုပြောသည်။

ချပ်သင်းရွာတွင်တပ်စွဲထား​​သော စစ်တပ်ကင်းစခန်းများကို​တော်လှန်​ရေးအင်အားစုများတိုက်ခိုက်
ချပ်သင်းရွာတွင်တပ်စွဲထား​​သော စစ်တပ်ကင်းစခန်းများကို​တော်လှန်​ရေးအင်အားစုများတိုက်ခိုက်

▪︎ကင်းစခန်းလေးခုတွင် သုံးခုကိုသိမ်းပိုက်ပြီး​နောက်စစ်တပ်ကတိုက်​လေယာဥ်ဖြင့်လာပစ်၍ကာကွယ်​ရေးတပ်များပြန်ဆုတ်

ကန့်ဘလူမြို့နယ်၊ ချပ်သင်းကျေးရွာတွင် အထိုင်ချထားသည့် စစ်ကောင်စီစခန်းကင်းစခန်း လေးခုကိုယမန်နေ့(ဇွန်လ ၂ရက်)တွင် ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုက တိုက်ခိုက်ခဲ့ရာ စခန်းသုံးခုကို သိမ်းယူနိုင်ခဲ့ကြောင်း ​တော်လှန်​ရေးအင်အားစုများက​ပြောသည်။

ချပ်သင်းကျေးရွာရှိစစ်ကောင်စီတပ်စခန်းကင်းစခန်းလေးခုကို ကောလင်း၊ကန့်ဘလူ နှင့်ကျွန်းလှပကဖ(ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့) တပ်ဖွဲ့ဝင်များနှင့် မဟာမိတ်များက ဇွန်လ ၂ ရက် နံနက်မှ ညနေအထိ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ကောလင်းမြို့နယ် ပကဖ တာဝန်ရှိသူတစ်ဦးကပြောသည်။

“တစ်နေကုန်အောင် တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ခဲ့တာပါ။ ကာကွယ်ရေးရဲဘော်နှစ်ဦး ကျဆုံးခဲ့ပါတယ်။ ပွိုင့် လေးခုမှာ သုံးခုအထိ သိမ်းနိုင်ခဲ့တယ်။ စစ် – တွေဘက်က အထိအခိုက်များပါတယ်။ စာရင်းတော့ မသိရပါဘူး”ဟု ကောလင်းမြို့နယ် ပကဖ တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်သည် ကင်စခန်းသုံးခုသိမ်းယူခံရပြီးနောက် လေကြောင်းမှ ဂျက်ဖိုက်တာဖြင့် လာရောက်တိုက်ခိုက်ခဲ့သောကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်များပြန်လည် ဆုတ်ခွာခဲ့ရသည်ဟု ၎င်းကဆက်​ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ တိုက်ပွဲနှင့် ပတ်သက်၍ စစ်ကောင်စီဝါဒဖြန့်သတင်းဌာနများက ထုတ်ပြန်ရာတွင် ချပ်သင်းရွာပတ်ချာလည်ကို PDF များက ပိတ်ဆို့ထား၍ အခက်တွေ့ရကြောင်း ဒေသခံများက ပြောသည်ဟု ရေးသားထားသည်။

ချပ်သင်းရွာဒေသခံတစ်ဦးအား People’s Spring က ဆက်သွယ်မေးမြန်းရာ စစ်ကောင်စီတပ်သည် ရွာထဲတွင် အရပ်သားများအား အကာအကွယ်ယူ‌ပြီး တပ်စွဲထားခြင်းဖြစ်သည်ဟုပြောသည်။

“စစ်တပ်ကရွာထဲမှာစခန်းလေးခုထိုင်ထားတယ်။ ရွာခံတွေကို ကာဗာယူထားတယ်။ အပြင်ထွက်ခွင့်ကို တော်တော်လေး တင်းကျပ်တယ်။ ရွာပြင်မှာက ကာကွယ်ရေးရဲဘော်တွေ ရှိတာဟုတ်တယ်။ ကာကွယ်ရေးရဲဘော်တွေက အရပ်သားကို ဒုက္ခမပေးဘူး”ဟု ပြောသည်။

ချပ်သင်းရွာသည် ကျွန်းလှ၊ ကန့်ဘလူနှင့် ကောလင်းမြို့တို့ ထိစပ်နေသော ချပ်သင်းဘေးမဲ့တော တည်ရှိသည့် ရွာဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့မှာ ကြံ့ခိုင်ရေးပါတီအမတ်ဟောင်းနဲ့ စစ်တပ်ပေါင်းပြီး ဒေသခံ ၁၁ဦးကို စစ်သားစုဆောင်းဖို့ ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

သုံးပတ်အတွင်းစစ်တပ်ကြောင့် ရခိုင်မှာ​ပြည်သူ ၉ဦး​ သေဆုံးပြီး ၁၇ ဦးဒဏ်ရာရ

သတင်း

အင်းတော်ဗုံးကြဲခံရမှုသေဆုံးသူငါးဦးရှိလာ

Facebook