Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ချပ်သင်းရွာတွင်တပ်စွဲထား​​သော စစ်တပ်ကင်းစခန်းများကို​တော်လှန်​ရေးအင်အားစုများတိုက်ခိုက်

ချပ်သင်းရွာဒေသခံတစ်ဦးအား People’s Spring က ဆက်သွယ်မေးမြန်းရာ စစ်ကောင်စီတပ်သည် ရွာထဲတွင် အရပ်သားများအား အကာအကွယ်ယူ‌ပြီး တပ်စွဲထားခြင်းဖြစ်သည်ဟုပြောသည်။

ချပ်သင်းရွာတွင်တပ်စွဲထား​​သော စစ်တပ်ကင်းစခန်းများကို​တော်လှန်​ရေးအင်အားစုများတိုက်ခိုက်
ချပ်သင်းရွာတွင်တပ်စွဲထား​​သော စစ်တပ်ကင်းစခန်းများကို​တော်လှန်​ရေးအင်အားစုများတိုက်ခိုက်

▪︎ကင်းစခန်းလေးခုတွင် သုံးခုကိုသိမ်းပိုက်ပြီး​နောက်စစ်တပ်ကတိုက်​လေယာဥ်ဖြင့်လာပစ်၍ကာကွယ်​ရေးတပ်များပြန်ဆုတ်

ကန့်ဘလူမြို့နယ်၊ ချပ်သင်းကျေးရွာတွင် အထိုင်ချထားသည့် စစ်ကောင်စီစခန်းကင်းစခန်း လေးခုကိုယမန်နေ့(ဇွန်လ ၂ရက်)တွင် ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုက တိုက်ခိုက်ခဲ့ရာ စခန်းသုံးခုကို သိမ်းယူနိုင်ခဲ့ကြောင်း ​တော်လှန်​ရေးအင်အားစုများက​ပြောသည်။

ချပ်သင်းကျေးရွာရှိစစ်ကောင်စီတပ်စခန်းကင်းစခန်းလေးခုကို ကောလင်း၊ကန့်ဘလူ နှင့်ကျွန်းလှပကဖ(ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့) တပ်ဖွဲ့ဝင်များနှင့် မဟာမိတ်များက ဇွန်လ ၂ ရက် နံနက်မှ ညနေအထိ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ကောလင်းမြို့နယ် ပကဖ တာဝန်ရှိသူတစ်ဦးကပြောသည်။

“တစ်နေကုန်အောင် တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ခဲ့တာပါ။ ကာကွယ်ရေးရဲဘော်နှစ်ဦး ကျဆုံးခဲ့ပါတယ်။ ပွိုင့် လေးခုမှာ သုံးခုအထိ သိမ်းနိုင်ခဲ့တယ်။ စစ် – တွေဘက်က အထိအခိုက်များပါတယ်။ စာရင်းတော့ မသိရပါဘူး”ဟု ကောလင်းမြို့နယ် ပကဖ တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်သည် ကင်စခန်းသုံးခုသိမ်းယူခံရပြီးနောက် လေကြောင်းမှ ဂျက်ဖိုက်တာဖြင့် လာရောက်တိုက်ခိုက်ခဲ့သောကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်များပြန်လည် ဆုတ်ခွာခဲ့ရသည်ဟု ၎င်းကဆက်​ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ တိုက်ပွဲနှင့် ပတ်သက်၍ စစ်ကောင်စီဝါဒဖြန့်သတင်းဌာနများက ထုတ်ပြန်ရာတွင် ချပ်သင်းရွာပတ်ချာလည်ကို PDF များက ပိတ်ဆို့ထား၍ အခက်တွေ့ရကြောင်း ဒေသခံများက ပြောသည်ဟု ရေးသားထားသည်။

ချပ်သင်းရွာဒေသခံတစ်ဦးအား People’s Spring က ဆက်သွယ်မေးမြန်းရာ စစ်ကောင်စီတပ်သည် ရွာထဲတွင် အရပ်သားများအား အကာအကွယ်ယူ‌ပြီး တပ်စွဲထားခြင်းဖြစ်သည်ဟုပြောသည်။

“စစ်တပ်ကရွာထဲမှာစခန်းလေးခုထိုင်ထားတယ်။ ရွာခံတွေကို ကာဗာယူထားတယ်။ အပြင်ထွက်ခွင့်ကို တော်တော်လေး တင်းကျပ်တယ်။ ရွာပြင်မှာက ကာကွယ်ရေးရဲဘော်တွေ ရှိတာဟုတ်တယ်။ ကာကွယ်ရေးရဲဘော်တွေက အရပ်သားကို ဒုက္ခမပေးဘူး”ဟု ပြောသည်။

ချပ်သင်းရွာသည် ကျွန်းလှ၊ ကန့်ဘလူနှင့် ကောလင်းမြို့တို့ ထိစပ်နေသော ချပ်သင်းဘေးမဲ့တော တည်ရှိသည့် ရွာဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကော့ကရိတ်မြို့အကျော် တတန်းကူးနှင့် ရွာသစ်ကုန်းကျေးရွာအကျော်ရှိ ဒေါနတောင်ပေါ် မွေးမြူရေးဇုန်အနီးတွင် အောင်ဇေယျစစ်ကြောင်းက ရှေ့တိုး၊နောက်ဆုတ်လုပ်နေသည်ဟု SOG စစ်ကြောင်းမှူး ကိုဇော်အောင်က ပြောသည်။

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။