Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ခွေးသားစားတာကို ဥပဒေအရ ပိတ်ပင်ဖို့ တောင်ကိုရီးယား သမ္မတ လိုလား

လူနည်းစုလောက်ပဲ ခွေးသားစားတယ် ဆိုတာတောင် တောင်ကိုရီးယားမှာ တစ်နှစ်ကို ခွေးအကောင်ရေ တစ်သန်းလောက် သတ်ဖြတ် ခံနေရတယ်လို့ တိရစ္ဆာန် အခွင့်အရေး စောင့်ကြည့်မှု အဖွဲ့တွေက ခန့်မှန်းထားပါတယ်။

ခွေးသားစားတာကို ဥပဒေ ပြဋ္ဌာန်း ပိတ်ပင်ဖို့ တောင်ကိုရီးယား သမ္မတ မွန်းဂျေအင်းကို လိုလားနေကြောင်း သိရပါတယ်။

ရှေးခေတ် ကိုရီးယား လူမျိုးတွေမှာ ခွေးသားကို ဟင်းလျာအဖြစ် ချက်ပြုတ် စားသောက်တာမျိုး ရှိခဲ့ပေမယ့် မျက်မှောက်ခေတ် တောင်ကိုရီးယား နိုင်ငံသား အများစုက ခွေးသား လုံးဝ မစားဖူးကြပါဘူး။ ပြည်တွင်းမှာ ခွေးသား ချက်ပြုတ် ရောင်းချတာ၊ စားသုံးတာ အနည်းအကျဉ်း ကျန်နေပြီး ဒီအခြေအနေကို အတိအလင်း ပိတ်ပင်ဖို့ တောင်းဆိုမှုတွေလည်း ရှိနေပါတယ်။

လူနည်းစုလောက်ပဲ ခွေးသားစားတယ် ဆိုတာတောင် တောင်ကိုရီးယားမှာ တစ်နှစ်ကို ခွေးအကောင်ရေ တစ်သန်းလောက် သတ်ဖြတ် ခံနေရတယ်လို့ တိရစ္ဆာန် အခွင့်အရေး စောင့်ကြည့်မှု အဖွဲ့တွေက ခန့်မှန်းထားပါတယ်။

ဝန်ကြီးချုပ်နဲ့ အစည်းအဝေး လုပ်ချိန်မှာ မွန်းက ခွေးသားစားမှုကို ဥပဒေကြောင်းအရ ပိတ်ပင်ဖို့ ဘယ်အချိန်လောက်မှ ဖြစ်နိုင်မလဲလို့ မေးခွန်း ထုတ်သွားပါတယ်။ မွန်းဟာ ခွေးချစ်သူ တစ်ယောက်လို့ လူသိများပေမယ့် ခွေးသားစားကြတဲ့ ကိစ္စနဲ့ ပတ်သက်လို့ အရင်က ဘာမှတ်ချက်မှ မပေးဘဲ လက်ရှောင်နေလေ့ ရှိသူပါ။

Public Service Announcement

Public Service Announcement

တောင်ကိုရီးယားမှာ ခွေးနဲ့ ကြောင်တွေကို ရက်စက်တဲ့ နည်းလမ်းတွေနဲ့ သတ်ဖြတ်ခြင်း မပြုရဘူးဆိုတဲ့ ဥပဒေ ရှိပေမယ့် ခွေးသားစားတာကိုတော့ ပိတ်ပင်မထားပါဘူး။ ပြည်တွင်းမှာ ခွေးသားစားမှု လျော့ကျလာတာကြောင့် ခွေးသားတွေ အဓိကရောင်းတဲ့ အဓိက စျေးကြီး သုံးခုလည်း ပိတ်လိုက်ရပါပြီ။

မနှစ်က ကောက်ခံတဲ့ စစ်တမ်း တစ်ရပ်အရ တောင်ကိုရီးယား ပြည်သူ ၈၄ ရာခိုင်နှုန်းက ခွေးသား လုံးဝ မစားဖူးကြောင်း ဖြေကြားခဲ့ပြီး ၅၉ ရာခိုင်နှုန်းက ခွေးသားစားတာကို ဥပဒေ ပြဋ္ဌာန်း တားမြစ်စေချင်ကြောင်း သိရပါတယ်။ အခု မွန်းရဲ့ မှတ်ချက်စကားအပေါ် တောင်ကိုရီးယား တိရစ္ဆာန် အခွင့်အရေး အဖွဲ့အစည်းတွေက ချီးကျူး ကြိုဆိုခဲ့ကြပါတယ်။ ခွေးသားတွေ ရောင်းချတယ် ဆိုတာက ကူးသန်းရောင်းဝယ်မှု မဟုတ်ဘဲ တိရစ္ဆာန် ညှင်းပန်းမှုသာ ဖြစ်တယ်လို့ တိရစ္ဆာန် အခွင့်အရေး လှုပ်ရှားတောင်းဆိုသူတွေက ပြောပါတယ်။

တောင်နဲ့မြောက် ကိုရီးယား နှစ်နိုင်ငံအပြင် တရုတ်၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ထိုင်း၊ ကမ္ဘောဒီးယားတို့လို အာရှနိုင်ငံတွေမှာ ခွေးသားစားတဲ့ အလေ့အထ စွဲကျန်နေဆဲ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့က လူလုပ်တူးမြောင်း တစ်ခုထဲ ရောက်နေတဲ့ ငါးမန်းတစ်ကောင်ကို လူပေါင်း သိန်းနဲ့ချီပြီး လာရောက် ကြည့်ရှုနေကြပါတယ်။

နိုင်ငံတကာ

တောင်ကိုရီးယားရဲ့ ပထမဆုံး ပြည်တွင်းဖြစ် တိုက်လေယာဉ်ဖြစ်တဲ့ KF-21 Boramaeရဲ့ ပထမဆုံး တစ်စီးကို အောင်အောင်မြင်မြင် ထုတ်လုပ်ပြီး လေတပ်ဆီ လွှဲအပ်ပေးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယား နျူကလီးယား လက်နက်တွေ ထုတ်လုပ်မှုကို မတားမြစ်ဘူးဆိုရင် နောင်တစ်ချိန် စျေးကွက်ထဲ အဲဒီလက်နက်တွေ ရောင်းချတဲ့ အန္တရာယ်မျိုး ဖြစ်လာနိုင်ကြောင်း တောင်ကိုရီးယား သမ္မတက သတိပေး ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

ကိုရီးယား နှစ်နိုင်ငံ နယ်စပ်မှာ ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့တာကြောင့် တောင်ကိုရီးယား စစ်တပ် အရာရှိ သုံး ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

Facebook