Connect with us

Hi, what are you looking for?

သတင်း

ကျောက်ကြီးမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးပစ်ခတ်၍ ပြည်သူနှစ်ဦး သေဆုံး

ကျောက်ကြီးမြို့နယ်တွင် ယခုရက်ပိုင်း စစ်ကောင်စီတပ်နှင့် KNU၊ PDF ပူးပေါင်းတပ်များကြား ထိတွေ့တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျှက်ရှိရာ နတ်သံကွင်းဒေသမှ ပြည်သူတစ်သောင်းကျော် ဘေးလွတ်ရာ ရှောင်တိမ်းနေကြရသည်။

(နတ်သံကွင်းမြို့အနီးဝန်းကျင်ရှိ စစ်​ဘေး​ရှောင်ပြည်သူများ။ ဓါတ်ပုံ-KNU)
(နတ်သံကွင်းမြို့အနီးဝန်းကျင်ရှိ စစ်​ဘေး​ရှောင်ပြည်သူများ။ ဓါတ်ပုံ-KNU)

ကျောက်ကြီးမြို့နယ် နတ်သံကွင်းအနီး ကျေးရွာများသို့ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းကြောင့် ပြည်သူနှစ်ဦးလက်နက်ကြီးထိမှန် သေဆုံးခဲ့​ရကြောင်း ဒေသခံပြည်သူများက People’s Spring သတင်းဌာနသို့ ပြောသည်။

ယမန်နေ့(ဇွန် ၉)ညနေပိုင်းက ကျောက်တံခါးမြို့နယ် အနန်းဘော်အုပ်စုအတွင်းရောက်ရှိနေသော စစ်ကောင်စီတပ်များက ကျောက်ကြီးမြို့နယ်ဘက်ရှိ နတ်သံကွင်းအနီး ကျေးရွာများသို့ လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ လက်နက်ကြီးပစ်ခတ်မှုများကြောင့် နတ်သံ ကွင်းအနီး အုန်းပင်အုပ်စုမှ ဒေသခံပြည်သူတစ်ဦး လက်နက်ကြီးကျည်ထိမှန်သေဆုံးခဲ့ရပြီး ဗောဓိကုန်ကျေးရွာဘက်မှ ပြည်သူတစ်ဦးလည်း အသက်ဆုံးရှုံးခဲ့ရကာ ၎င်းတို့နှစ်ဦး၏ ကိုယ်ရေးအချက်အလက်များအား အသေးစိပ် မသိရသေးပေ။

“(ထိခိုက်သေဆုံးသူများ)ကျောက်ကြီးမြို့နယ်ဘက်ကပါ။ သေတာပဲ သိရသေးတယ်။ အမည်၊ ဖြစ်စဥ် စတာတွေ မသိရသေးဘူး”ဟု ဒေသခံပြည်သူတစ်ဦးက People’s Spring သို့ ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ဇွန် ၈ ရက်ကလည်း နတ်သံကွင်းတောင်ဘက် တောကြောင်ပေါက်အထက်ရွာ ဝါးပင်စုသို့ စစ်ကောင်စီတပ်များ ရောက်လာပြီး ကျေးရွာအတွင်း နေအိမ်များအား မီးရှို့ဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ထို့နောက် စစ်ကောင်စီတပ်များသည် အနန်းဘော်အုပ်စုသို့ စစ်တောင်းမြစ်အတွင်း စစ်သုံးလှေများအသုံးပြု၍ ပြန်ထွက်သွားရာ မြစ်ကမ်းအနီးရှိ သစ်တဲ၊ ရွာသာယာ၊ အနန်းဘော်၊ ကွင်းချောင်းဝ၊ ညောင်ဝိုင်း၊ လက်ပံကုန်း ၊အုန္နဲပင် စသည့်ကျေးရွာများအနေဖြင့် စစ်တပ်နှင့် ဝေးရာသို့ ကြိုတင်ရှောင်ရှားကြရန်၊ ဗုံးခိုကျင်းများတူးထားရန် တော်လှန်ရေးအင်အားစုများက သတိပေးထားသည်။

ကျောက်ကြီးမြို့နယ်တွင် ယခုရက်ပိုင်း စစ်ကောင်စီတပ်နှင့် KNU၊ PDF ပူးပေါင်းတပ်များကြား ထိတွေ့တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျှက်ရှိရာ နတ်သံကွင်းဒေသမှ ပြည်သူတစ်သောင်းကျော် ဘေးလွတ်ရာ ရှောင်တိမ်းနေကြရသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့မှာ ကြံ့ခိုင်ရေးပါတီအမတ်ဟောင်းနဲ့ စစ်တပ်ပေါင်းပြီး ဒေသခံ ၁၁ဦးကို စစ်သားစုဆောင်းဖို့ ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

သုံးပတ်အတွင်းစစ်တပ်ကြောင့် ရခိုင်မှာ​ပြည်သူ ၉ဦး​ သေဆုံးပြီး ၁၇ ဦးဒဏ်ရာရ

သတင်း

အင်းတော်ဗုံးကြဲခံရမှုသေဆုံးသူငါးဦးရှိလာ

Facebook