Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးတွင် စစ်ကောင်စီတပ်နှင့်တိုက်ပွဲ ပြည်သူ့ရဲဘော်တစ်ဦး ကျဆုံး

ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်သည် ကျေးရွာ(၄၆)ရွာမှ နေအိမ် ၆,၀၀၀ခန့်အထိ မီးရှို့ဖျက်ဆီးခဲ့ပြီး မီးဘေးသင့်ပြည်သူ သုံးသောင်းကျော်အထိ ရှိလာ၍ အကူအညီများ လိုအပ်နေကြောင်း အဆိုပါအဖွဲ့က ပြောသည်။

(စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားသည့် ရေအေးကုန်းရွာအား တွေ့ရစဥ်။ ဓာတ်ပုံ - ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့)
(စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားသည့် ရေအေးကုန်းရွာအား တွေ့ရစဥ်။ ဓာတ်ပုံ - ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့)

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲအတွင်း ပြည်သူ့ရဲဘော်တစ်ဦးကျဆုံးခဲ့ရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ဇွန်လ ၉ရက်က ခင်ဦးမြို့နယ် ရေအေးကုန်းကျေးရွာ၌ ညအိပ်တပ်စွဲခဲ့ပြီး ဇွန်လ ၁၀ ရက် နံနက်တွင် ထွက်လာသော အင်အား ၁၀၀ကျော်ပါ စစ်ကောင်စီတပ်သည် သံဘိုကျေးရွာတောင်ဘက်တွင် မိုင်းထိပြီး ထိခိုက်သေဆုံးမှုများရှိကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

ထိုဖြစ်စဥ်တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှလည်း ရဲဘော်တစ်ဦး ကျဆုံးကာ နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသကာကွယ်ရေးရဲဘော်များက ပြောသည်။

“သူတို့မိုင်းခွဲခံလိုက်ရပြီး လက်နက်ကြီးဆက်တိုက်ပစ်တယ်။ လက်နက်ကြီးက သုံးယောက်နားကိုကျတာ။ အဲဒီမှာရဲဘော်တွေ ထိတာပါ။ သူတို့ဘက်ကတော့ ကျတာကအပြုံလိုက်ကြီးကိုကျတာ။”ဟု ဒေသခံကာကွယ်ရေးရဲဘော်တစ်ဦးဖြစ်သူ ကိုနေသူရက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

မိုင်းထိပြီးနောက် စစ်ကောင်စီတပ်သည် ရေအေးကုန်းရွာရှိ နေအိမ် လေးလုံးနှင့် စာသင်ကျောင်းဆောင်တစ်ဆောင်ကို မီးရှို့ဖျက်ဆီးပြီး နွား ခုနစ်ကောင်ကိုလည်း ပစ်သတ်ပြိးနောက် နွားအကောင် ၇၀ ကျော်ကို ဖိုလ်ကုန်း ပျူစောထီးရွာသို့ မောင်းသွားခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

အဆိုပါ စစ်ကြောင်းသည် ခင်ဦးမြို့နယ်အတွင်း ဇွန်၁ရက်ကစ၍ စစ်ကြောင်းထိုးနေကာ ပြီးခဲ့သည့် ဇွန်လ၆ရက်ကလည်း မိုးနတ်ကျေးရွာမှ နေအိမ် ခုနစ်လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့သေးသည်။

ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်သည် ကျေးရွာ(၄၆)ရွာမှ နေအိမ် ၆,၀၀၀ခန့်အထိ မီးရှို့ဖျက်ဆီးခဲ့ပြီး မီးဘေးသင့်ပြည်သူ သုံးသောင်းကျော်အထိ ရှိလာ၍ အကူအညီများ လိုအပ်နေကြောင်း အဆိုပါအဖွဲ့က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။