Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးတွင် စစ်ကောင်စီတပ်နှင့်တိုက်ပွဲ ပြည်သူ့ရဲဘော်တစ်ဦး ကျဆုံး

ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်သည် ကျေးရွာ(၄၆)ရွာမှ နေအိမ် ၆,၀၀၀ခန့်အထိ မီးရှို့ဖျက်ဆီးခဲ့ပြီး မီးဘေးသင့်ပြည်သူ သုံးသောင်းကျော်အထိ ရှိလာ၍ အကူအညီများ လိုအပ်နေကြောင်း အဆိုပါအဖွဲ့က ပြောသည်။

(စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားသည့် ရေအေးကုန်းရွာအား တွေ့ရစဥ်။ ဓာတ်ပုံ - ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့)
(စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားသည့် ရေအေးကုန်းရွာအား တွေ့ရစဥ်။ ဓာတ်ပုံ - ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့)

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲအတွင်း ပြည်သူ့ရဲဘော်တစ်ဦးကျဆုံးခဲ့ရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ဇွန်လ ၉ရက်က ခင်ဦးမြို့နယ် ရေအေးကုန်းကျေးရွာ၌ ညအိပ်တပ်စွဲခဲ့ပြီး ဇွန်လ ၁၀ ရက် နံနက်တွင် ထွက်လာသော အင်အား ၁၀၀ကျော်ပါ စစ်ကောင်စီတပ်သည် သံဘိုကျေးရွာတောင်ဘက်တွင် မိုင်းထိပြီး ထိခိုက်သေဆုံးမှုများရှိကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

ထိုဖြစ်စဥ်တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှလည်း ရဲဘော်တစ်ဦး ကျဆုံးကာ နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသကာကွယ်ရေးရဲဘော်များက ပြောသည်။

“သူတို့မိုင်းခွဲခံလိုက်ရပြီး လက်နက်ကြီးဆက်တိုက်ပစ်တယ်။ လက်နက်ကြီးက သုံးယောက်နားကိုကျတာ။ အဲဒီမှာရဲဘော်တွေ ထိတာပါ။ သူတို့ဘက်ကတော့ ကျတာကအပြုံလိုက်ကြီးကိုကျတာ။”ဟု ဒေသခံကာကွယ်ရေးရဲဘော်တစ်ဦးဖြစ်သူ ကိုနေသူရက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

မိုင်းထိပြီးနောက် စစ်ကောင်စီတပ်သည် ရေအေးကုန်းရွာရှိ နေအိမ် လေးလုံးနှင့် စာသင်ကျောင်းဆောင်တစ်ဆောင်ကို မီးရှို့ဖျက်ဆီးပြီး နွား ခုနစ်ကောင်ကိုလည်း ပစ်သတ်ပြိးနောက် နွားအကောင် ၇၀ ကျော်ကို ဖိုလ်ကုန်း ပျူစောထီးရွာသို့ မောင်းသွားခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

အဆိုပါ စစ်ကြောင်းသည် ခင်ဦးမြို့နယ်အတွင်း ဇွန်၁ရက်ကစ၍ စစ်ကြောင်းထိုးနေကာ ပြီးခဲ့သည့် ဇွန်လ၆ရက်ကလည်း မိုးနတ်ကျေးရွာမှ နေအိမ် ခုနစ်လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့သေးသည်။

ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်သည် ကျေးရွာ(၄၆)ရွာမှ နေအိမ် ၆,၀၀၀ခန့်အထိ မီးရှို့ဖျက်ဆီးခဲ့ပြီး မီးဘေးသင့်ပြည်သူ သုံးသောင်းကျော်အထိ ရှိလာ၍ အကူအညီများ လိုအပ်နေကြောင်း အဆိုပါအဖွဲ့က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

အင်းတော်-ဝန်းသိုလမ်းပိုင်းမှာ​ အောက်တိုဘာ ၂၉ ရက်​နေ့ကဖြစ်ပွားတဲ့တိုက်ပွဲအတွင်း စစ်တပ်ကသေဆုံးထိခိုက်သူများပြီးပြန်ဆုတ်​ပြေးသွားရကာ PDF ​တွေကလက်နက်ခဲယမ်း အများအပြားသိမ်းဆည်းနိုင်ခဲ့ပါတယ်။

သတင်း

စစ်ကြောင်းမှူးဒဏ်ရာရပြီး စစ်တပ်စစ်ကြောင်းပျက် ဆုတ်ခွာထွက်ပြေးသွား

သတင်း

ဗန်းမော်မြို့အနီးမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ပူးပေါင်းတပ်တွေက စစ်ရေးအရှိန်မြှင့်ထားစဉ် မိုးမိတ်မြို့အနီးမှာလည်း တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် စစ်တပ်ရဲ့ အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်-စကခ(၂၁)ရဲ့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မိုးစိန်းကျွန်းကို သိမ်းပိုက်နိုင်ဖို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနရဲ့ အောက်တိုဘာ ၂၈ရက် သတင်းဖော်ပြပါတယ်။