Connect with us

Hi, what are you looking for?

သတင်း

ဖာပွန်ခရိုင်၌ သုံးရက်အတွင်းတိုက်ပွဲ ၁၀ကြိမ်ဖြစ်၊ စစ်ကောင်စီတပ် ခုနစ်ဦးသေဟု KNU တပ်မဟာ(၅) အသိပေး

KNU တပ်မဟာ(၅)နယ်မြေတွင် စစ်ကောင်စီ တပ်စစ်ကြောင်းများ၊ ထောက်ပို့ယာဉ်များ၊ တပ်စခန်းများကို တပ်မဟာ(၅)က တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်။

(ကရင်အမျိုးသားအစည်းအရုံး(KNU)မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - KIC)
(ကရင်အမျိုးသားအစည်းအရုံး(KNU)မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - KIC)

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်တွင် သုံးရက်အတွင်း တိုက်ပွဲ ၁၀ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိခဲ့ကြောင်း တပ်မဟာ(၅)က ယနေ့ သတင်းထုတ်ပြန်သည်။

ဇွန်လ ၄ရက်မှ ၆ရက်အတွင်း စစ်ကောင်စီတပ်သားများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၅)တပ်ဖွဲ့ဝင်များက ကြားဖြတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီရှေ့တန်းတပ်စခန်းများအတွက်စားနပ်ရိက္ခာလာရောက်ပို့ဆောင်သည့် စစ်ကောင်စီတပ်ကို ဇွန်လ ၆ရက်တွင် တပ်မဟာ(၅)က ခြောက်ကြိမ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။

လူသောမြို့နယ်၊ ဘလားလူဒေသတွင်တစ်ကြိမ်နှင့် ဟော်ဂေါ်ထာတွင်တစ်ကြိမ်၊ ဖလတ်ခိုဒေသတွင်တစ်ကြိမ်နှင့် တာဃော်လူတွင်တစ်ကြိမ်၊ ဒွယ်လိုးမြို့နယ်အတွင်းရှိ ဖားလုန်းဒိုနှင့် ထီးကဆော်မဲတွင်နှစ်ကြိမ်ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သုံးဦး သေဆုံးခဲ့ကြောင်းဖော်ပြသည်။

Public Service Announcement

Public Service Announcement

အဆိုပါတိုက်ခိုက်မှုအတွင်း ရိက္ခာတင်ကားတစ်စီးနှင့် မြင်းလား လေးကောင်သုတ်သင်ချေမှုန်းနိုင်ခဲ့ကြောင်း အသိပေးသည်။

ဇွန်လ ၅ရက်ကလည်း ဘူးသိုမြို့နယ်အတွင်းရှိ ကောကော်ထာတွင်တစ်ကြိမ်၊ လူသောမြို့နယ်အတွင်းရှိ မောလူခေးပူတွင်တစ်ကြိမ်နှင့် တာဃော်လူ တကွီးကျိုးတွင် တစ်ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးခဲ့ကြောင်း ထုတ်ပြန်သည်။

ဇွန်လ ၄ရက်တွင် ဒွယ်လိုးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စွဲရာ မယ်ဝေစခန်းအား ဝင်ရောက်တိုက်ခိုက်ရာတွင် စစ်ကောင်စီဖက်မှ တစ်ဉီးသေဆုံးကာ တစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

သုံးရက်အတွင်း တိုက်ပွဲ ၁၀ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ခုနစ်ဦး သေဆုံးပြီး မြင်းလားတစ်ကောင်နှင့် ရိက္ခာတင်မော်တော်ယဉ်တစ်စီး ဖျက်ဆီးနိုင်ခဲ့ကြောင်း ထုတ်ပြန်သည်။

အဆိုပါတိုက်ခိုက်မှုများအတွင်း တပ်မဟာ(၅)ဘက်က ထိခိုက်မှုမရှိဟု အသိပေးထားသည်။

KNU တပ်မဟာ(၅)နယ်မြေတွင် စစ်ကောင်စီ တပ်စစ်ကြောင်းများ၊ ထောက်ပို့ယာဉ်များ၊ တပ်စခန်းများကို တပ်မဟာ(၅)က တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။