Connect with us

Hi, what are you looking for?

သတင်း

ဖာပွန်ခရိုင်တွင် ယခုလဝက်အတွင်းတိုက်ပွဲများတွင် စစ်ကောင်စီတပ် ၂၀ သေ ဟု KNU တပ်မဟာ(၅)ထုတ်ပြန်

ဇွန်လနှစ်ပတ်တာအတွင်း စစ်ကောင်စီတပ်စခန်းများအား ပြောက်ကျားစစ်ဖြင့် (၃၁)ကြိမ်ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။

(ကရင်အမျိုးသားအစည်းအရုံး(KNU)မှ တပ်သားများအား တွေ့ရစဥ်။ ဓာတ်ပုံ - KNU)
(ကရင်အမျိုးသားအစည်းအရုံး(KNU)မှ တပ်သားများအား တွေ့ရစဥ်။ ဓာတ်ပုံ - KNU)

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင်၌ ယခုလဝက်အတွင်း တိုက်ပွဲပေါင်း ၃၀ကျော်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ၂၀ဦးသေဆုံးပြီး ဒဏ်ရာရသူများရှိခဲ့ကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၅)က သတင်းထုတ်ပြန်သည်။

ဇွန်လနှစ်ပတ်တာအတွင်း စစ်ကောင်စီတပ်စခန်းများအား ပြောက်ကျားစစ်ဖြင့် (၃၁)ကြိမ်ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။

ယင်းတိုက်ပွဲများ၌ KNLA တပ်မဟာ(၅) စစ်သည်တော်များ အသက်ဆုံးရှုံးခြင်း ထိခိုက်ဒဏ်ရာအနာတရ ရရှိခြင်းတစ်ဦးတစ်ယောက်မျှမရှိခဲ့ကြောင်းလည်း အသိပေးထားသည်။

စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ အမှတ်(၅)တပ်မဟာလက်အောက်ရှိ တပ်ရင်း၊ တပ်ခွဲများအကြား နေ့စဉ်နှင့်အမျှတိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ပြီးခဲ့သည့် မေလအတွင်းကလည်း KNU ဖာပွန်ခရိုင် တပ်မဟာ(၅)နယ်မြေ၌ တိုက်ပွဲ ၂၀၀ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီနှင့် ၎င်း၏ လက်အောက်ခံ နယ်ခြားစောင့်တပ်မှ တပ်ဖွဲ့ဝင် ၁၂၂ဦး သေဆုံးကာ ၄၈ဦး ဒဏ်ရာရခဲ့ပြီး သေဆုံးသူများတွင် အရာရှိအချို့ပါဝင်ကြောင်း ထုတ်ပြန်ထားသည်။

ထို့အပြင် မေလတိုက်ပွဲများ၌ စစ်ကောင်စီထောက်ပို့ယာဉ် ၆စီးနှင့် မြင်းလား ၆ကောင်ကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့သည်ဟု ဆိုသည်။ မေလအတွင်း တပ်မဟာ(၅)ဘက်က ရဲဘော် နှစ်ဦး ကျဆုံးကာ ၁၀ဦး ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။