Connect with us

Hi, what are you looking for?

သတင်း

ဆားတောင်တွင်သုံးရက်ဆက် တိုက်ပွဲဖြစ် ၊စစ်ကောင်စီတပ် အထိအခိုက်များဟုဆို

ဇွန်လ ၁၃ ရက်မှ ၁၅ ရက်အထိ သုံးရက်အတွင်း စစ်ကောင်စီတပ်နှင့် စစ်ကိုင်းမြို့နယ်၊ဆားတောင်မြို့အနောက်ဘက်၊ ပေါက်မတောင်ရွာနှင့် သာဇင်ကျေးရွာအနီးတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

(တိုက်ပွဲအတွင်း ပစ်ခတ်နေသည့် ရဲဘော်တစ်ဦးအား တွေ့ရစဉ်။ ဓာတ်ပုံ-CJ)
(တိုက်ပွဲအတွင်း ပစ်ခတ်နေသည့် ရဲဘော်တစ်ဦးအား တွေ့ရစဉ်။ ဓာတ်ပုံ-CJ)

စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့အနီးတွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်းတော်လှန်ရေးအဖွဲ့များ သုံးရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားရာ စစ်အုပ်စုအထိအခိုက်များကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။

ဇွန်လ ၁၃ ရက်မှ ၁၅ ရက်အထိ သုံးရက်အတွင်း စစ်ကောင်စီတပ်နှင့် စစ်ကိုင်းမြို့နယ်၊ဆားတောင်မြို့အနောက်ဘက်၊ ပေါက်မတောင်ရွာနှင့် သာဇင်ကျေးရွာအနီးတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

အဆိုပါတိုက်ပွဲများတွင် စစ်ကောင်စီဘက်က ၂၀ကျော်သေဆုံးပြီး စစ်ကြောင်းမှူးတစ်ဦးလည်းပါဝင်သည်ဟု Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ပြောသည်။

တော်လှန်ရေးအင်အားစုများဘက်ကလည်း ရဲဘော် ခြောက်ဦး မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့ကြောင်း ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

သို့သော် စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

Public Service Announcement
Public Service Announcement

“မနေ့ကထိတွေ့မှုက ခုနစ်ကောင်လောက်ကျတာမြင်လိုက်တယ်။ ၂၀ လောက်ထိခိုက်ဒဏ်ရာရတယ်။ ဒီကနေ့မနက်တော့ သူတို့မထွက်သေးဘူး။ ပေါက်မ လေးရွာထဲမှာ ဖြန့်ပြီးတော့နေနေတယ်။ ဆေးကုနေတယ်လို့သတင်းရတယ်။”ဟု စစ်ကိုင်းခရိုင်တပ်ရင်း(၁) တပ်ရင်းမှူး ဗိုလ်ယက္ခက ပြောကြားသည်။

အဆိုပါစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေး တပ်မတော် မြင်းခြံခရိုင် တပ်ရင်း (၇)Zero ပြောက်ကျားတပ်ဖွဲ့၊ ကျောက်ဆည်ခရိုင်တပ်ရင်း (၁) နဂါးနီတပ်ရင်း၊ စစ်ကိုင်းခရိုင်တပ်ရင်း(၁)နှင့် ဆားတောင်မိုးကြိုး LPDFအဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယင်းစစ်ကြောင်းသည် ဇွန်လ၉ ရက်မှစတင်ကာ ဝက်လက်နယ်မှ စစ်ကိုင်းမြို့နယ်သို့ကူးလာခြင်းဖြစ်ပြီး ဆားတောင်နယ်ရှိ ကျေးရွာများမှ နေအိမ်ရာချီ မီးရှို့ဖျက်ဆီးထားသည်။

သာဇင်ကျေးရွာမှာ အများဆုံးမီးရှို့ခံထားရပြီး နေအိမ် ၆၀၀ ကျော်မီးလောင်ပြာကျကာ အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။

ဇွန်လ ၆ ရက်က Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးနှင့်အဖွဲ့များ ဆားတောင်မြို့ပေါ်တက်၍လှည့်လည်ခဲ့ပြီးနောက်ပိုင်း စစ်အုပ်စုက ဆားတောင်နယ်ရှိ ကျေးရွာများအား စစ်ကြောင်းထိုးဖျက်ဆီးသဖြင့် တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့တပ်မတော်(CPA)ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ကြောင်း CPU/CPAက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။