Connect with us

Hi, what are you looking for?

သတင်း

ဆားတောင်မြို့တွင်းကို Zero ပြောက်ကျားတပ်အဖွဲ့သားများ လက်နက်များဖြင့်လှည့်လည် ဈေးဝယ်

ပြည်သူများသည် အာဏာသိမ်းပြီးကတည်းက နှစ်နှစ်ကျော်ကာလအတွင်း စစ်ကောင်စီတပ်အား ကြောက်ရွံစိုးရိမ်နေရ၍ အားပေးလိုသောကြောင့် မြို့ပေါ်တက်ရောက်ပြခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

(Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်ကိုသက်ကြီးနှင့်ရဲဘော်များ ဆားတောင်မြို့တွင်း လှည့်လည်ခဲ့စဥ်။ ဓာတ်ပုံ-Zero)
(Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်ကိုသက်ကြီးနှင့်ရဲဘော်များ ဆားတောင်မြို့တွင်း လှည့်လည်ခဲ့စဥ်။ ဓာတ်ပုံ-Zero)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ရွှေဘို – မန္တလေးလမ်းမကြီးပေါ်ရှိ ဆားတောင်မြို့တွင်းကို Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်နှင့်အဖွဲ့သားများက လက်နက်များဖြင့် လှည့်လည်ခဲ့ကြကြောင်း အဆိုပါအဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၆ ရက်က ဆားတောင်မြို့ပေါ်သို့ Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်ကိုသက်ကြီးနှင့် ရဲဘော်များ လက်နက်များကိုင်ဆောင်ကာ လှည့်လည်ပြီး ပြည်သူများအား နူတ်ဆက်ကာ စျေးဝယ်ခဲ့ကြောင်း ခေါင်းဆောင် ကိုသက်ကြီးက ပြောသည်။

(Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်ကိုသက်ကြီးနှင့်ရဲဘော်များ ဆားတောင်မြို့တွင်း လှည့်လည်ခဲ့စဥ်။ ဓာတ်ပုံ-Zero)
(Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်ကိုသက်ကြီးနှင့်ရဲဘော်များ ဆားတောင်မြို့တွင်း လှည့်လည်ခဲ့စဥ်။ ဓာတ်ပုံ-Zero)

ပြည်သူများသည် အာဏာသိမ်းပြီးကတည်းက နှစ်နှစ်ကျော်ကာလအတွင်း စစ်ကောင်စီတပ်အား ကြောက်ရွံစိုးရိမ်နေရ၍ အားပေးလိုသောကြောင့် မြို့ပေါ်တက်ရောက်ပြခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

“ကျွန်တော်တို့ဘယ်လောက်အထိလုပ်နိုင်ခဲ့ပြီ၊ ဘယ်လောက်အထိလုပ်လာခဲ့ပြီ၊ ဘယ်လောက်အထိဆက်လုပ်သွားမယ်ဆိုတာကို ပြည်သူတွေကို ပြချင်လို့ မြို့ပေါ်ကို တက်ရောက်တာတွေ စျေးဝယ်တာတွေ လုပ်ခဲ့ပါတယ်။”ဟု ကိုသက်ကြီးက ဆိုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ပြည်သူများ၏ တုံ့ပြန်ချက်မှာ အားရစရာကောင်းပြီး ဆားတောင်မြို့ပေါ်ရှိ စစ်ကောင်စီတပ်မှာ ကတုပ်ကျင်းနှင့် ဘန်ကာများအတွင်းသို့ ဝင်သွားခဲ့ကြောင်း၊ နောက်တစ်နေ့အထိ မြို့တွင်းသို့ထွက်လာခြင်းမရှိကြောင်း Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်ကိုသက်ကြီးက ပြောသည်။

(Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်ကိုသက်ကြီးနှင့်ရဲဘော်များ ဆားတောင်မြို့တွင်း လှည့်လည်ခဲ့စဥ်။ ဓာတ်ပုံ-Zero)
(Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်ကိုသက်ကြီးနှင့်ရဲဘော်များ ဆားတောင်မြို့တွင်း လှည့်လည်ခဲ့စဥ်။ ဓာတ်ပုံ-Zero)

“ဆားတောင်မှာ ရဲစခန်းလဲ ရှိတယ်။ ဆားတောင်စျေးနဲ့ ရဲစခန်းကလည်း သိပ်မကွာပါဘူး။ မြို့ထဲစျေးနားလေးတွေလှည့်သွားတာ။”ဟု​ နယ်ခံတစ်ဦးက ပြောသည်။

ဆားတောင်မြို့တွင် စစ်ကောင်စီတပ်စွဲထားပြီး ပြီးခဲ့သည့် မေလ၂၁ ရက်ကလည်း ဆားတောင်ရဲစခန်းကို ဒေသကာကွယ်ရေးအဖွဲ့များက လာ ရောက်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုထိခိုက်သေဆုံးမှုများရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးကာလအတွင်းဘက်ပြောင်းခိုလှုံလာတဲ့ အာဏာသိမ်းစစ်တပ် စစ်သား‌တွေ က လက်နက်အလက် ၂၀ ၀န်းကျင်ယူလာခဲ့တယ်လို့ ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း-၂ ၊အမှတ်(၁၀၀၆)တပ်ရင်း ရဲ့တာ၀န်ရှိသူကပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ် မဇောကျေးရွာအုပ်စု တုံးဗျောရွာမှာ တပ်စွဲထားတဲ့ စစ်တပ်ကို ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လက်နက် ၄လက် သိမ်းရခဲ့တယ်လို့ KNU မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

ဆောင်းပါး

အသက် ၁၄ နှစ်အရွယ်ကလေးတစ်ယောက် လက်ထဲက သေနတ်တစ်လက်ကြောင့် ထိုင်းနိုင်ငံမှာ လူ ၉ ဦး သေဆုံးခဲ့ပြီးတဲ့နောက် သေနတ်တွေ ဘယ်လောက်အထိလွယ်လွယ်ကူကူလက်လှမ်းမီနေသလဲဆိုတာနဲ့ နိုင်ငံအတွင်း လက်နက်တွေ ပျံ့နှံ့နေမှု အခြေအနေအပေါ် စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာကြပါတယ်။

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၁ဦးကို အရှင်ဖမ်းမိပြီး လက်နက်အချို့နဲ့ဒရုန်း ၁စီးကို ဖျက်ချသိမ်းဆည်းရရှိတယ်လို့ စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီကနေ့ ထုတ်ပြန်ပါတယ်။

Facebook