Connect with us

Hi, what are you looking for?

သတင်း

၆ လအတွင်း ဒေါ်လာ ၅ သန်းကျော်ဖိုး လက်နက်ခဲယမ်းတွေ စစ်ကောင်စီထံအိန္ဒိယရောင်းချ

မြန်မာစစ်တပ်ထံ အိန္ဒိယကုမ္ပဏီက လက်နက်တင်ပို့မှု ၇ ကြိမ် ရှိခဲ့ပါတယ်။ ဒီလိုတင်ပို့ရာမှာ ၃ ကြိမ် က မြန်မာစစ်တပ်ထံ တိုက်ရိုက်တင်ပို့ပြီး ကျန်တဲ့အကြိမ်တွေမှာတော့ စစ်တပ်နဲ့ဆက်နွယ်တဲ့ကုမ္ပဏီတွေကတဆင့် တင်ပို့တာလို့သိရပါတယ်။

ဓာတ်ပုံ − အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာန
ဓာတ်ပုံ − အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာန

အိန္ဒိယဟာ မြန်မာစစ်ကောင်စီထံ လွန်ခဲ့တဲ့ ၆ လအတွင်း အမေရိကန်ဒေါ်လာ ၅ သန်း ဖိုး တန်ကြေးရှိတဲ့ လက်နက်ခဲယမ်းတွေ တင်ပို့ခဲ့တယ်လို့ စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုဖော်ထုတ်နေတဲ့ Justice For Myanmar (JFM) ဖော်ပြလိုက်ပါတယ်။

၂၀၂၂ ခုနှစ် နိုဝင်ဘာလကနေ ၂၀၂၃ ခုနှစ် ဧပြီလအထိ ၆ လတာအတွင်း အိန္ဒိယနိုင်ငံပိုင် Bharat Electronics Limited (BEL) ကုမ္ပဏီက စစ်ဘက်သုံးနည်းပညာနဲ့ ဆက်နွယ်ပစ္စည်းတွေရောင်းချတာလို့သိရပါတယ်။

အဲဒီအိန္ဒိယ ကုမ္ပဏီက တင်ပို့တဲ့ စစ်သုံးပစ္စည်းတွေ ထဲမှာ ရေဒီယိုလှိုင်းစက်နဲ့ ရေဒါဆိုင်ရာ ပစ္စည်းတွေ ၊ စစ်မြေပြင်သုံး ဆက်သွယ်ရေးစက်တွေပါဝင်တယ်လို့ JFM က ဆိုထားပါတယ်။

Public Service Announcement
Public Service Announcement

ဒါအပြင် မြန်မာရေတပ်ရဲ့ ရေငုပ်သင်္ဘော ၊ တိုက်သင်္ဘောတွေအတွက် အထောက်အကူဖြစ်မယ့် စာရွက်စာတမ်းတွေပို့ပေးတယ်လို့လည်း သိရပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာစစ်တပ်ထံ အိန္ဒိယကုမ္ပဏီက လက်နက်တင်ပို့မှု ၇ ကြိမ် ရှိခဲ့ပါတယ်။ ဒီလိုတင်ပို့ရာမှာ ၃ ကြိမ် က မြန်မာစစ်တပ်ထံ တိုက်ရိုက်တင်ပို့ပြီး ကျန်တဲ့အကြိမ်တွေမှာတော့ စစ်တပ်နဲ့ဆက်နွယ်တဲ့ကုမ္ပဏီတွေကတဆင့် တင်ပို့တာလို့သိရပါတယ်။

အိန္ဒိယအစိုးရဟာ ဝေဖန်မှုတွေကြားထဲက မြန်မာစစ်တပ်နဲ့ ထိတွေ့ဆက်ဆံနေတာဖြစ်ပါတယ်။

စစ်ရာဇဝတ်မှုတွေကျုးလွန်နေတဲ့ မြန်မာ စစ်တပ်ကို အကူအညီပေးတာဟာ အိန္ဒိယဟာလည်း မြန်မာစစ်တပ်ကျုးလွန်တဲ့အမှုတွေမှာ ပါဝင်ပတ်သက်တာပဲဖြစ်တယ်လို့ JFM က ဝေဖန်ထောက်ပြထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လူမျိုးတုံးသတ်ဖြတ်တဲ့ နိုင်ငံတကာစစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ စစ်တပ်ကို လက်နက်အပါအဝင် နိုင်ငံခြားဝင်ငွေ ရရှိအောင် လုပ်ဆောင်ပေးနေတဲ့ တရုတ်နိုင်ငံရဲ့ လုပ်ရပ်တွေကို ရှုတ်ချကြောင်း နဲ့ စစ်တပ်ကို ကူညီပေးမှုတွေကို ရပ်တန့်ဖို့ Justice For Myanmar-JFM ကတောင်းဆိုလိုက်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စင်ကာပူအစိုးရက မပယ်ဖျက်ရ​သေးတဲ့ ကုမ္ပဏီ၁၃ ခုထဲမှာလက်နက်ပွဲစားကွန်ယက်ကုမ္ပဏီ​တွေပါ​နေပြီအ​ရေးယူ​​ပေးဖို့တိုက်တွန်း

သတင်း

မုံရွာ-မန္တလေးလမ်းပိုင်းမှာ ချောင်းဦးမြို့ကိုပို့မယ့် စစ်တပ်ရဲ့လက်နက်ခဲယမ်းယာဥ်ကို တော်လှန်ရေးပူးပေါင်းအဖွဲ့က ကြားဖြတ်တိုက်ခိုက်ရာ ဗိုလ် ၂ ဦးအပါအဝင် ၆ ဦးသေဆုံးပြီး လက်နက် ၄ လက်သိမ်းဆည်းရမိကြောင်း တော်လှန်ရေးအဖွဲ့တွေက သတင်းထုတ်ပြန်ပါတယ်။