Connect with us

Hi, what are you looking for?

News

ဒီမိုကရေစီစနစ်ပြန်လည်အသက်သွင်းဖို့နဲ့ ပဋိပက္ခကျယ်ပြန့်လာမှုကို အချိန်မလွန်ခင် တားဆီးဖို့ နိုင်ငံ တကာအသိုင်းအဝိုင်းကို ကုလလူ့အခွင့်အရေးမဟာမင်းကြီး တိုက်တွန်း

မြန်မာနိုင်ငံအခြေအနေဟာ အဆုံးစွန်သောပဋိပက္ခထဲကို ထိုးဆင်းနေတာကို တားဆီးဖို့ အရေး ပေါ် ဆောင်ရွက်ဖို့လိုအပ်နေပြီလို့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကို အစီရင်ခံခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ပြန်လည်အသက်သွင်းဖို့နဲ့ ပဋိပက္ခကျယ်ပြန့်လာမှုကို အချိန်မလွန်ခင် တားဆီးဖို့ နိုင်ငံတကာအသိုင်းအဝိုင်းက သူတို့ရဲ့ကြိုးပမ်းမှုကို ဆတက်ထမ်းပိုးလုပ်ဆောင် ရမယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးမဟာမင်းကြီး Michelle Bachelet က တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံအခြေအနေဟာ အဆုံးစွန်သောပဋိပက္ခထဲကို ထိုးဆင်းနေတာကို တားဆီးဖို့ အရေး ပေါ် ဆောင်ရွက်ဖို့လိုအပ်နေပြီလို့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကို အစီရင်ခံခဲ့တာဖြစ်ပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကို တင်သွင်းတဲ့ မဟာမင်းကြီးရဲ့အစီရင်ခံစာအသစ်မှာ မြန်မာပြည်သူတွေအပေါ် မြန်မာစစ်တပ်ရဲ့ ကြီးမားကျယ်ပြန်တဲ့ချိုးဖောက်မှုတွေကို အသေး စိတ်ဖော်ပြထားပြီး အချို့ဟာ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေ ဒါမှမဟုတ် စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နိုင်တယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ကလည်း စစ်တပ်အာဏာသိမ်းမှုက ဖန်တီးလိုက်တဲ့ နိုင်ငံရေးအကြပ်အတည်းကို နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အရေးပေါ်တုံ့ပြန်ဆောင်ရွက်ဖို့ မကြာသေးခင်က တိုက်တွန်းထားပါတယ်။

Public Service Announcement

Public Service Announcement

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်ရဲ့ အဲဒီတိုက်တွန်းထားတဲ့အစီရင်ခံစာကို နိုင်ငံပေါင်း ၁၁၉ နိုင်ငံက အတည်ပြုထားပြီး တရုတ်အပါအဝင် ၃၆ နိုင်ငံက မဲမပေးဘဲ ကြားနေခဲ့ကာ ဘီလာရုစ် တစ်နိုင်ငံတည်းက ကန့်ကွက်ခဲ့ပါတယ်။

အစီရင်ခံစာမှာ သမ္မတဦးဝင်းမြင့်၊နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြားသော အစိုးရအရာရှိတွေကို ချက်ချင်းပြန်လွှတ်ပေးရေးတို့ကို နိုင်ငံတကာအသိုင်းအဝိုင်းကကြိုးပမ်းရမယ်လို့လည်း ဖော်ပြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မင်းအောင်လှိုင်ကိုဧည့်ခံကြိုဆိုတဲ့အိန္ဒိယအစိုးရနိုင်ငံတကာမှာဒီမိုကရေစီဘက်တော်သားအဖြစ် ဟန်ဆောင်လို့ မရနိုင်ဟု ထုတ်ပြန်

သတင်း

အိန္ဒိယအစိုးရက အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အိန္ဒိယ နိုင်ငံသို့ ဖိတ်ခေါ်ခဲ့တာဟာ ဒီမိုကရေစီ နိုင်ငံမပီသတဲ့ လုပ်ရပ်ဖြစ်တယ်လို့ မြန်မာ-အိန္ဒိယ အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကပြောပါတယ်။

သတင်း

ကိုးကန့်တပ်မတော်(MNDAA)ရဲ့ စီမံခန့်ခွဲမှုအောက်မှာ ဒေသခံပြည်သူတွေ အခက်အခဲ ပြဿနာတွေ ကြုံနေရကြောင်း ရှမ်း(သျှမ်း)လူငယ်ကွန်ဂရက်က ဒီကနေ့ မေလ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ပြီး MNDAAအနေနဲ့ ဒေသခံတွေကို ဒုက္ခမပေးဘဲ ဒီမိုကရေစီစံနှုန်း ဖက်ဒရယ်စံနှုန်းနဲ့ ကိုက်ညီတာတွေကိုသာ စီမံဖို့ တိုက်တွန်းလိုက်ပါတယ်။

သတင်း

တာဝန်ယူမှု၊ တာဝန်ခံမှု မရှိဘဲ နိုင်ငံရေးအရ တရားဝင်မှု ရရှိဖို့ ကြိုးပမ်းနေတဲ့ စစ်အုပ်စုရဲ့ လုပ်ရပ်များကို အသိအမှတ်မပြုဖို့ အာဆီယံ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က တိုက်တွန်းလိုက်ပါတယ်။