Connect with us

Hi, what are you looking for?

LuduNwayOo

News

ဒီမိုကရေစီစနစ်ပြန်လည်အသက်သွင်းဖို့နဲ့ ပဋိပက္ခကျယ်ပြန့်လာမှုကို အချိန်မလွန်ခင် တားဆီးဖို့ နိုင်ငံ တကာအသိုင်းအဝိုင်းကို ကုလလူ့အခွင့်အရေးမဟာမင်းကြီး တိုက်တွန်း

မြန်မာနိုင်ငံအခြေအနေဟာ အဆုံးစွန်သောပဋိပက္ခထဲကို ထိုးဆင်းနေတာကို တားဆီးဖို့ အရေး ပေါ် ဆောင်ရွက်ဖို့လိုအပ်နေပြီလို့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကို အစီရင်ခံခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ပြန်လည်အသက်သွင်းဖို့နဲ့ ပဋိပက္ခကျယ်ပြန့်လာမှုကို အချိန်မလွန်ခင် တားဆီးဖို့ နိုင်ငံတကာအသိုင်းအဝိုင်းက သူတို့ရဲ့ကြိုးပမ်းမှုကို ဆတက်ထမ်းပိုးလုပ်ဆောင် ရမယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးမဟာမင်းကြီး Michelle Bachelet က တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံအခြေအနေဟာ အဆုံးစွန်သောပဋိပက္ခထဲကို ထိုးဆင်းနေတာကို တားဆီးဖို့ အရေး ပေါ် ဆောင်ရွက်ဖို့လိုအပ်နေပြီလို့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကို အစီရင်ခံခဲ့တာဖြစ်ပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကို တင်သွင်းတဲ့ မဟာမင်းကြီးရဲ့အစီရင်ခံစာအသစ်မှာ မြန်မာပြည်သူတွေအပေါ် မြန်မာစစ်တပ်ရဲ့ ကြီးမားကျယ်ပြန်တဲ့ချိုးဖောက်မှုတွေကို အသေး စိတ်ဖော်ပြထားပြီး အချို့ဟာ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေ ဒါမှမဟုတ် စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နိုင်တယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ကလည်း စစ်တပ်အာဏာသိမ်းမှုက ဖန်တီးလိုက်တဲ့ နိုင်ငံရေးအကြပ်အတည်းကို နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အရေးပေါ်တုံ့ပြန်ဆောင်ရွက်ဖို့ မကြာသေးခင်က တိုက်တွန်းထားပါတယ်။

Public Service Announcement

Public Service Announcement

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်ရဲ့ အဲဒီတိုက်တွန်းထားတဲ့အစီရင်ခံစာကို နိုင်ငံပေါင်း ၁၁၉ နိုင်ငံက အတည်ပြုထားပြီး တရုတ်အပါအဝင် ၃၆ နိုင်ငံက မဲမပေးဘဲ ကြားနေခဲ့ကာ ဘီလာရုစ် တစ်နိုင်ငံတည်းက ကန့်ကွက်ခဲ့ပါတယ်။

အစီရင်ခံစာမှာ သမ္မတဦးဝင်းမြင့်၊နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြားသော အစိုးရအရာရှိတွေကို ချက်ချင်းပြန်လွှတ်ပေးရေးတို့ကို နိုင်ငံတကာအသိုင်းအဝိုင်းကကြိုးပမ်းရမယ်လို့လည်း ဖော်ပြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဘင်္ဂလားဒေ့ရှ်ရဲ့ နိုင်ငံတကာနဲ့ မဟာဗျူဟာ လေ့လာရေး ဌာနက ကြီးမှူးကျင်းပတဲ့ ဆွေးနွေးပွဲ အစီအစဉ် တစ်ခုမှာ သူက မြန်မာစစ်တပ်ရဲ့ ထိပ်တန်း အရာရှိတချို့ဟာ နိုင်ငံတကာ ပိတ်ဆို့ အရေးယူမှုတွေ ခံထားရခြင်းက ဘင်္ဂလားဒေ့ရှ်ကို လုပ်ရကိုင်ရ ခက်စေတယ်လို့ ဆိုပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂဆိုင်ရာ အီရန် သံတမန် အဖွဲ့က အီရန်ရဲ့ တိုက်ခိုက်မှုဟာ တရားမျှတပြီး အမေရိကန် အနေနဲ့ ကြားမဝင်ဖို့ လိုတယ်လို့ သတိပေးလိုက်တာ ဖြစ်ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနရော၊ ထိုင်းစစ်တပ်ပါ အဲဒီ ကိစ္စကို ကိုင်တွယ်ဖို့ မြန်မာဖက်က သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက် ဆောင်ရွက်ဖို့ ဆရက်သာက ပြောပါတယ်။

သတင်း

ရက္ခိုင်ပြည်နယ်အတွင်း AA မှ လွဲ၍ မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းမှ မရှိစေရမူအတိုင်း ရှိနေမည်ဟုလည်း AAက ထပ်မံ အသိပေးသည်။