Connect with us

Hi, what are you looking for?

သတင်း

မန္တလေးက လမ်းဘေးမှာသေဆုံးနေတဲ့လူလတ်ပိုင်းအမျိုးသားအလောင်းတွေ့

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ပုသိမ်ကြီးမြို့နယ် သမ္မတော ကျေးရွာအနီး လယ်ကွင်းတစ်နေရာမှာ အသတ်ခံရတဲ့ လက္ခဏာတွေနဲ့ သေဆုံးနေတဲ့အမျိုးသမီးအလောင်းတွေ့ရှိခဲ့ပါသေးတယ်။

မန္တလေးက လမ်းဘေးမှာသေဆုံးနေတဲ့လူလတ်ပိုင်းအမျိုးသားအလောင်းတွေ့
မန္တလေးက လမ်းဘေးမှာသေဆုံးနေတဲ့လူလတ်ပိုင်းအမျိုးသားအလောင်းတွေ့

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်ထဲမှာ မူးယစ်ဆေးဝါးသုံးစွဲထားတဲ့ လက္ခဏာနဲ့ လမ်းဘေးမှာ သေဆုံးနေတဲ့ လူလတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးရဲ့အလောင်းကို ဒီနေ့မနက်ပိုင်းက တွေ့ခဲ့ရတယ်လို့ ကူညီရေးအသင်းထံကသိရပါတယ်။

မြရည်နန္ဒာ အိမ်ရာ အနီး မင်းကြီးရန်နောင်လမ်းနဲ့ လမ်းရွှာရှည်လမ်းနားမှာ သေဆုံးနေတာပါ။

သေဆုံးသူအမျိုးသားဟာ အသက် ၄၀ အရွယ်ဝန်းကျင်ရှိပြီး ပြင်ပဒဏ်ရာတစုံတရာမတွေ့ရဘူးလို့လည်းသိရပါတယ်။

မန္တလေးက လမ်းဘေးမှာသေဆုံးနေတဲ့လူလတ်ပိုင်းအမျိုးသားအလောင်းတွေ့
မန္တလေးက လမ်းဘေးမှာသေဆုံးနေတဲ့လူလတ်ပိုင်းအမျိုးသားအလောင်းတွေ့

ဒါပေမယ့် ခန္ဓကိုယ်မှာတော့ မူးယစ်ဆေးဝါးသုံးစွဲတဲ့လက္ခဏာတွေ တွေ့ရတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးသူတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

” ညကတည်းက သေဆုံးထားတဲ့လက္ခဏာပဲ၊ ဘယ်သူဆိုတာမသိရသေးပါဘူး” လို့လည်းဆိုပါတယ်။

မန္တလေးက လမ်းဘေးမှာသေဆုံးနေတဲ့လူလတ်ပိုင်းအမျိုးသားအလောင်းတွေ့
မန္တလေးက လမ်းဘေးမှာသေဆုံးနေတဲ့လူလတ်ပိုင်းအမျိုးသားအလောင်းတွေ့

အခုလို ရုပ်အလောင်းတွေ့ရတဲ့ နေရာဝန်းကျင်ဟာ မူးယစ်ဆေးအလွန်အကျွံသုံးစွဲမိလို့ သေဆုံးသွားသူတွေကို မကြာခဏ လာရောက်စွန့်ပစ်လေ့ရှိတဲ့နေရာလို့လည်းသိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ပုသိမ်ကြီးမြို့နယ် သမ္မတော ကျေးရွာအနီး လယ်ကွင်းတစ်နေရာမှာ အသတ်ခံရတဲ့ လက္ခဏာတွေနဲ့ သေဆုံးနေတဲ့အမျိုးသမီးအလောင်းတွေ့ရှိခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ဒေးဝန်းအနောက်ဘက် သင်္ဂဇာချောင်းအနီးမှာအမျိုးသမီးရုပ်အလောင်းကို ဒီနေ့ (စက်တင်ဘာလ ၁၆ ရက်) မနက်ပိုင်းက ဒေသခံတွေတွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ လင်မယား၂ဦး နေအိမ်အတွင်း သတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

မန္တလေးမြို့အဝင်တံခွန်တိုင်အဝိုင်းပတ်ကို အဝေးပြေးကားတွေဝင်လိုက်တာနဲ့ Welcome To Mandalay ဆိုတဲ့ ဆိုင်းဘုတ်နဲ့အတူလမ်းပေါ်မှာသုံးဘီးယာဥ်တွေကိုအများအပြားမြင်လိုက်ရပါတယ်။တချိန်က စက်ဘီးမြို့တော်၊ ဆိုင်ကယ်မြို့တော်ဆိုတဲ့ အမည်နာမအမျိုးမျိုးတွင်ခဲ့တဲ့ မန္တလေးမြို့ဟာ ယခုအခါမှာတော့ သုံးဘီးမြို့တော်လို့ ခေါ်ဆိုရ​တော့မယ့်အနေအထားပါ။