Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်တွင် စစ်ကောင်စီက လူငယ်များပစ်မှတ်ထား စစ်ဆေးနေ

ယနေ့(ဇူလိုင် ၃ရက်) နံနက်ပိုင်းက ကမာရွတ်မြို့နယ် ၊တောင်ဒဂုံမြို့နယ်နှင့် သာကေတမြို့နယ်တို့၌ စစ်ကောင်စီတပ်သားများက ပိတ်ဆို့စစ် ဆေးမှုများ ပြုလုပ်ခြင်းဟု ဆိုသည်။

(ယနေ့ နံနက်က လှည်းတန်း မှတ်တိုင်အနီး၌ စစ်ကောင်စီက လူငယ်တစ်ဦးအား စစ်ဆေးနေစဉ်။ ဓာတ်ပုံ - KISC)
(ယနေ့ နံနက်က လှည်းတန်း မှတ်တိုင်အနီး၌ စစ်ကောင်စီက လူငယ်တစ်ဦးအား စစ်ဆေးနေစဉ်။ ဓာတ်ပုံ - KISC)

ရန်ကုန်မြို့ လူစည်းကားရာ မှတ်တိုင်အချို့၌ စစ်ကောင်စီက လူငယ်များအား ပစ်မှတ်ထား၍ စစ်ဆေးမှုများပြုလုပ်နေရာ ဖမ်းဆီးခံရသူအချို့ရှိကြောင်း ကိုယ်တိုင်ကြုံတွေ့ရသူနှင့် မျက်မြင်တွေ့ရှိသူများက ပြောသည်။

ယနေ့(ဇူလိုင် ၃ရက်) နံနက်ပိုင်းက ကမာရွတ်မြို့နယ် ၊တောင်ဒဂုံမြို့နယ်နှင့် သာကေတမြို့နယ်တို့၌ စစ်ကောင်စီတပ်သားများက ပိတ်ဆို့စစ် ဆေးမှုများ ပြုလုပ်ခြင်းဟု ဆိုသည်။

“ကျွန်တော်က သံပန်းလုပ်တော့ ခဲတို့တဲ့ဘူးကို ကိုင်ပြီး မှတ်တိုင်မှာစောင့်နေတာကို စစ်ကားပေါ်ကနေ ဆင်းလာပြီး ရုတ်တရက် သေနတ်နဲ့ ချိန်ပြီး ဘာလဲဆိုတာ ပြခိုင်းတာ။ပြီးတော့ ဖုန်းပါစစ် သေးတာ”ဟု တောင်ဒဂုံမြို့နယ်(၁၀၆)မှတ်တိုင်အနီး စစ်ဆေးခံခဲ့ရသည့် အမျိုးသားတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

ထို့အတူ ယနေ့နံနက် ၁၀နာရီခန့်တွင် အင်းစိန်လမ်းမပေါ် လှည်းတန်းမှတ်တိုင်တွင်လည်း စစ်ကောင်စီက လမ်းသွားလမ်းလာ လူငယ်များ၏ အိတ်များကို ဖွင့်ဖောက်စစ် ဆေးမှုများရှိခဲ့သည်။

Public Service Announcement

Public Service Announcement

“အဓိကတော့ လူငယ်တွေနဲ့ အမျိုးသားတွေရဲ့ လွာ်အိပ်တွေကို စစ်တာ။လှည်းတန်းမှတ်တိုင် အကျော်မှာလည်း ကားတစ်စီးက အရန်သင့်ရှိတယ်”ဟု မျက်မြင်တွေ့ရှိသူက ပြောသည်။

ထို့အတူ ရွှေပြည်သာနှင့် သာကေတမြို့နယ်တို့တွင်လည်း စစ်ကောင်စီက ယာဥ်တန်းနှစ်စီးဖြင့် လှည့်ပတ်နေကြောင်းလည်း ဒေသခံများက အသိပေးသည်။

ယနေ့ နံနက်ပိုင်းက ရွှေပြည်သာမြို့နယ်၊ အမှတ် (၁၁) ရပ်ကွက်၊ အလက (၉)ကျောင်း အနောက် တံခါးမှာ “ကျောင်းသားထု သွေးနှင့်ရေးသော ၇-၇-၁၉၆၂ မမေ့ကြနဲ့” စာပါ စစ်အာဏာရှင် ဆန့်ကျင်ရေး ဗီနိုင်းကပ်သည့် လူငယ် ခုနစ်ဦးအနက် နှစ်ဦး ဖမ်းဆီးခံခဲ့ရသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ခါကာဘို ရေးသားသည်။ “ဂျပန်မှာ အလုပ်အကိုင်အခွင့်အလမ်းကောင်းတယ်၊ လစာကောင်းတယ်၊ အနာဂတ်ရှိတယ်” ဆိုတာ မြန်မာလူငယ်အများစု ကြားဖူးနေကျ စကားပါ။ အထူးသဖြင့်မြန်မာနိုင်ငံရဲ့လက်ရှိ အခြေအနေအရ ဂျပန်နိုင်ငံကို အလုပ်သွားလုပ်ဖို့၊ ကျောင်းသွားတက်ဖို့၊ ဒါမှမဟုတ် အခြေချနေထိုင်ဖို့ စဉ်းစားနေသူတွေ တိုးလာနေပါတယ်။ ဒါပေမယ့်တစ်ဖက်မှာစိတ်ဝင်စားစရာကောင်းတဲ့ အပြောင်းအလဲတစ်ခု ဂျပန်နိုင်ငံအတွင်း ဖြစ်ပေါ်နေပါတယ်။ ဂျပန်ဟာ...

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ပြုလုပ်မယ့် နှင်းဆီလှုပ်ရှားမှုကို လှုံ့ဆော်ပေးတဲ့အနေနဲ့ စစ်တပ်ရဲ့ လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့မှာ နှင်းဆီလှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။

သတင်း

ရန်ကုန်မှာအမေရိကန်သံအရာရှိသေဆုံးမှုနဲ့ ပတ်သက်ပြီးထိုင်းအမျိုးသမီးတဦးကို လူသတ်မှုနဲ့ စွဲချက်တင်ခဲ့ကြောင်း AP သတင်းဌာနက​ဖော်ပြပါတယ်။