Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်တွင် စစ်ကောင်စီက လူငယ်များပစ်မှတ်ထား စစ်ဆေးနေ

ယနေ့(ဇူလိုင် ၃ရက်) နံနက်ပိုင်းက ကမာရွတ်မြို့နယ် ၊တောင်ဒဂုံမြို့နယ်နှင့် သာကေတမြို့နယ်တို့၌ စစ်ကောင်စီတပ်သားများက ပိတ်ဆို့စစ် ဆေးမှုများ ပြုလုပ်ခြင်းဟု ဆိုသည်။

(ယနေ့ နံနက်က လှည်းတန်း မှတ်တိုင်အနီး၌ စစ်ကောင်စီက လူငယ်တစ်ဦးအား စစ်ဆေးနေစဉ်။ ဓာတ်ပုံ - KISC)
(ယနေ့ နံနက်က လှည်းတန်း မှတ်တိုင်အနီး၌ စစ်ကောင်စီက လူငယ်တစ်ဦးအား စစ်ဆေးနေစဉ်။ ဓာတ်ပုံ - KISC)

ရန်ကုန်မြို့ လူစည်းကားရာ မှတ်တိုင်အချို့၌ စစ်ကောင်စီက လူငယ်များအား ပစ်မှတ်ထား၍ စစ်ဆေးမှုများပြုလုပ်နေရာ ဖမ်းဆီးခံရသူအချို့ရှိကြောင်း ကိုယ်တိုင်ကြုံတွေ့ရသူနှင့် မျက်မြင်တွေ့ရှိသူများက ပြောသည်။

ယနေ့(ဇူလိုင် ၃ရက်) နံနက်ပိုင်းက ကမာရွတ်မြို့နယ် ၊တောင်ဒဂုံမြို့နယ်နှင့် သာကေတမြို့နယ်တို့၌ စစ်ကောင်စီတပ်သားများက ပိတ်ဆို့စစ် ဆေးမှုများ ပြုလုပ်ခြင်းဟု ဆိုသည်။

“ကျွန်တော်က သံပန်းလုပ်တော့ ခဲတို့တဲ့ဘူးကို ကိုင်ပြီး မှတ်တိုင်မှာစောင့်နေတာကို စစ်ကားပေါ်ကနေ ဆင်းလာပြီး ရုတ်တရက် သေနတ်နဲ့ ချိန်ပြီး ဘာလဲဆိုတာ ပြခိုင်းတာ။ပြီးတော့ ဖုန်းပါစစ် သေးတာ”ဟု တောင်ဒဂုံမြို့နယ်(၁၀၆)မှတ်တိုင်အနီး စစ်ဆေးခံခဲ့ရသည့် အမျိုးသားတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

ထို့အတူ ယနေ့နံနက် ၁၀နာရီခန့်တွင် အင်းစိန်လမ်းမပေါ် လှည်းတန်းမှတ်တိုင်တွင်လည်း စစ်ကောင်စီက လမ်းသွားလမ်းလာ လူငယ်များ၏ အိတ်များကို ဖွင့်ဖောက်စစ် ဆေးမှုများရှိခဲ့သည်။

Public Service Announcement

Public Service Announcement

“အဓိကတော့ လူငယ်တွေနဲ့ အမျိုးသားတွေရဲ့ လွာ်အိပ်တွေကို စစ်တာ။လှည်းတန်းမှတ်တိုင် အကျော်မှာလည်း ကားတစ်စီးက အရန်သင့်ရှိတယ်”ဟု မျက်မြင်တွေ့ရှိသူက ပြောသည်။

ထို့အတူ ရွှေပြည်သာနှင့် သာကေတမြို့နယ်တို့တွင်လည်း စစ်ကောင်စီက ယာဥ်တန်းနှစ်စီးဖြင့် လှည့်ပတ်နေကြောင်းလည်း ဒေသခံများက အသိပေးသည်။

ယနေ့ နံနက်ပိုင်းက ရွှေပြည်သာမြို့နယ်၊ အမှတ် (၁၁) ရပ်ကွက်၊ အလက (၉)ကျောင်း အနောက် တံခါးမှာ “ကျောင်းသားထု သွေးနှင့်ရေးသော ၇-၇-၁၉၆၂ မမေ့ကြနဲ့” စာပါ စစ်အာဏာရှင် ဆန့်ကျင်ရေး ဗီနိုင်းကပ်သည့် လူငယ် ခုနစ်ဦးအနက် နှစ်ဦး ဖမ်းဆီးခံခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်မြို့တော် ၊ ဘားအံမြို့ ၊ သံလွင်မြစ်အနောက်ကမ်းမှာ ဧပြီလ တတိယပတ်အတွင်း စစ်ကောင်စီတပ်က အင်အားအများအပြားစေလွှတ်ပြီး နေရာယူတပ်စွဲတာတွေရှိလာတယ်လို့ ကရင်စစ်ဘက် နဲ့အရပ်ဘက် သတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းကျေးရွာ သုံးရွာကို စစ်ကောင်စီက ယမန်နေ့ ညနေပိုင်းတွင် လေကြောင်းမှ ဗုံးအလုံး ၄၀နီးပါး ကြဲချသောကြောင့် အရပ်သားလေးဦးသေဆုံးခဲ့သလို ယနေ့(ဧပြီ၂၇ရက်) နံနက်ပိုင်းတွင်လည်း လေကြောင်းမှထပ်မံ ဗုံးကြဲနေသည်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နှင့် ဖားကန့်မြို့နယ် တို့တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်အကြား ယနေ့ ဧပြီ ၂၇ရက်တွင် တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။

သတင်း

အပစ်ရပ်ကာလအတွင်း စစ်ကောင်စီ တိုက်ခိုက်၍ KNUနယ်မြေ၌ ပြည်သူ ၂၀ဦး သေဆုံး၊အများအပြား ဒဏ်ရာရ