Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မြို့တွင် စစ်တပ်က ပန်းပန်သူအချို့ ဖမ်းဆီး၊ ပန်းဆိုင်အချို့ ပိတ်ခိုင်း

ပြည်လုံးကျွတ်ပန်းသပိတ်တွင် ပြည်သူများအနေဖြင့် တော်လှန်ရေးသတိဖြင့် ပါဝင်ဆင်နွှဲကြရန်လည်း လူထုသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းက သတိပေး ပြောကြားထားသည်။

မြေနီကုန်းလမ်းဆုံတွင် စစ်ကားများ ရပ်၍ စစ်ကောင်စီဝင်များက စစ်ဆေးမှုများ ပြုလုပ်နေစဥ် (ပုံအဟောင်း အသုံးပြုထားသည်)
မြေနီကုန်းလမ်းဆုံတွင် စစ်ကားများ ရပ်၍ စစ်ကောင်စီဝင်များက စစ်ဆေးမှုများ ပြုလုပ်နေစဥ် (ပုံအဟောင်း အသုံးပြုထားသည်)

ရန်ကုန်မြို့ မြို့နယ်အချို့တွင် စစ်တပ်နှင့်ရဲများက ပန်းပန်ထားသည့် ပြည်သူအချို့ကို ဖမ်းဆီးခြင်းနှင့် ပန်းဆိုင်အချို့ကို ပိတ်ခိုင်းခြင်းများ အဓမ္မပြုလုပ်နေကြောင်း ဒေသခံများမှတဆင့် သိရသည်။

ယနေ့နံနက်ပိုင်းတွင် ကမာရွတ်မြို့နယ် (၈) ရပ်ကွက် Junction Square ဧရိယာအနီးတွင် စစ်ကောင်စီဝင်များ ရောက်လာပြီး နှင်းဆီပန်းကိုင်ဆောင်လာသည့် အမျိုးသမီးငယ် သုံးဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ကမာရွတ်မြို့နယ်နေ ပြည်သူတစ်ဦးက ​ပြောသည်။

“မနက်က Junction Square နားမှာ စစ်ကားတွေ ပတ်နေတုန်း ကျွန်းတောလမ်း KBZ ဘဏ်နားမှာ ကောင်မလေးနှစ်ယောက် နှင်းဆီပန်းတွေ ကိုင်လာလို့ဆိုပြီး စစ်သားတွေ ဆင်းဖမ်းသွားတာ တွေ့လိုက်တယ်။ ပြန်အထွက် Junction ဧရိယာထဲမှာ ပန်းတွေကိုင်လာတဲ့ ကောင်မလေးတစ် ယောက်ကိုပါ ထပ်ဖမ်းသွားတယ်။ အားလုံးပေါင်း စစ်ကားပေါ် သုံးယောက်ပါသွားတာ ​တွေ့လိုက်ပါတယ်” ဟု ၎င်းက ဆိုသည်။

ထို့အပြင် ကမာရွတ်မြို့နယ် ဆင်မလိုက်စျေးတွင်လည်း ပန်းအနီရောင် ပန်ဆင်ထားသည့် အမျိုးသမီး ငါးဦးကိုလည်း စစ်တပ်က ဖမ်းဆီးခဲ့ကြောင်း ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“စျေးထဲမှာ အမျိုးသမီး အချို့က ပန်းအနီ ပန်ထားလို့ဆိုပြီး စစ်တပ်က ဝင်ဖမ်းသွားတာပါ။ ၅ ယောက်လောက် ရှိမယ် ထင်တယ်။ စစ်ကား ၂ စီးနဲ့ လာဖမ်းတာပါ။ ဘာမှလဲ မဆိုင်ဘူး။ ပန်းပန်ထားတာနဲ့ကို သူတို့ (စစ်သားတွေ)က ကြောက်နေကြတယ်။ ပန်းရောင်းတဲ့ စျေးသည်တွေကို အတင်းဆိုင် သိမ်းခိုင်းသွားတယ်”ဟု ၎င်းက ပြောသည်။

အလားတူ လှိုင်သာယာမြို့နယ်၊ (၂၀) ရပ်ကွက်အတွင်းရှိ စျေးတစ်ခုတွင်လည်း စစ်သား၊ ရဲများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပန်းသည်များအား အဓမ္မ စျေးသိမ်းခိုင်းခြင်း၊ ပန်းပန်ထားသူများအား ခြိမ်းခြောက်ပြောဆိုခြင်းတို့ လုပ်ဆောင်ခဲ့​ကြောင်း ယင်းရပ်ကွက်ရှိ ပြည်သူအချို့က ပြောသည်။

ယနေ့ ကျရောက်သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (၇၈) နှစ်မြောက် မွေးနေ့ အဖြစ် တစ်နိုင်ငံလုံးရှိ ပြည်သူများက ပန်းသပိတ်ဆင်နွှဲနေချိန်တွင် စစ်ကောင်စီဘက်က ပန်းသပိတ်လှုပ်ရှားမှုများကို ပိတ်ပင်တားမြစ်ရန် ကြိုးပမ်းနေပြီး လမ်းဆုံများတွင်လည်း စစ်ကားများရပ်၍ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း တော်လှန်ရေးအင်အားစုမှ လူငယ်တစ်ဦးက ဆိုသည်။

ပြည်လုံးကျွတ်ပန်းသပိတ်တွင် ပြည်သူများအနေဖြင့် တော်လှန်ရေးသတိဖြင့် ပါဝင်ဆင်နွှဲကြရန်လည်း လူထုသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းက သတိပေး ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက လူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ဒီကနေ့ ဇွန်လ ၁၉ရက်ရဲ့နေ့လယ်ပိုင်းမှာလည်း အရပ်သားတွေနေထိုင်တဲ့အိမ်ပေါ်ကျရောက်ပေါက်ကွဲလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်း၊ တံတားဦးမြို့မှာ လမ်းနယ်နမိတ်နဲ့ မလွတ်လို့ဆိုပြီး နေအိမ် ရာနဲ့ချီဖျက်ဖို့အတွက် စစ်ကောင်စီ လက်အောက်ခံလမ်းဦးစီးဌာနက စာပို့ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

လူထု​ခေါင်း​ဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာ အာဏာသိမ်းစစ်တပ်က ရန်ကုန်မြို့ကို လုံခြုံရေးတင်းကြပ်စွာချထားတယ်လို့ ဒေသခံတွေပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မလှိုင်မြို့မှာ အာဏာသိမ်းစစ်တပ်က လုပ်ငန်းရှင်တွေနဲ့ ပြည်သူတွေထံက စားနပ်ရိက္ခာတွေ ခြိမ်းခြောက်တောင်းယူနေကြောင်း ဒေသခံတွေက ပြောပါတယ်။