Connect with us

Hi, what are you looking for?

သတင်း

မန္တလေး PDF တပ်ဖွဲ့ဝင်များကို အခြေခံနိုင်ငံရေး အသိပညာသင်တန်းနှင့် အုပ်ချုပ်စီမံမှု၊ နိုင်ငံရေးစွမ်းရည်မြှင့် သင်တန်းများပို့ချ

မန္တလေး PDF၏ သပြေညိုစစ်ဆင်ရေးကာလ အပြီးတွင် “နိုင်ငံရေး အတွေးအခေါ်လက်နက် တပ်ဆင်ခြင်း လုပ်ငန်းစဉ်”အဖြစ် ယခုကဲ့သို့ သင်တန်းများ ပေးခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

(သင်တန်းတက်​ရောက်​နေ​သော MDY-PDF တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-MDY-PDF)
(သင်တန်းတက်​ရောက်​နေ​သော MDY-PDF တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-MDY-PDF)

မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော်များအား အခြေခံ နိုင်ငံရေးအသိပညာသင်တန်းများပေးအပ်ခဲ့ရာ တပ်ရင်းအလိုက် (၃) ရက်စီ သင်ကြားပို့ချခဲ့ကြောင်း မန္တလေး PDF စစ်ဦးစီးအဖွဲ့က ယနေ့ ထုတ်ပြန်အသိပေးသည်။

ထို့ပြင် မန္တလေး PDF အရာရှိများကို အုပ်ချုပ်စီမံမှု၊ ခေါင်းဆောင်မှုနှင့် နိုင်ငံရေးအသိပညာများ တိုးမြင့်စေရေးအတွက် (၄၅)ရက်တာ အုပ်ချုပ်စီမံမှုနှင့် နိုင်ငံရေးစွမ်းရည်မြှင့် သင်တန်းများ သင်ကြားပို့ချခဲ့ရာ ယခု အခါတွင် အောင်မြင်စွာ ပြီးမြောက်ခဲ့ပြီ ဖြစ်ကြောင်း ဖော်ပြသည်။

(သင်တန်းတက်​ရောက်​နေ​သော MDY-PDF တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-MDY-PDF)
(သင်တန်းတက်​ရောက်​နေ​သော MDY-PDF တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-MDY-PDF)

မန္တလေး PDF၏ သပြေညိုစစ်ဆင်ရေးကာလ အပြီးတွင် “နိုင်ငံရေး အတွေးအခေါ်လက်နက် တပ်ဆင်ခြင်း လုပ်ငန်းစဉ်”အဖြစ် ယခုကဲ့သို့ သင်တန်းများ ပေးခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ပြည်သူ့ခုခံတော်လှန်စစ်တွင် ပါဝင်တော်လှန်နေကြသည့် စစ်သည်တော်များကို “နိုင်ငံရေး အသိပညာနှင့် ကျင့်ဝတ်”တည်းဟူသော ချွန်းဖြင့် အုပ်မိုး၍ လှုပ်ရှား တိုက်ပွဲဝင်နိုင်စေရေး လုပ်ငန်းသည် အင်မတန် အရေးတကြီး လိုအပ်သည့် လုပ်ငန်းစဉ်ကြီး တစ်ရပ် ဖြစ်ကြောင်း အခိုင်အမာ ယုံကြည်သည်ဟု ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

(သင်တန်းတက်​ရောက်​နေ​သော MDY-PDF တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-MDY-PDF)
(သင်တန်းတက်​ရောက်​နေ​သော MDY-PDF တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-MDY-PDF)

ထို့ကြောင့် မန္တလေး PDF ရဲဘော်များကို စည်းကမ်း ကောင်းမွန်၍ ကျင့်ဝတ်လိုက်နာသော စစ်သည်တော်ကောင်းများ ဖြစ်စေရန်အတွက် အခြေခံစစ်ပညာသင်တန်း ပို့ချသင်ကြားစဉ်ကတည်းကပင် စနစ်တကျ လေ့ကျင့်၍ သင်ကြားပို့ချပေးခဲ့သည်ဟု အသိပေးထားသည်။

က်လက်၍လည်း ပြည်သူ့ကာကွယ်ရေတပ်မတော်(မန္တလေး)အနေဖြင့် နိုင်ငံရေးအသိပညာ ပြည့်ဝ၍ကျင့်ဝတ်ကောင်းမွန်သော စစ်သည်တော်များပါဝင်သည့် တပ်မတော်တစ်ရပ်အဖြစ် ပြည်သူများကို အလုပ်အကျွေးပြု ကာကွယ်စောင့်ရှောက်နိုင်ရန် စဉ်ဆက်မပြတ် ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း အသိပေးထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ကျုံးအတွင်းဘက် နန်းမြို့ရိုးဘေးက ​ဆောင်း​ဘောက်စ်တွေကထွက်လာတဲ့ကျယ်​လောင်တဲ့​သီချင်းသံ​တွေက ကျုံးပတ်ဝန်ကျင်ကိုဖုံးလွှမ်းနေပါတယ်။လူငယ်အများစုနဲ့ လူကြီးအချို့ပါဝင်တဲ့ အပြေးပြိုင်ပွဲအပြီးစည်ဘီယာတွေအပိုင်းလိုက်ထောင်ကာ အောင်ပွဲခံ အော်ဟစ် နေကြတာပါ။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အနေဖြင့်ပြည်သူတို့ရဲ့အသက်၊ခန္ဓာနဲ့ အနာဂတ်အတွက်စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊လူထုကို ကာကွယ်ရေး၊ လုံခြုံရေးဆိုင်ရာပြုပြင်ပြောင်းလဲရေးမှာ ပါဝင်ရေးမဏ္ဍိုင်သုံးရပ်နဲ့ ရှေ့သို့အရှိန်အဟုန်မပျက်ချီတက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ PDF တပ်မတော်ကအောက်တိုဘာ ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့ကို (၁၃)မိုင်နီးပါး စက်ဘီးနင်းပြီး အလုပ်သွားလုပ်ရတဲ့ ပန်းရံသမားတစ်ဦး အလုပ်ကအပြန် ပျောက်ဆုံးသွားခဲ့ပြီး ကျန်ရစ်တဲ့ ကိုယ်ဝန်ဆောင်ဇနီးသည်နဲ့ ကလေး ၂ဦး အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့မှာ အဆိုတော်ဘန်နီဖြိုးစတိတ်ရှိုးပွဲလာတဲ့ ကား​တချို့ ရပ်ထားချိန် ကားမှန်တွေအခွဲခံပြီး ပစ္စည်းတွေ ခိုးယူခံလိုက်ကြောင်း သတင်းရရှိပါတယ်။

Facebook