Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်နဲ့ မန္တလေး PDF ၁၈ ရက်အတွင်း တိုက်ပွဲ ၂၂ ပွဲဖြစ်ပွား

စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ နီးပါး အကျအဆုံးရှိပြီး ဧပြီလ ၂၂ ရက်က တိုက်ပွဲမှာ အိမ်စီးကားနဲ့ သတင်းလာထောက်လှမ်းတဲ့ ခလရ (၁၄၇) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး မြတ်မင်းထွန်းကို အသေဖမ်းမိခဲ့တယ်လို့လည်း NUG က ဆိုထားပါတယ်။

တိုက်ပွဲအတွင်း သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတွေကို NUG ကာကွယ်ဝန်ကြီးဌာနက ထုတ်ပြန်ထားပုံ
တိုက်ပွဲအတွင်း သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတွေကို NUG ကာကွယ်ဝန်ကြီးဌာနက ထုတ်ပြန်ထားပုံ

ရှမ်းပြည်နယ် မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ မန္တလေး PDF တို့ကြား ၁၈ ရက်အတွင်း တိုက်ပွဲကြီး တိုက်ပွဲငယ် ၂၀ ကျော် ဖြစ်ပွားခဲ့ပါတယ်။

NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စာရင်းအရ ဧပြီလ ၅ ရက်ကနေ ဧပြီလ ၂၂ ရက်အထိ တိုက်ပွဲကြီး ၄ ပွဲနဲ့ တိုက်ပွဲငယ် ၁၈ ပွဲ ဖြစ်ပွားတာလို့သိရပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့ ဒေသဟာ ရှမ်း ပြည်နယ်နဲ့ မန္တလေးတိုင်းအစပ် နောင်ချိုနဲ့ ပြင်ဦး လွင် အကြားမှာဖြစ်ပွားတာပါ။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ခြေလျင် ၊ခြေမြန်တပ်တွေ သုံးပြီး အင်အား ၉၀၀ ခန့်နဲ့ တိုက်သလို လေကြောင်းပစ်ကူ ၊လက်နက်ကြီး ပစ်ကူပါ သုံးခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

တိုက်ပွဲကာလအတွင်း အရပ်သား ၇ ဦး ဆုံးပါးပြီး PDF တပ်ဖွဲ့ဝင် ၁၁ ဦးကျဆုံးတယ်လို့ NUG က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ နီးပါး အကျအဆုံးရှိပြီး ဧပြီလ ၂၂ ရက်က တိုက်ပွဲမှာ အိမ်စီးကားနဲ့ သတင်းလာထောက်လှမ်းတဲ့ ခလရ (၁၄၇) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး မြတ်မင်းထွန်းကို အသေဖမ်းမိခဲ့တယ်လို့လည်း NUG က ဆိုထားပါတယ်။

စစ်ကောင်စီဘက်ကတော့ နောင်ချိုမြို့နယ်ထဲက တိုက်ပွဲတွေနဲ့ပတ်သက်ပြီး တစုံတရာ ထုတ်ပြန်တာမရှိပါဘူး။

ဆက်စပ်သတင်းများ

သတင်း

ဒီဇင်ဘာ ၁၀ ရက်မှာ တနိုင်ငံလုံး လူထုတရပ်လုံးက “အပြင်မထွက်၊ အသံတိတ်သပိတ်ကြီး” (Silent Strike)ဆင်နွှဲမယ်လို့အသိ​ပေး

သတင်း

စစ်တပ်ထိခိုက်ဒဏ်ရာရသူများလို့ KK Park ထဲကအ​ဆောက်အအုံတစ်လုံးကို​ရှေ့တန်း​ယာယီဆေးရုံလုပ်ထားလို့ထိုင်းသတင်းဌာန​တွေ​​ဖော်ပြ

သတင်း

မန္တ​လေးမြို့မှာ ဒီဇင်ဘာ ၃ ရက်မနက်မနက်ပိုင်းမှာ စစ်တပ်​ရွေး​ကောက်ပွဲ ဆန့်​ကျင်​ကြောင်းဆန္ဒပြသွားသလိုဒီ​နေ့ အာဏာသိမ်းခေါင်းဆောင်ပါ ရောက်လာတာ​ကြောင့် စစ်တပ်က မြို့တွင်းကို RPGထမ်းကာ ခြေလျင်ကင်းလှည့်ခဲ့တယ်လို့ မြို့ခံ တွေက​ပြောပါတယ်။

သတင်း

မန္တလေးမြို့ ၊ မဟာအောင်မြေမြို့နယ်ရှိ ပေါက်ကျိုင်းလက်ဖက်ရည်ဆိုင် ဒီနေ့ ( ဒီဇင်ဘာလ ၄ ရက်) မနက် ၇ နာရီခွဲကျော်က မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။