Connect with us

Hi, what are you looking for?

သတင်း

မန္တလေး မြရည်နန္ဒအိမ်ရာအနီး မှာ အမျိုးသားအလောင်းထပ်တွေ့

အလောင်းတွေ့တဲ့နေရာဟာ မြရည်နန္ဒာ အိမ်ရာ အရှေ့ဘက် ၁၂၀ လမ်း နဲ့ သန့်ဇင်ကုန်းကျေးရွာဒေါင့် မှာ ဒီမနက် ၁၀ နာရီဝန်းကျင်က တွေ့ခဲ့ရတာပါ။

မန္တလေး မြရည်နန္ဒအိမ်ရာအနီး မှာ အမျိုးသားအလောင်းထပ်တွေ့
မန္တလေး မြရည်နန္ဒအိမ်ရာအနီး မှာ အမျိုးသားအလောင်းထပ်တွေ့

မန္တလေး ပုသိမ်ကြီးမြို့နယ်၊ မြရည်နန္ဒာအိမ်ရာ အနီး လမ်းဘေး မြေကွက်လပ်မှာလူလတ်ပိုင်းအမျိုးသား ရုပ်အလောင်းကို ဒီနေ့မနက်ပိုင်းမှာ တွေ့ခဲ့ရတယ်လို့ လူမှုကူညီရေးအသင်းထံကသိရပါတယ်။

အလောင်းတွေ့တဲ့နေရာဟာ မြရည်နန္ဒာ အိမ်ရာ အရှေ့ဘက် ၁၂၀ လမ်း နဲ့ သန့်ဇင်ကုန်းကျေးရွာဒေါင့် မှာ ဒီမနက် ၁၀ နာရီဝန်းကျင်က တွေ့ခဲ့ရတာပါ။

သေဆုံးသူအမျိုးသားဟာ အသက် ၃၀ ဝန်းကျင်ရှိပြီး ပြင်ပ ဒဏ်ရာမတွေ့ရဘူးလို့လည်း သိရပါတယ်။

မန္တလေး မြရည်နန္ဒအိမ်ရာအနီး မှာ အမျိုးသားအလောင်းထပ်တွေ့
မန္တလေး မြရည်နန္ဒအိမ်ရာအနီး မှာ အမျိုးသားအလောင်းထပ်တွေ့

“အခုဖြစ်တဲ့နေရာဝန်းကျင်တလျောက် အလောင်းတွေလာလာပစ်ကြတာ”လို့ လူမှုကူညီရေးအသင်းအဖွဲ့ဝင်တစ်ဦးကဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဇွန်လ ၂၈ ရက်လည်း မြရည်နန္ဒအိမ်ရာအနီး ၁၂၀ လမ်း နား မြေကွက်လပ်မှာပဲအမျိုးသားအလောင်း တစ်လောင်းတွေ့ခဲ့တာရှိပါတယ်။

မန္တလေးမှာ ပြီးခဲ့တဲ့ တစ်ပတ်တာအတွင်း စွန့်ပစ်ထားတဲ့ အမျိုးသား ရုပ်အလောင်း ၆ လောင်းတွေ့ခဲ့ရပြီး အဲဒီမှာအချို့ဟာ သတ်ဖြတ်ခံထားရတဲ့လက္ခဏာတွေ တွေ့ရတယ်လို့ လူမှုကူညီရေးအသင်းထံကတဆင့်သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္ဆလေးမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ဇာတ်မင်းသား အောင်ဇမ္ဗူရဲ့ ဖျော်ဖြေပွဲကို ၃ ရက်ကြိုတင်ကာ ညအိပ်စောင့်ပြီး လက်မှတ်လာတန်းကြတဲ့ ပရိသတ်တွေ မိုးမိပြီး ဒုက္ခရောက်ခဲ့ကြပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ထောင်ကျခံပြီးသား တပ်ပြေးတစ်ဦးကို စသ်ကောင်စီလက်အောက်ခံ ရာအိမ်မှူးက ဖမ်းဆီးပြီး စစ်မှုထမ်းထဲ ပြန်ထည့်လိုက်ကြောင်း Voice Of Mandalay အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။