Connect with us

Hi, what are you looking for?

သတင်း

ကျိုက်ထီးရိုးတောင်တက်လမ်းရှိ တံတားတစ်စင်းအား မိုင်းခွဲတိုက်ခိုက်ခဲ့ဟု KNLA တပ်မှူးပြော

အဆိုပါတိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်မှုကို ဆက်လက်စုံစမ်းဆဲဖြစ်ပြီး မိတ်ဖက်ပူးပေါင်းတပ်ဖွဲ့များဘက်က ထိခိုက်မှုမရှိဟု ဆိုသည်။

(ဇွန်လ၂၉ရက်က ဘီးလင်းမြို့နယ် ရန်ကုန်- မော်လမြိုင်လမ်းမပေါ်ရှိ ကျုံအိတ်တံတားအား KNLA ပူးပေါင်းတပ် မိုင်းခွဲတိုက်ခိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(ဇွန်လ၂၉ရက်က ဘီးလင်းမြို့နယ် ရန်ကုန်- မော်လမြိုင်လမ်းမပေါ်ရှိ ကျုံအိတ်တံတားအား KNLA ပူးပေါင်းတပ် မိုင်းခွဲတိုက်ခိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

▪️ဘီးလင်း – ကျိုက်ထိုကြားရှိ သံတံတားစစ်ဆေးရေးဂိတ်ကိုလည်း ဒရုန်းဖြင့် ထပ်မံတိုက်ခိုက်

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုးတောင်တက်လမ်းရှိ တံတားတစ်စင်းအား မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၁)နယ်မြေခံတပ်မှူးတစ်ဦးက ပြောသည်။

ယနေ့ (ဇူလိုင် ၆ရက်) မွန်းလွဲ ၃နာရီခန့်တွင် မိုင်းခွဲဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ပုံတော့မရသေးဘူး။ တံတားတစ်ခုလုံးတော့ ပျက်ကျသွားတယ်”ဟု KNLA တပ်မှူးက ပြောသည်။

Public Service Announcement
Public Service Announcement

KNLA ပူးပေါင်းတပ်အနေဖြင့် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်၏ ထောက်ပို့လမ်းကြောင်းကို ဖြတ်တောက်ရန် ရည်ရွယ်ပြီး တံတားများကို တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိရာ နတ်သံကွင်းတံတား၊ ဘီးလင်းမြို့နယ် ရန်ကုန်- မော်လမြိုင်လမ်းမပေါ်ရှိ ကျုံအိတ်တံတားကို မိုင်းခွဲတိုက်ခိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

ယနေ့မွန်းလွဲ ၂နာရီခန့်ကလည်း ကျိုက်ထိုနှင့် ဘီးလင်းအစပ်ရှိ သံတံတား စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ၆ ကြိမ်တိုက်ခိုက်ခဲ့သည်ဟု KNLA တပ်မှူးက ပြောသည်။

အဆိုပါတိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်မှုကို ဆက်လက်စုံစမ်းဆဲဖြစ်ပြီး မိတ်ဖက်ပူးပေါင်းတပ်ဖွဲ့များဘက်က ထိခိုက်မှုမရှိဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာ-ထိုင်းနယ်စပ်စစ်တပ်ရဲ့ ဝေါ်လေဗျူဟာကုန်းတပ်စခန်းကို ကရင်လွတ်မြောက်ရေးတပ်မတော်(KNLA)ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေက ထပ်မံထိုးစစ်ဆင်​နေပြီးတိုက်ပွဲ​တွေပြင်းထန်နေတယ်လို့ လူထုနွေဦးရဲ့စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

တိုက်ပွဲဝင်ရဲဘော်တွေနဲ့ အားပေးကူညီသူတွေကို KNU မြိတ်ထားဝယ်ခရိုင်နဲ့ တပ်မဟာ(၄) ဂုဏ်ပြု

သတင်း

တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ်သား ၂ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ မဟာမိတ်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ထံ ဘက်ပြောင်းခိုလှုံလာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် ပိန်းဇလုပ် - သူဌေးကုန်းကြားက မီးရထားလမ်း ဂိတ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၉) က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်က ၅ဦးသေဆုံးခဲ့ပြီး လက်နက် ၅လက်သိမ်းရကြောင်း KNUက ထုတ်ပြန်ပါတယ်။