Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးတွင် စစ်တပ်က ကျေးရွာနှစ်ရွာမှ နေအိမ် ၃၀ခန့် မီးရှို့ဖျက်ဆီး

ဇူလိုင် ၅ ရက်က ခင်ဦးမြို့နယ်ရှိ ကုန်းကြီးကျေးရွာကို အင်အား ၁၀၀ကျော်ပါ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးကာ ဝင်ရောက်တပ်စွဲခဲ့သည်။

(ခင်ဦးနယ်တွင် နေအိမ်နှင့်ကြက်ခြံများအား မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)
(ခင်ဦးနယ်တွင် နေအိမ်နှင့်ကြက်ခြံများအား မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)

▪️ပြည်သူတစ်ဦးကို သတ်ဖြတ်ပြီး ပြည်သူ၂၀ ထက် မနည်း စစ်ယူနီဖောင်းဝတ်ပေးပြီး ဖမ်းဆီးသွား

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်က ကျေးရွာနှစ်ရွာမှ နေအိမ် ၃၀ခန့်နှင့် ပြည်သူတစ်ဦးကို မီးရှို့သတ်ဖြတ်သွားပြီး ပြည်သူ ၂၀ ထက်မနည်း ဖမ်းဆီးသွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

ဇူလိုင် ၅ ရက်က ခင်ဦးမြို့နယ်ရှိ ကုန်းကြီးကျေးရွာကို အင်အား ၁၀၀ကျော်ပါ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးကာ ဝင်ရောက်တပ်စွဲခဲ့သည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်သည် ကုန်းကြီးကျေးရွာမှ နေအိမ် ၂၅လုံး၊ လယ်သစ်တောကျေးရွာမှ နေအိမ် ၂လုံးမီးရှို့သွားပြီး ကုန်းကြီးရွာမှ ပြည်သူတစ်ဦးကို သတ်ဖြတ်ကာ မီးရှို့သွားကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

(ခင်ဦးနယ်တွင် နေအိမ်နှင့်ကြက်ခြံများအား မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)
(ခင်ဦးနယ်တွင် နေအိမ်နှင့်ကြက်ခြံများအား မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)

အဆိုပါစစ်ကြောင်းသည် လမ်းတစ်လျှောက် ဓားစာခံပြည်သူ ၂၀ဦးထက်မနည်း ဖမ်းဆီးသွားပြီး စစ်ယူနီဖောင်းဝတ်ခိုင်းကာ လူသားဒိုင်းအဖြစ်ပြုလုပ်ခဲ့ကြောင်း ၎င်းအဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

“နှစ်ဆယ်ကျော်တယ်။ ဘယ်ရွာတွေကဆိုတာ စာရင်းကောက်နေတယ်။ ရွှေဘိုထဲပြန်ဝင်တဲ့အချိန် မှန်ဘီလူးနဲ့ကြည့်ရေနေတဲ့သူက အရပ်ဝတ်ဆိုလို့နှစ်ယောက်တည်းပါတော့တာတဲ့။ ကျန်တဲ့သူတွေကတော့ စစ်ယူနီဖောင်းနဲ့ဖြစ်သွားတာ။ အမျိုးသမီးတွေကော အမျိုးသားတွေကော။ အရင်တုန်းကလည်း ဓားစာခံပြည်သူတွေကို စစ်ယူနီဖောင်းဝတ်ပေးတာရှိတယ်။ မဝတ်ပေးတာရှိတယ်။ ဒီတခါတော့အများဆုံးပဲ”ဟု ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး အဖွဲ့ဝင်တစ်ဦးက ပြောသည်။

(ခင်ဦးနယ်တွင် နေအိမ်နှင့်ကြက်ခြံများအား မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)
(ခင်ဦးနယ်တွင် နေအိမ်နှင့်ကြက်ခြံများအား မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)

ထို့အပြင် စစ်ကောင်စီတပ်သည် ကြက်မွေးမြူရေးခြံ ၁၂ခြံကိုလည်း မီးရှို့ခဲ့သောကြောင့် အသားစားကြက်(CP)အကောင်ရေ ၄၀,၀၀၀ ကျော် ဆုံးရှုံးခဲ့ရကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ စစ်ကြောင်းသည် ယနေ့ (ဇူလိုင်၇ရက်)နံနက်ပိုင်းတွင် အင်အား ၁၀၀ကျော်ဖြင့် ရွှေဘိုလေ့ကျင့်ရေး(၈)သို့ ဝင်ရောက်သွားကြောင်း သတင်းရရှိသည်။

(ခင်ဦးနယ်တွင် နေအိမ်နှင့်ကြက်ခြံများအား မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)
(ခင်ဦးနယ်တွင် နေအိမ်နှင့်ကြက်ခြံများအား မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)

စစ်ကောင်စီတပ် စစ်ကြောင်းရန်ကြောင့် ဒေသခံငါးထောင်ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး အကူအညီများလိုအပ်နေကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မလှိုင်မြို့နယ်တောင်ဘက်ပိုင်းကို တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေပြီး မိတ္ထီလာ-‌ ကျောက်ပန်းတောင်းလမ်းပိုင်းကို အင်အားဖြည့်တာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ရခိုင်ပြည်နယ်က ရှေးဟောင်းမြို့တော်ဖြစ်တဲ့ မြောက်ဦးမြို့အနီးဝန်းကျင်နေရာတွေကို ဂျက်ဖိုက်တာ ၆စီး၊ ထောက်ပို့လေယာဉ် Y12တို့နဲ့ အုပ်စုလိုက် ဒီ​နေ့ညမှာဗုံးကြဲနေပြီးအလုံးရေဆယ်ချီရှိနေပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။