Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ခင်ဦးတွင် စစ်တပ်က ကျေးရွာနှစ်ရွာမှ နေအိမ် ၃၀ခန့် မီးရှို့ဖျက်ဆီး

ဇူလိုင် ၅ ရက်က ခင်ဦးမြို့နယ်ရှိ ကုန်းကြီးကျေးရွာကို အင်အား ၁၀၀ကျော်ပါ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးကာ ဝင်ရောက်တပ်စွဲခဲ့သည်။

(ခင်ဦးနယ်တွင် နေအိမ်နှင့်ကြက်ခြံများအား မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)
(ခင်ဦးနယ်တွင် နေအိမ်နှင့်ကြက်ခြံများအား မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)

▪️ပြည်သူတစ်ဦးကို သတ်ဖြတ်ပြီး ပြည်သူ၂၀ ထက် မနည်း စစ်ယူနီဖောင်းဝတ်ပေးပြီး ဖမ်းဆီးသွား

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်က ကျေးရွာနှစ်ရွာမှ နေအိမ် ၃၀ခန့်နှင့် ပြည်သူတစ်ဦးကို မီးရှို့သတ်ဖြတ်သွားပြီး ပြည်သူ ၂၀ ထက်မနည်း ဖမ်းဆီးသွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

ဇူလိုင် ၅ ရက်က ခင်ဦးမြို့နယ်ရှိ ကုန်းကြီးကျေးရွာကို အင်အား ၁၀၀ကျော်ပါ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးကာ ဝင်ရောက်တပ်စွဲခဲ့သည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်သည် ကုန်းကြီးကျေးရွာမှ နေအိမ် ၂၅လုံး၊ လယ်သစ်တောကျေးရွာမှ နေအိမ် ၂လုံးမီးရှို့သွားပြီး ကုန်းကြီးရွာမှ ပြည်သူတစ်ဦးကို သတ်ဖြတ်ကာ မီးရှို့သွားကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

(ခင်ဦးနယ်တွင် နေအိမ်နှင့်ကြက်ခြံများအား မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)
(ခင်ဦးနယ်တွင် နေအိမ်နှင့်ကြက်ခြံများအား မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)

အဆိုပါစစ်ကြောင်းသည် လမ်းတစ်လျှောက် ဓားစာခံပြည်သူ ၂၀ဦးထက်မနည်း ဖမ်းဆီးသွားပြီး စစ်ယူနီဖောင်းဝတ်ခိုင်းကာ လူသားဒိုင်းအဖြစ်ပြုလုပ်ခဲ့ကြောင်း ၎င်းအဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

“နှစ်ဆယ်ကျော်တယ်။ ဘယ်ရွာတွေကဆိုတာ စာရင်းကောက်နေတယ်။ ရွှေဘိုထဲပြန်ဝင်တဲ့အချိန် မှန်ဘီလူးနဲ့ကြည့်ရေနေတဲ့သူက အရပ်ဝတ်ဆိုလို့နှစ်ယောက်တည်းပါတော့တာတဲ့။ ကျန်တဲ့သူတွေကတော့ စစ်ယူနီဖောင်းနဲ့ဖြစ်သွားတာ။ အမျိုးသမီးတွေကော အမျိုးသားတွေကော။ အရင်တုန်းကလည်း ဓားစာခံပြည်သူတွေကို စစ်ယူနီဖောင်းဝတ်ပေးတာရှိတယ်။ မဝတ်ပေးတာရှိတယ်။ ဒီတခါတော့အများဆုံးပဲ”ဟု ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး အဖွဲ့ဝင်တစ်ဦးက ပြောသည်။

(ခင်ဦးနယ်တွင် နေအိမ်နှင့်ကြက်ခြံများအား မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)
(ခင်ဦးနယ်တွင် နေအိမ်နှင့်ကြက်ခြံများအား မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)

ထို့အပြင် စစ်ကောင်စီတပ်သည် ကြက်မွေးမြူရေးခြံ ၁၂ခြံကိုလည်း မီးရှို့ခဲ့သောကြောင့် အသားစားကြက်(CP)အကောင်ရေ ၄၀,၀၀၀ ကျော် ဆုံးရှုံးခဲ့ရကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ စစ်ကြောင်းသည် ယနေ့ (ဇူလိုင်၇ရက်)နံနက်ပိုင်းတွင် အင်အား ၁၀၀ကျော်ဖြင့် ရွှေဘိုလေ့ကျင့်ရေး(၈)သို့ ဝင်ရောက်သွားကြောင်း သတင်းရရှိသည်။

(ခင်ဦးနယ်တွင် နေအိမ်နှင့်ကြက်ခြံများအား မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)
(ခင်ဦးနယ်တွင် နေအိမ်နှင့်ကြက်ခြံများအား မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)

စစ်ကောင်စီတပ် စစ်ကြောင်းရန်ကြောင့် ဒေသခံငါးထောင်ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး အကူအညီများလိုအပ်နေကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက မြဝတီမြို့ကို ဆက်သွယ်ရေးဖုန်းလိုင်းများ ဖြတ်တောက်ထားကြောင်းလည်း ဒေသခံများက ပြောသည်။

သတင်း

၂၀၂၃ ဩဂုတ်တွင် မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်အရေအတွက်က ၁,၀၀၀အောက်အထိ ကျဆုံးခဲ့သော်လည်း ၂၀၂၃ ဒီဇင်ဘာမှစ၍ တဖြေးဖြေး ပြန်မြင့်တက်လာခဲ့ရာ မတ်လအတွင်း နေအိမ် ၂,၈၃၁လုံး မီးရှို့ခံခဲ့ရကြောင်း အသိပေးသည်။

သတင်း

ရေမျက်နီရွာအတွင်း စစ်ကောင်စီတပ်အထိုင်ချထားသည့် ရဲစခန်းကို ဒေသခံကာကွယ်ရေးတပ်များက ၂၀၂၃ ဒီဇင်ဘာအတွင်းက တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းအသုံးပြု ကာကွယ်ခဲ့ရသည်။

သတင်း

နေအိမ်မီးလောင်၍ မီးငြှိမ်းသတ်သည့် ပြည်သူတစ်ဦးကိုလည်း စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်သွားကြောင်း ဒေသခံများက ပြောသည်။