Connect with us

Hi, what are you looking for?

သတင်း

လိုင်လင်းပီမြို့ တိုက်ပွဲ စစ်ကောင်စီတပ် ၄ဦးသေ၊ ဒဏ်ရာရသူများရှိဟု CDF MARA ​ပြော

CDF-MARA အနေဖြင့် ယခင်ကလည်း လိုင်လင်းပီတစ်ဝိုက်၌ စစ်ကောင်စီတပ်နှင့် တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့ဖူးသည်။ ထို့ပြင် ဒေသတွင်း ချင်းတပ်ဖွဲ့များနှင့် ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်မှုများလည်းရှိသည်။

(CDF-Mara တပ်ဖွဲ့ဝင်အချို့ ။ ဓါတ်ပုံ-CJ)
(CDF-Mara တပ်ဖွဲ့ဝင်အချို့ ။ ဓါတ်ပုံ-CJ)

ချင်းပြည်နယ် မတူပီမြို့နယ် လိုင်လင်းပီမြို့တွင် ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ၄ဦးသေဆုံးကာ၅ဦးထက်မနည်းဒဏ်ရာရရှိခဲ့ကြောင်းချင်းကာကွယ်ရေးတပ်-မာရာ(CDF-MARA)မှ​ပြော​ရေးဆိုခွင့်ရှိသူက​ပြောသည်။

ဇူလိုင် ၈ရက် မွန်းလွဲပိုင်းက CDF-MARA ထိန်းချုပ်နယ်မြေ ဖြစ်သော အမှတ်(၃)တပ်ရင်းနယ်မြေ လိုင်လင်းပီမြို့ပေါ်တွင် နာရီဝက်ကြာ တိုက်ပွဲဖြစ်ခဲ့ခြင်းဖြစ်သည်။

“အဓိကကတော့ ကျနော်တို့ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့ဖြစ်လို့ပါ။ စကစ ဖြုတ်ချရေးက အဓိက မို့လို့ပါ” ဟု CDF-MARA ပြောရေးဆိုခွင့်ရှိသူက လိုင်လင်းပီမြို့ပေါ် စစ်ရေးဆောင်ရွက်ချက်အပေါ် ပြောသည်။

တိုက်ပွဲဖြစ်ရခြင်းမှာ စစ်ကောင်စီက ပြည်သူများအား ခြိမ်းခြောက်ခြင်း၊နှောက်ယှက်ခြင်း၊ မူးယစ်ရမ်းကားပြီး သေနတ်များ ရမ်းသန်းပစ်ဖောက်ခြင်း ပြုလုပ်နေ၍ဖြစ်သည်ဟုလည်းCDF-Maraကထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်က ပြည်သူလူထုများရှိရာသို့ လက်နက်ကြီး၊ လက်နက်ငယ်များ ရမ်းသန်းပစ်ခတ်ခဲ့၍ အရပ်သားပြည်သူ အမျိုးသမီးတစ်ဦး အသက်ဆုံးရှုံးကာ နေအိမ် ၂လုံး မီးလောင်ပြာကျခဲ့သည်ဟု ​ဖော်ပြထားသည်။

CDF-MARA အနေဖြင့် ယခင်ကလည်း လိုင်လင်းပီတစ်ဝိုက်၌ စစ်ကောင်စီတပ်နှင့် တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့ဖူးသည်။ ထို့ပြင် ဒေသတွင်း ချင်းတပ်ဖွဲ့များနှင့် ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်မှုများလည်းရှိသည်။

“စစ်ကူအနေနဲ့တော့ မတူပီဘက် Zotong နယ်ဘက် ၊ ဟားခါး-ထန်တလန်ကြား(တီးမစ်လွင်ပြင်)ဘက်ဆိုပြီး နယ်ခံ ကာကွယ်ရေးတပ်ဖွဲ့တွေကိုတော်တော်များများ ကူညီခဲ့တယ်။” ဟုအထက်ပါပြောရေးဆိုခွင့်ရှိသူက ဆက်​ပြောသည်။

ပြည်သူများအနေဖြင့် စစ်ရေးသတင်း အမြဲသတိရှိရန်နှင့် လိုအပ်ပါက ဘေးကင်းရာသို့ ရွှေ့ပြောင်းနေထိုင်ကြရန် CDF-MARAက တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။