Connect with us

Hi, what are you looking for?

သတင်း

နွားထိုးကြီးတွင် တိုက်ပွဲပြန်ဖြစ်

“တိုက်ပွဲက မိနစ်၂၀လောက်ကြာတယ်။ ဒရုန်းနဲ့လည်းဗုံးကျဲတိုက်ခိုက်တယ်။ အပြန်အလှန်လည်းပစ်ခတ်တိုက်ခိုက်ခဲ့ကြတယ်။”ဟု နွားထိုးကြီးနယ်ခံတစ်ဦးက ဆိုသည်။

(နွားထိုးကြီးနှင့် မြင်းခြံမြို့နယ်တို့ကို Google Map တွင်​တွေ့ရမှု)
(နွားထိုးကြီးနှင့် မြင်းခြံမြို့နယ်တို့ကို Google Map တွင်​တွေ့ရမှု)

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်အား တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးထက်မနည်း သေဆုံးနိုင်ကြောင်း မြင်းခြံခရိုင်အမှတ်၄ တပ်ရင်း Natogyi People Defence Force အဖွဲ့က ပြောသည်။

ယမန်နေ့ ဇူလိုင်လ ၈ ရက်နေ့က မြင်းခြံနှင့် နွားထိုးကြီးမြို့နယ်အစပ် ယုန်ထိုးကျေးရွာနှင့် ပဲကြီးခင်းကျေးရွာကြားတွင် အင်အား၅၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို NPDF၏ ဗိုလ်တွံတေး ဦးဆောင်သည့်အဖွဲ့နှင့် ထိပ်တိုက်တွေ့ကာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း Natogyi People Defence Force အဖွဲ့က ပြောသည်။

ထိုတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ၅ ဦးခန့် သေဆုံးနိုင်သည်ဟု NPDF အဖွဲ့က ခန့်မှန်းသည်။

“ပွဲတွေ နားထားတယ်ဆိုတာ ပစ္စည်းဆုံးရှုံးမှုများနေလို့ပါ။ မနေ့က အပြန်အလှန်ဆော်ကြတယ်။ ​ေးဘက်က အထိအခိုက်ရှိပေမယ့် ဒရုန်းတစ်စီးဆုံးရှုံးခဲ့ရတယ် ပြန်လည်ဖြည့်တင်းနိုင်ဖို့ နိုင်သလောက်ပါဝင် ကူညီကြပါဦး။”ဟု NPDF အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

သို့သော် စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုအား လူထုနွေဦးက ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

“တိုက်ပွဲက မိနစ်၂၀လောက်ကြာတယ်။ ဒရုန်းနဲ့လည်းဗုံးကျဲတိုက်ခိုက်တယ်။ အပြန်အလှန်လည်းပစ်ခတ်တိုက်ခိုက်ခဲ့ကြတယ်။”ဟု နွားထိုးကြီးနယ်ခံတစ်ဦးက ဆိုသည်။

ပြီးခဲ့သည့် ဇွန်လ ၂၀ ရက်နေ့ည၈ နာရီခန့်က ယုန်ထိုးကျေးရွာအနီးတွင် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့ရသည့် ရဲဘော် ၅ ဦးအတွက် လက်တုံ့ပြန်တိုက်ခိုက်ခြင်းဖြစ်ကြောင်း NPDF အဖွဲ့က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့တပ်မတော်(CPA)ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ကြောင်း CPU/CPAက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။