Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

နွားထိုးကြီး – မြင်းခြံလမ်းပိုင်းတွင် စစ်ဆေးရေးလုပ်နေသော စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်

စစ်ကောင်စီတပ်သည် မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ – တောင်သာလမ်း၊ တောင်သာ – မလှိုင်လမ်းပိုင်းများတွင်လည်း ကင်းပုန်းများချကာ စစ်ဆေးနေကြောင်း ဒေသခံများက ပြောသည်။

(မန္တလေးတိုင်း၊ နွားထိုးကြီးမြို့အဝင် တစ်နေရာအား တွေ့ရစဉ်။ဓာတ်ပုံ - CJ)
(မန္တလေးတိုင်း၊ နွားထိုးကြီးမြို့အဝင် တစ်နေရာအား တွေ့ရစဉ်။ဓာတ်ပုံ - CJ)

​မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ နွားထိုးကြီး – မြင်းခြံလမ်းပိုင်းတွင် စစ်ဆေးရေးလုပ်နေသော စစ်ကောင်စီတပ်အား ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း Myingyan District Drone Strike Team အဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့ (ဧပြီ ၂၃ရက်)က နွားထိုးကြီး – မြင်းခြံလမ်းပိုင်းရှိ သာယာကုန်းကျေးရွာတွင် စစ်‌ဆေးရေးလုပ်နေသော စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံး နှစ်ကြိမ်ချ တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုကြောင့် စစ်သား ငါးဦးသေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း Myingyan District Drone Strike Team အဖွဲ့က ပြောသည်။

“သာယာကုန်းရွာမှာ တပ်တော့မစွဲထားဘူး။ ဂိတ်လာချထားတာ”ဟု မြင်းခြံခရိုင်တပ်ရင်းအမှတ်(၄) NPDF အဖွဲ့ တာဝန်ခံက ပြောသည်။

Public Service Announcement
Public Service Announcement

အဆိုပါ တိုက်ခိုက်မှုကို Myingyan District Drone Strike Team ( MDDS )၊ မြင်းခြံခရိုင်တပ်ရင်းအမှတ်(၁)၊ မြင်းခြံခရိုင်တပ်ရင်းအမှတ်(၃)၊ မြင်းခြံခရိုင်တပ်ရင်းအမှတ်(၄) နှင့် မြင်းခြံခရိုင်တပ်ရင်းအမှတ် (၈)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။ သို့သော် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုနှင့်ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်မပြုနိုင်သေးပေ။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ – တောင်သာလမ်း၊ တောင်သာ – မလှိုင်လမ်းပိုင်းများတွင်လည်း ကင်းပုန်းများချကာ စစ်ဆေးနေကြောင်း ဒေသခံများက ပြောသည်။

ဧပြီ ၂၂ ရက် နေ့လယ်ပိုင်းကလည်း မြင်းခြံ – နွားထိုးကြီးလမ်းပိုင်းပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် အိမ်စီးကား တစ်စီးအား သာယာကုန်းကျေးရွာအနီး ဆွဲတိုက်ခိုက်ခဲ့ရာ စစ်သားတစ်ဦး ပွဲချင်းပြီးသေဆုံးပြီး သုံးဦး အပြင်းအထန်ဒဏ်ရာရရှိကြောင်း NPDF အဖွဲ့က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။