Connect with us

Hi, what are you looking for?

သတင်း

လွိုင်​ကော်မြို့ အဝင်တွင် စစ်တပ်ယာဥ်တန်းတိုက်ခိုက်ခံရ

ကရင်နီဒေသ၌ အထိနာနေသော စစ်ကောင်စီက ရှမ်း ပြည်နယ်အခြေစိုက်တပ်များဖြင့် စစ်သားအင်အားဖြည့်တင်းရန် အတွက်ပင်လောင်-ဖယ်ခုံ-မိုးဗြဲ မှတဆင့် လွိုင်ကော်သို့ မကြာခဏ ပို့ဆောင်နေသည်။

(၂၀၂၃ခုနှစ်မေလ က လွိုင်ကော်-မိုးဗြဲ လမ်းမကြီး တစ်နေရာတွင် စစ်ကောင်စီယာဥ်တန်းကို ကရင်နီပူးပေါင်းတပ် က တိုက်ခိုက်ခဲ့စဥ် ။ဓာတ်ပုံ- ဖယ်ခုံ PDF)
(၂၀၂၃ခုနှစ်မေလ က လွိုင်ကော်-မိုးဗြဲ လမ်းမကြီး တစ်နေရာတွင် စစ်ကောင်စီယာဥ်တန်းကို ကရင်နီပူးပေါင်းတပ် က တိုက်ခိုက်ခဲ့စဥ် ။ဓာတ်ပုံ- ဖယ်ခုံ PDF)

▪︎စစ်တပ်ကအထိနာ၍ အနီးရှိ​ကျေးရွာများဘက်သို့လက်နက်ကြီးဖြင့်ပစ်၍ ပြည်သူအချို့​သေဆုံးဒဏ်ရာရ

လွိုင်ကော်မြို့အဝင်တွင် စစ်ကောင်စီယာဥ်တန်း တိုက်ခိုက်ခံရပြီး ထိခိုက်မှုများရှိကြောင်း​ဒေသခံများက​ပြောသည်။

ယနေ့(ဇူလိုင် ၁၁ ရက်) နံနက် ၇ နာရီဝန်းကျင်တွင် စစ်ကားအစီးရေ ၁၅ စီးပါသည့် ယာဥ်တန်းကို ကရင်နီပူးပေါင်းတပ်က လွိုင်ကော်-မိုးဗြဲ လမ်းမပေါ်၌ ကြားဖြတ်တိုက်ခိုက်ခြင်းဖြစ်​ကြောင်းသိရသည်။

“မြို့ထဲကို (၇)စီးပဲပြန်ဝင်လာတယ်။အထိနာလို့ နွားလဝိုး ၊ကယန်းသာယာ ဘက်ကိုစကစဘက်ကလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ ထိခိုက်သေဆုံးမှု ရှိနေပြီး ပြည်သူ့အိုးအိမ် ပျက်စီးမှုရှိနေပါတယ်”ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်ကပြောသည်။

စစ်ကောင်စီယာဥ်တန်းကို တိုက်ခိုက်မှု ဖြစ်စဥ်နှင့်ဆက်စပ်၍ သက်ဆိုင်ရာ တပ်ဖွဲ့ဝင်များက သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

Public Service Announcement

Public Service Announcement

သို့သော် စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် နွားလဝိုး ရွာသား တစ်ဦးလက်နက်ကြီးကျည်ထိမှန်၍ အသက်ဆုံးရှုံး ခဲ့ပြီးကယန်းသာယာရွာမှပြည်သူ တစ်ဦးနှင့် ကုန်းသာ ကျေးရွာ ရှိ ပြည်သူ အချို့ ထိခိုက် ဒဏ်ရာရထားကြောင်း လွိုင်ကော်မြို့ခံလူမှုကူညီရေး အဖွဲ့ဝင်တစ်ဦးက အသိပေးသည်။

ထို့​ကြောင့် လွိုင်ကော် -လွိုင်လင်လေးဖက်နှင့် လွိုင်ကော် – ကယန်းသာယာ-မိုးဗြဲလမ်းကို ပြည်သူများ အသုံးမပြုသေးရန်နှင့် ဂရုစိုက်သွားလာရန် ကရင်နီတပ်ဖွဲ့ဝင်များက တိုက်တွန်းသည်။

ကရင်နီဒေသ၌ အထိနာနေသော စစ်ကောင်စီက ရှမ်း ပြည်နယ်အခြေစိုက်တပ်များဖြင့် စစ်သားအင်အားဖြည့်တင်းရန် အတွက်ပင်လောင်-ဖယ်ခုံ-မိုးဗြဲ မှတဆင့် လွိုင်ကော်သို့ မကြာခဏ ပို့ဆောင်နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ရဲ့ ရန်ကြောင့် စစ်ရှောင်နေရတဲ့ ပြည်သူတွေကို စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ ဆေးဝါးတွေ ထောက်ပံ့ကူညီပေးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁)စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာနက ထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့လို့ အရပ်သားပြည်သူအစုလိုက်၊ အပြုံလိုက်သေဆုံးထိခိုက်ခဲ့ရကြောင်း အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာကို အာဏာသိမ်းစစ်တပ်က ဒီနေ့ နေ့လယ်ပိုင်းမှာ ဂျက်ဖိုက်တာ ၂စီး နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားထိခိုက်မှုတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပြည်ပရောက်နေသူတွေက တော်လှန်ရေးအင်အားစုတွေကို ပံ့ပိုးတာဟာ ပြည်တွင်းကသူတွေကို ထိခိုက်ဆူံရှုံးမှုပိုဖြစ်စေတယ်ဆိုတဲ့ စစ်တပ်အလိုကျဝါဒ ဖြန့်သူတွေများလာတာကြောင့် ပြည်သူတွေအနေနဲ့ သေချာစဉ်းစားပြီး တုံ့ပြန်ကြဖို့ အဆိုတော် လင်းလင်းက တိုက်တွန်းလိုက်ပါတယ်။