Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

လွိုင်ကော်မြို့ တပ်စွဲထားသောစစ်ကောင်စီစခန်းနေရာများအား PDFနှင့် KNDF တိုက်ခိုက်

ယမန်နေ့ နံနက်ပိုင်းက ကယန်းသာယာလမ်းခွဲနှင့် လင်ဖုံလေးကျေးရွာလမ်းခွဲရှိ စစ်ကောင်စီ စခန်းများကို KNDF B -14 ၊ B -02 နှင့် လွိုင်ကော် PDF တို့ပူးပေါင်း၍ တစ်ပြိုင်တည်း တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ရင်း(၁၄)မှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - KNDF
ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ရင်း(၁၄)မှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - KNDF

လွိုင်ကော်မြို့တွင် တပ်စွဲထားသော စစ်ကောင်စီ စခန်းနေရာများအား ဝင်တိုက်ရာ စစ်ကောင်စီ တပ်သားလေးဦးသေဆုံးကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း – ၁၄ က ယနေ့ထုတ်ပြန်သည်။

ယမန်နေ့ နံနက်ပိုင်းက ကယန်းသာယာလမ်းခွဲနှင့် လင်ဖုံလေးကျေးရွာလမ်းခွဲရှိ စစ်ကောင်စီ စခန်းများကို KNDF B -14 ၊ B -02 နှင့် လွိုင်ကော် PDF တို့ပူးပေါင်း၍ တစ်ပြိုင်တည်း တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်စခန်းများကို မိနစ် ၂၀ကျော်ကြာ တိုက်ခိုက်ခဲ့ပြီးမှုအတွင်း စစ်ကောင်စီဖက်မှ ကယန်းသာယာလမ်းခွဲစခန်းတွင် နှစ်ဦး ၊ လင်ဖုံလေးလမ်းခွဲတွင် နှစ်ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများရှိကြောင်း အတည်ပြုနိုင်ခဲ့ကြောင်း KNDF တပ်ရင်း – ၁၄က ပြောသည်။

ထို့အပြင် ပူးပေါင်းတပ်ဖွဲ့များဖက်မှ အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း ဖော်ပြသည်။

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီမှ လွိုင်ကော်မြို့နယ်အတွင်း စစ်ကြောင်းထိုး လှုပ်ရှာခြင်းများပြုလုပ်နေသလို လက်နက်ကြီးများဖြင့်လည်း နေ့စဥ်ရမ်းသမ်းပစ်ခက်ခြင်းများ ပြုလုပ်နေကြောင်း အသိပေးသည်။

“ လွိုင်ကော် -ဘုရားဖြူ၊လွိုင်ကော် -ဇရပ်ဖြူ- ဒေါတမကြီး-ဘောလခဲလမ်း၊လွိုင်ကော်-မိုးဗြဲ -ဖယ်ခုံ စတဲ့ လမ်းတွေမှာ စကစဘက်က စစ်ကြောင်းဝင်နေတာရှိသလို အချိန်မရွေးတိုက်ပွဲတွေကက ရှိလည်းရှိနေတယ်။အဓိကတော့ သူတို့စစ်ကြောင်းတွေ ပိုလှုပ်လာတယ်” ဟု ကရင်နီဒေသခံသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် ခရီးဝေးသွားလာခြင်းများအား စစ်ရေးအခြေနေများကို အလေးထားဆင်ခြင်ပြီးမှသာ သွားလာရန် KNDF တပ်ရင်း – ၁၄က မေတ္တာရပ်ခံသည်။

ဖေဖော်ဝါရီ ၄ရက်ကလည်း လွိုင်ကော်မှ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ ၁၅ဦး ထက်မနည်းထိခိုက်သေဆုံးကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဖယ်ခုံဇုန်က ယနေ့ ထုတ်ပြန်ထားသည်။

You May Also Like

သတင်း

ကိုကောင်းဆက်ပိုင်အား စစ်ကောင်စီ ဖက်ဆစ်ခုံရုံးက မတရားစွဲဆိုထားသော ၅၀၅(က)၊ ၅၀(ည) ပုဒ်မတို့ဖြင့် ထောင်ဒဏ် တသက်တကျွန်းအမိန့်ချလိုက်ခြင်း ဖြစ်ကြောင်း ဗကသများအဖွဲ့ချုပ်က ဆိုသည်။

သတင်း

စစ်ကောင်စီ၏ ထိုးစစ်ဆင်နေသည့်ကာလအတွင်း ကရင်နီဒေသသို့ မတ်လ ၁၅ရက်က ဒုတိယ စစ်ခေါင်းဆောင်စိုးဝင်း လာရောက်ခဲ့ပြီး " တုံးတိုက်တိုက်၊ ကျားကိုက်ကိုက် စိတ်ဓာတ်၊ လှေခွက်ချည်းကျန် အလံမလှဲ စိတ်ဓာတ်တွေနဲ့ မဆုတ်မနစ် စစ်တိုက်ကြဖို့"ဟု မှာကြားမှုရှိသည်ဟု ဆိုသည်။

သတင်း

စစ်ကောင်စီတပ်သည် လွန်ခဲ့သည့် နှစ်လခန့်ကလည်း မံဝိန်းကြီး၊ စီမူကြီး ၊ စီမူလေးဘက် စစ်ကြောင်းထိုး၍ တိုက်ပွဲဖြစ်ပွားခဲ့ဖူးပြီး ယခု ထပ်မံ၍ စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။

သတင်း

ခင်ဦးမြို့နယ်တွင် စစ်ကောင်စီအာဏာသိမ်းပြီးချိန်မှ ယနေ့အထိ ကျေးရွာပေါင်း ၆၈ရွာမှ နေအိမ် ၄,၁၇၆လုံးအား မီးရှို့ဖျက်ဆီးခံထားရသည်။