Connect with us

Hi, what are you looking for?

သတင်း

ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDOနေ့ အခမ်းအနား ကျင်းပ

ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့မှ ထိပ်ပိုင်းခေါင်းဆောင်များ၊ မဟာမိတ်တပ်ဖွဲ့များ၊ မဟာမိတ်တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် ဒေသခံပြည်သူလူထု တစ်ထောင်ကျော် တက်ရောက်ဂုဏ်ပြုခဲ့သည်ဟု KNU ဗဟိုက သတင်းထုတ်ပြန်ထားသည်။

(ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO) နေ့အခမ်းအနားကို ယမန်နေ့က ကျင်းပနေစဥ်)
(ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO) နေ့အခမ်းအနားကို ယမန်နေ့က ကျင်းပနေစဥ်)

အချင်းချင်းမညီညွတ်ပါက ရန်သူစစ်ကောင်စီ ဖြိုခွင်းစရာမလိုဘဲ ပြိုကွဲသွားမည်ဟု KNDO သတိပေး

ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံ လက်နက်ကိုင်တပ်ဖွဲ့ တစ်ခုဖြစ်သော ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO) နေ့အခမ်းအနားကို ယမန်နေ့က KNDO ဌာနချုပ်၌ ကျင်းပခဲ့ရာ KNUနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ထိပ်ပိုင်းခေါင်းဆောင်များ တက်ရောက်ခဲ့သည်။

ထို့ပြင် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့မှ ထိပ်ပိုင်းခေါင်းဆောင်များ၊ မဟာမိတ်တပ်ဖွဲ့များ၊ မဟာမိတ်တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် ဒေသခံပြည်သူလူထု တစ်ထောင်ကျော် တက်ရောက်ဂုဏ်ပြုခဲ့သည်ဟု KNU ဗဟိုက သတင်းထုတ်ပြန်ထားသည်။

အဆိုပါ အခမ်းအနားတွင် KNDO စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စောရှီးလေက အဖွင့်အမှာစကားပြောကြားခဲ့ပြီး KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းမှ ပေးပို့သည့် သဝဏ်လွှာကိုလည်း ဖတ်ကြားခဲ့သည်ဟု ဖော်ပြသည်။

KNDO စစ်ဦးစီးချုပ်၏ KNDOနေ့ ပြောကြားချက်တွင် လူထုမျှော်မှန်းသော ပန်းတိုင်သို့ အမြန် ရောက်ရှိနိုင်ရေး ကရင်တစ်မျိုးသားလုံးနှင့် သက်ဆိုင်သည့် အဖွဲ့အစည်း၏ တိုးတက်ရေးတွင် ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းခဲ့ကြောင်း ကရင်သတင်းဌာန KICက ဖော်ပြသည်။

Public Service Announcement

Public Service Announcement

“ကျနော်တို့ အချင်းချင်း က မညီညွတ်ဘူး လက်တွဲမလုပ်ဆောင်ဘူးဆိုရင် ကိုယ့်ရန်သူဖြစ်တဲ့ စစ်ကောင်စီက အင်အားစိုက် ဖြိုခွင်းစရာ မလိုဘဲ ပြိုကွဲသွားမှာ ဖြစ်တယ်။ ဒါကြောင့် အတူ တကွ ပူးပေါင်းကြပါ”ဟု ဗိုလ်မှူးချုပ် စောရှီးလေမှ ပြောကြားခဲ့သည်။

အခမ်းအနားတွင် ဗဟိုအမြဲတမ်းကော်မတီဝင် ပဒိုစောသမိန်ထွန်းမှ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို ပြောကြားခဲ့ပြီးကေအဲန်ယူကရင်အမျိုးသားအစည်းအရုံး၏ တွဲဘက်အထွေထွေအတွင်းရင်းမှူး(၂) ပဒိုစောလှထွန်းနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ဗဟိုစစ်ဌာနချုပ် ဒုဗိုလ်မှူးကြီး စောလာဖော ဂုဏ်ပြုစကား ပြောကြားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်ကောင်စီရဲ့ ခလရ(၁၀၁)တပ်ရင်းက တပ်ဖွဲဝင်တပ်သား တစ်ဦးကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄)၊ K.N.D.Oတပ်‌ရင်း(၇)ထံ အလင်းဝင် ခိုလှုံလာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)ရှိ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO) တပ်ရင်း(၈)ထံသို့ ကော်သူးလေအာမီ(KTLA)တပ်ဖွဲ့ဝင်များ ပြန်လည်ပူးပေါင်းလာဟု ကရင်သတင်းရင်းမြစ်က ပြောသည်။

သတင်း

မြန်မာ-ထိုင်းနယ်စပ်ရှိ ထိကပလယ် တပ်စခန်းမှ ထွက်ပြေးသည့် စစ်သားများကို KNU ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်က လိုက်လံတိုက်ခိုက်ခဲ့ရာ စစ်တပ်အထိနာခဲ့ဟုကရင်သတင်းရင်းမြစ်တဦးက ပြောသည်။

သတင်း

မြန်မာ-ထိုင်းနယ်စပ်ရှိ စစ်ကောင်စီတပ်စခန်း ၅ခုကို တော်လှန်ရေးပူးပေါင်းတပ်က မေလ နောက်ဆုံးပတ်အတွင်း တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပြီး စစ်ကောင်စီထံမှ လက်နက်ခဲယမ်းများစွာ ရရှိခဲ့သည်။