Connect with us

Hi, what are you looking for?

သတင်း

ရွှေကျင်မြို့နယ်တွင် ၆ရက်အတွင်း တိုက်ပွဲ ၉ကြိမ်ဖြစ်

ဇူလိုင် ၁၄ရက်မှ ၁၉ရက်အထိ အာဏာသိမ်းစစ်ကောင်စီတပ်များ၏ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် တိုက်ပွဲသတင်းချုပ်ကို ဖော်ပြခဲ့ခြင်းဖြစ်သည်။

(အာဏာသိမ်းစစ်ကောင်စီတပ်များ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ထိခိုက်ပျက်စီးဆုံးရှံးရမှုများအား တွေ့ရစဥ်။ဓာတ်ပုံ − ခလယ်လွီထူခရိုင်−သတင်းနှင့်ပြန်ကြားရေး)
(အာဏာသိမ်းစစ်ကောင်စီတပ်များ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ထိခိုက်ပျက်စီးဆုံးရှံးရမှုများအား တွေ့ရစဥ်။ဓာတ်ပုံ − ခလယ်လွီထူခရိုင်−သတင်းနှင့်ပြန်ကြားရေး)

▪︎စစ်ကောင်စီနှင့် ပျူစောထီး ၁၃ဦးသေဟု KNU အသိပေး

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်(ခလယ်လွီထူခရိုင်)ဆောထိ(ရွှေကျင်) မြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများရှိခဲ့ကြောင်း KNU ဗဟိုက ယနေ့ သတင်းထုတ်ပြန်သည်

ဇူလိုင် ၁၄ရက်မှ ၁၉ရက်အထိ အာဏာသိမ်းစစ်ကောင်စီတပ်များ၏ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် တိုက်ပွဲသတင်းချုပ်ကို ဖော်ပြခဲ့ခြင်းဖြစ်သည်။

၆ရက်တာကာလအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်၏ ခမရ-၂၀၊ ခလရ-၂၆၄၊ ခမရ-၆၀၃နှင့် ပျူစောထီးတို့နှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA တပ်ရင်း (၇) လက်အောက်ခံ ပူးပေါင်းတပ်ဖွဲ့ကြား ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲ (၉)ကြိမ် ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ယင်းတိုက်ပွဲများ၌ အာဏာသိမ်းစစ်ကောင်စီတပ်၏ ပူးပေါင်းတပ်ဖွဲဘက်မှ ၁၃ဦး သေဆုံးကာ ၁၁ဦး ဒဏ်ရာရရှိပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း(၇) လက်အောက်ခံ ပူးပေါင်းတပ်ဖွဲ့ဘက်မှ ထိခိုက်ကျဆုံးမှု တစ်စုံတစ်ရာမျှမရှိကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဇူလိုင်၁၄ရက်နေ့မှ ၁၉ရက်အတွင်း စစ်ကောင်စီတပ်၏ ခမရ-၂၀နှင့် ခလရ-၂၆၄မှ တော်ဝိ၊ ပေါက်တော၊ ရေကြည်ချောင်းမှနေ၍ ကောက်မယ့်သူ၊ ချုံအင်း၊ ကွင်းတလာလေး ကျေးရွာတွင်းသို့ လက်နက်ကြီးစုစုပေါင်း ၃၈လုံးကျော်ပစ်ခတ်ခဲ့၍ ကောက်မယ့်သူကျေးရွာမှ ဒေသခံပြည်သူလူထု၏ နေအိမ် နှစ်လုံးနှင့် ကွင်းတလာလေးကျေးရွာမှ နေအိမ် တစ်လုံး မီးလောင်ပျက်စီးခဲ့ရကြောင်း ထုတ်ပြန်သည်။

ထို့အပြင် ခမရ-၂၀မှ ပုဇွန်မြောင်းကျေးရွာတွင်းသို့ ဝင်ရောက်ပြီး နေအိမ် တစ်လုံး ကို မီးရှို့ဖျက်ဆီးခဲ့ကာ ကောက်မယ့်သူကျေးရွာတွင်းရှိ ဒေသခံတစ်ဦး၏ နေအိမ်ကို ဝင်ရောက်မွှေနှောက် ဖျက်ဆီးခဲ့သည်ဟု အသိပေးထားသည်။

စစ်ကောင်စီတပ်သည် ဇူလိုင်၁၈ရက်တွင် သိမ်ဇရပ်မြို့သို့ ဈေးသွားဝယ်သည့် ဆောထိမြို့နယ်၊ ဇီးပြောင်း(၁) ကျေးရွာသား အသက်(၂၅)နှစ်အရွယ် စောချစ်လေးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်းလည်း ဖော်ပြသည်။

ဆောထိမြို့နယ်အတွင်း၌ စစ်ရေး၊ နိုင်ငံရေးပဋိပက္ခကြောင့် စစ်ဘေးရှောင်ရသည့် ကျေးရွာပေါင်း (၁၆) ရွာကျော်ရှိပြီး လူဦးရေစုစုပေါင်း တစ်သောင်းလေးထောင်ကျော်ရှိသည်ဟု အသိပေးထားသည်။

KNU ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း အရေးပေါ်လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင် လိုပါက ကေအဲန်ယူသတင်းနှင့် ပြန်ကြားရေး (ဗဟို) သို့မဟုတ် ကရင်ပြည်တွင်းနေရပ်စွန့်ခွာရသူများကော်မတီ (C.I.D.K.P) သို့ ဆက်သွယ် လုပ်ဆောင် နိုင်ကြောင်း ထုတ်ပြန်ခဲ့ပြီး လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေသည့် ကျောက်ကြီး၊ မုန်း၊ ရွှေကျင် ဒေသအမည်ခံကာ စစ်ရှောင်များအတွက် ကူညီကယ်ဆယ်ရေး လုပ်ဆောင် နေသည်ဆိုသည့် Facebook Page များသည် တကယ့်လက်တွေ့တွင် မည်သည့်ကူညီကယ်ဆယ်ရေး လုပ်ငန်းကိုမျှလုပ်ကိုင်ခြင်း မရှိကြောင်း ပြည်သူ လူထုများကို သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။