Connect with us

Hi, what are you looking for?

သတင်း

ပေါက်မြို့နယ်ရှိ တပ်ကုန်းရွာတိုက်ပွဲ နှစ်ဖက်ထိခိုက်မှုရှိ

စခန်းသိမ်းရန် ရည်ရွယ်ကာ သွားရောက်တိုက်ခိုက်ခဲ့သော်လည်း စစ်ကောင်စီဘက်က လေကြောင်းပစ်ကူခဲ့၍ ဆုတ်ခွာခဲ့ကြောင်း CGF၏ တာဝန်ရှိသူက ဆိုသည်။

ပေါက်မြို့နယ်ရှိ တပ်ကုန်းရွာတိုက်ပွဲ နှစ်ဖက်ထိခိုက်မှုရှိ
ပေါက်မြို့နယ်ရှိ တပ်ကုန်းရွာတိုက်ပွဲ နှစ်ဖက်ထိခိုက်မှုရှိ

မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးစခန်းချရာ တပ်ကုန်းကျေးရွာအား ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျူနှစ်ဦး​သေဆုံးပြီး ပြည်သူ့ရဲဘော် သုံးဦးလည်း ကျဆုံးခဲ့ကြောင်း Chauk Guerilla Force(CGF)၏ တာဝန်ရှိသူက ပြောသည်။

ပေါက်မြို့နယ်ရှိ တပ်ကုန်းကျေးရွာ၌ ပျူစောထီးများနှင့် ပခုက္ကူမြို့ တပ်မ(၁၀၁)မှ စစ်သားများ တပ်စွဲထားကြောင်း၊ ဇူလိုင် ၁၉ ရက် အာဇာနည်နေ့ နံနက် ၆ နာရီခန့်က အဆိုပါကျေးရွာအား ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျူ နှစ်ဦး​သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရရှိကြောင်း CGF ၏ တာဝန်ရှိသူက ပြောသည်။

ထို့အပြင် မဟာမိတ်အဖွဲ့များမှကလည်း ရဲဘော် သုံးဦး ကျဆုံးခဲ့ရကြောင်း ​ဒေသတွင်း တော်လှန်ရေးအင်အားစုများက ပြောသည်။

“လက်နက်ကြီးက အဲဒီ သုံးယောက်ကြားထဲကျတာ။”ဟု ဒေသတွင်း PDF ရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

စခန်းသိမ်းရန် ရည်ရွယ်ကာ သွားရောက်တိုက်ခိုက်ခဲ့သော်လည်း စစ်ကောင်စီဘက်က လေကြောင်းပစ်ကူခဲ့၍ ဆုတ်ခွာခဲ့ကြောင်း CGF၏ တာဝန်ရှိသူက ဆိုသည်။

“အင်အား ၄၀ လောက်ရှိမယ်ထင်တယ်။ကျွန်တော်တို့အဖွဲ့ထဲကတော့ တစ်ယောက်ပဲ မစိုးရိမ်ရကျည်ဒဏ်ရာရခဲ့တာ။ Mi-35လေကြောင်းပစ်ကူလာလို့ ပြန်ဆုတ်ခွာခဲ့ရတာပါ။ တိုက်ပွဲဖြစ်ပြီးတော့ ရွာသစ်ပျူရွာက စစ်ကူ၁၇ယောက်လောက်လာတယ်လို့ တော့ကြားတယ်။”ဟု CGF၏ တာဝန်ရှိသူက ပြောသည်။

အဆိုပါ တိုက်ခိက်မှုကို Chauk Guerilla Force(CGF)၊ ပခုက္ကူခရိုင် တပ်ရင်း (၁၂) YRF၊ မြိုင်(ပကဖ)၊ ပေါက်တောင်ပိုင်း(ပကဖ)၊ ဗိုလ်ကျီးကန်း၊ ပခုက္ကူ PPDF၊ ချောက်(ပကဖ)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၈)၊ ပခုက္ကူ (ပကဖ)တပ်ခွဲ – ၁ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့အနီးအာဏာသိမ်းစစ်တပ်စစ်ကြောင်းတိုးလာလို့ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေကလူထုနွေဦးကို ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံရဲ့ တာ့ခ်ပြည်နယ်ထဲက မဲဆောက်မြို့နယ်နဲ့ ထိစပ်ရာ မြဝတီဖက်ခြမ်း နယ်စပ်ဒေသမှာ အာဏာသိမ်းစစ်တပ်နဲ့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)ဦး​ဆောင်တဲ့တော်လှန်​ရေးတပ်​တွေအကြားတိုက်ပွဲတွေ အပြင်းအထန်ဆက်လက် ဖြစ်ပွားနေတယ်လို့ ထိုင်းမီဒီယာတွေက ဖော်ပြပါတယ်။

သတင်း

ခမရ (၅၈၅)စစ်​ကြောင်းမှူးအပါအဝင်​သေဆုံးထိခိုက်သူများ၊စစ်သား ၆ဦးအလင်းဝင်

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်မှာ တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

Facebook