Connect with us

Hi, what are you looking for?

သတင်း

ပေါက်မြို့နယ်ရှိ တပ်ကုန်းရွာတိုက်ပွဲ နှစ်ဖက်ထိခိုက်မှုရှိ

စခန်းသိမ်းရန် ရည်ရွယ်ကာ သွားရောက်တိုက်ခိုက်ခဲ့သော်လည်း စစ်ကောင်စီဘက်က လေကြောင်းပစ်ကူခဲ့၍ ဆုတ်ခွာခဲ့ကြောင်း CGF၏ တာဝန်ရှိသူက ဆိုသည်။

ပေါက်မြို့နယ်ရှိ တပ်ကုန်းရွာတိုက်ပွဲ နှစ်ဖက်ထိခိုက်မှုရှိ
ပေါက်မြို့နယ်ရှိ တပ်ကုန်းရွာတိုက်ပွဲ နှစ်ဖက်ထိခိုက်မှုရှိ

မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးစခန်းချရာ တပ်ကုန်းကျေးရွာအား ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျူနှစ်ဦး​သေဆုံးပြီး ပြည်သူ့ရဲဘော် သုံးဦးလည်း ကျဆုံးခဲ့ကြောင်း Chauk Guerilla Force(CGF)၏ တာဝန်ရှိသူက ပြောသည်။

ပေါက်မြို့နယ်ရှိ တပ်ကုန်းကျေးရွာ၌ ပျူစောထီးများနှင့် ပခုက္ကူမြို့ တပ်မ(၁၀၁)မှ စစ်သားများ တပ်စွဲထားကြောင်း၊ ဇူလိုင် ၁၉ ရက် အာဇာနည်နေ့ နံနက် ၆ နာရီခန့်က အဆိုပါကျေးရွာအား ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျူ နှစ်ဦး​သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရရှိကြောင်း CGF ၏ တာဝန်ရှိသူက ပြောသည်။

ထို့အပြင် မဟာမိတ်အဖွဲ့များမှကလည်း ရဲဘော် သုံးဦး ကျဆုံးခဲ့ရကြောင်း ​ဒေသတွင်း တော်လှန်ရေးအင်အားစုများက ပြောသည်။

“လက်နက်ကြီးက အဲဒီ သုံးယောက်ကြားထဲကျတာ။”ဟု ဒေသတွင်း PDF ရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

စခန်းသိမ်းရန် ရည်ရွယ်ကာ သွားရောက်တိုက်ခိုက်ခဲ့သော်လည်း စစ်ကောင်စီဘက်က လေကြောင်းပစ်ကူခဲ့၍ ဆုတ်ခွာခဲ့ကြောင်း CGF၏ တာဝန်ရှိသူက ဆိုသည်။

“အင်အား ၄၀ လောက်ရှိမယ်ထင်တယ်။ကျွန်တော်တို့အဖွဲ့ထဲကတော့ တစ်ယောက်ပဲ မစိုးရိမ်ရကျည်ဒဏ်ရာရခဲ့တာ။ Mi-35လေကြောင်းပစ်ကူလာလို့ ပြန်ဆုတ်ခွာခဲ့ရတာပါ။ တိုက်ပွဲဖြစ်ပြီးတော့ ရွာသစ်ပျူရွာက စစ်ကူ၁၇ယောက်လောက်လာတယ်လို့ တော့ကြားတယ်။”ဟု CGF၏ တာဝန်ရှိသူက ပြောသည်။

အဆိုပါ တိုက်ခိက်မှုကို Chauk Guerilla Force(CGF)၊ ပခုက္ကူခရိုင် တပ်ရင်း (၁၂) YRF၊ မြိုင်(ပကဖ)၊ ပေါက်တောင်ပိုင်း(ပကဖ)၊ ဗိုလ်ကျီးကန်း၊ ပခုက္ကူ PPDF၊ ချောက်(ပကဖ)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၈)၊ ပခုက္ကူ (ပကဖ)တပ်ခွဲ – ၁ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့အနီးဝန်းကျင်ဘင်္ဂလားပင်လယ်နဲ့ ကုလားတန်မြစ်ဆုံရာမှာ နေရာယူပြီး အရပ်သားလူနေကျေးရွာတွေ ကို လက်နက်ကြီးတွေနဲ့ နေ့ညမပြတ်ပစ်ခတ်တိုက်ခိုက်နေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်သင်္ဘောကြီး ၃ စီးကို အာရ က္ခတပ်တော်(AA)က ထပ်မံတိုက်ခိုက်ဖျက်ဆီးလိုက်နိုင်ခဲ့တယ်လို့ AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းကို စစ်တပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံပြည်သူ ၆,၀၀၀ ကျော် ဘေးလွတ်ရာတိမ်းရှောင်နေရတယ်လို့ ပေါက်မြို့နယ် လူသားစာနာဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

နည်းဗျူဟာမှူးဒုတိယဗိုလ်မှူးကြီးကျော်ဆန်းဝင်းလည်း​​​ပျောက်ဆုံး​နေသလို အင်း​တော်တိုက်ပွဲ​တွေမှာ စစ်တပ်အရာရှိအများအပြား​သေဆုံး

သတင်း

မကွေးတိုင်း၊ဆိပ်ဖြူမြို့နယ် အမှတ်(၂၂) ကာကွယ်ရေး ပစ္စည်းစက်ရုံ(ကပစ ၂၂) ကနေ ပေါက်မြို့နယ်ဘက်ကို အင်အားဖြည့်ဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်နဲ့တော် လှန်ရေးရဲဘော်တချို့က ပြောပါတယ်။