Connect with us

Hi, what are you looking for?

သတင်း

မူဆယ်မြို့နယ် စယ်လန့်ရွာတွင် TNLAနှင့် စစ်ကောင်စီတိုက်ပွဲထပ်ဖြစ်

စစ်ကောင်စီတပ်မှ ထိုးစစ်ဆင်လာ၍ TNLAက စောင့်ဆိုင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က သုံးဦးသေဆုံးခဲ့ဟု TNLAက အသိပေးထားသည်။

(တအာင်းတပ်မတော်(TNLA)တပ်ဖွဲ့ဝင်များအား တွေ့ရစဥ်။ ဓာတ်ပုံ - TNLA)
(တအာင်းတပ်မတော်(TNLA)တပ်ဖွဲ့ဝင်များအား တွေ့ရစဥ်။ ဓာတ်ပုံ - TNLA)

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် စယ်လန့်ကျေးရွာအနီးတွင် ယနေ့နံနက်က တအာင်းတပ်မတော်(TNLA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးအရာရှိက အတည်ပြုသည်။

ဇူလိုင် ၂၉ရက် နံနက် ၁၀နာရီကတိုက်ပွဲစတင်ခဲ့ပြီး ၆နာရီကျော်ကြာမြင့်ခဲ့ကြောင်း ၎င်းက ဆိုသည်။

“ဖြစ်စဉ်က ဒီနေ့က မူဆယ်မြို့ စယ်လန့်ရွာနား စေတီကုန်းဘက်မှာ။ မြန်မာစစ်တပ်နဲ့ ပြည်သူ့စစ်တို့က ပူးပေါင်းပြီး TNLA ရှိတဲ့နေရာကို ထိုးစစ်ဆင်ပြီးမှ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်တယ်”ဟု TNLA ပြန်ကြားရေးအရာရှိက ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ အထိအခိုက်မသိရသေးသော်လည်း TNLA ဘက်က ထိခိုက်မှုမရှိဟု ဆိုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“အဲဒီ တိုက်ပွဲဖြစ်နေတဲ့အချိန်မှာ (၁၀၅)မိုင်မှာရှိတဲ့ မြန်မာစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ကူပေးတာရှိတယ်။ နမ့်ဖက်ကာ အခြေစိုက်တဲ့စစ်ကောင်စီတပ်ကလည်း ပစ်တာရှိတယ်”ဟု TNLA သတင်းနှင့် ပြန်ကြားရေးအရာရှိက ပြောသည်။

အဆိုပါ စယ်လန့်ကျေးရွာတွင် ဇူလိုင် ၂၃ရက်လည်း TNLAနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့သည်။

ထိုစဉ်ကလည်း စစ်ကောင်စီတပ်မှ ထိုးစစ်ဆင်လာ၍ TNLAက စောင့်ဆိုင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က သုံးဦးသေဆုံးခဲ့ဟု TNLAက အသိပေးထားသည်။

TNLAနှင့် စစ်ကောင်စီတပ်တို့သည် ယခု ဇူလိုင်လအတွင်း တိုက်ပွဲ ခုနစ်ကြိမ်ခန့်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူအပြင် လေကြောင်း တိုက်ခိုက်မှုများ အသုံးပြုတိုက်ခိုက်ခဲ့သည်။ ရှမ်းမြောက်ဒေသများဖြစ်သည့် ကျောက်မဲ၊ ကွတ်ခိုင်၊ မူဆယ်နှင့် လားရှိုးမြို့နယ်များ အတွင်း တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။