Connect with us

Hi, what are you looking for?

သတင်း

ကျွန်းလှတွင် ပျူမိသားစုနှစ်စု ထွက်​ပြေးလာပြီးPDFထံခိုလှုံ

Infinity Group ၏ စုံစမ်းချက်များအရ ကျွန်းလှမြို့နယ်တွင် ပျူ​လက်ခံ ကျေးရွာ​ပေါင်း ၁၂ ရွာရှိ​ပြီး ပျူ​သင်တန်းတက်​ရောက်ထားသူဦး​​ရေမှာ ၄၀၀ ဝန်းကျင်ရှိ​ကြောင်း သိရသည်။

(ကျွန်းလှမြို့နယ်စသာကုန်းရွာမှထွက်​ပြေးလွတ်​မြောက်လာသည့် ပျူ​မိသားစု ၂ စုကို​တွေ့ရစဥ်။ဓါတ်ပုံ-Infinity group)
(ကျွန်းလှမြို့နယ်စသာကုန်းရွာမှထွက်​ပြေးလွတ်​မြောက်လာသည့် ပျူ​မိသားစု ၂ စုကို​တွေ့ရစဥ်။ဓါတ်ပုံ-Infinity group)

စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့နယ်တွင် ပျူစောထီးမိသားစုနှစ်စုသည် ရွာမှထွက်ပြေးလာပြီးပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ထံ ခိုလှုံလာ​ကြောင်း သတင်းရရှိသည်။

“ကျွန်းလှဘက်မှာပျူမိသားစုတွေထွက်ပြေးလာတာ သတင်းရပါတယ်။သူတို့အတွက် မြို့နယ် ပအဖနဲ့ ပကဖအဖွဲ့တွေက ဆက်လက်စီစဥ်ပေးနေပါတယ်” ဟု ကန့်ဘလူမြို့နယ်မှ ပြည်သူ့ကာကွယ်‌​ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

အဆိုပါသတင်းကို နယ်မြေချင်းဆက်စပ်နေသော ကျွန်းလှ၊ ကန့်ဘလူ၊ ကောလင်းဒေသ လူထုတော်လှန်ရေးသတင်းများအား ဖော်ပြပေးနေသည့် Infinity Group ကလည်း​ဖော်ပြသည်။ ကျွန်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အား မေးမြန်းရန် ဆက်သွယ်ရာ ဖုန်းလိုင်းအခက်အခဲကြောင့် မေးမြန်းနိုင်ခြင်းမရှိခဲ့ပါ။

ထွက်ပြေးလာသူဦးရေမှာ ကလေးငယ်အချို့အပါအဝင် ၁၃ဦးဖြစ်ကြောင်း Infinity Group က၏ ​ဖော်ပြချက်အရသိရသည်။

Public Service Announcement

Public Service Announcement

ကျွန်းလှမြို့နယ် ကျီကုန်းအုပ်စု စသာကုန်းရွာမှ ပျူ​စောထီးအဖွဲ့ဝင်၏ မိသားစုနှင့် ပျူသင်တန်းတက်ရန် စာရင်းပေါက်ထားသူ၏ မိသားစုတို့ ဇူလိုင် ၂၉ ရက်တွင်ရွာမှထွက်​ပြေးလာကာ ဒေသခံPDFထံ ခိုလှုံလာ​ခြင်းဖြစ်​ကြောင်း​ဖော်ပြထားသည်။

“မခံနိုင်လွန်းလို့ထွက်​ပြေးလာတာ။ကြီးကြီးတို့မှာဝတ်စရာအဝတ်အထည်ကအစ ပြည့်ပြည့်စုံစုံမပါဘူး။မိသားစု​နှစ်ခုပေါင်း လူ ၁၃ ​ယောက်ကို ဆိုင်ကယ်က ၂ စီးပဲပါတယ်။လမ်း​လျှောက်တဲ့သူက​လျှောက်၊ဆိုင်ကယ်နဲ့ လိုက်တဲ့သူကလိုက်နဲ့ အခက်အခဲမျိုးစုံကြားက​နေ ထွက်​ပြေးလာရတာ။ ” ဟုထွက်​ပြေးလာ​သော မိသားစုဝင်အ​ဒေါ်တစ်ဦးက Infinity Group သို့ ​ပြောသည်။

၎င်းတို့ထွက်​ပြေးခဲ့ပြီး​နောက် ရွာမှ၄င်းတို့၏​နေအိမ်များကို ပျူ​များကချိတ်ပိတ်ကာ ပရိ​ဘောဂပစ္စည်းများအားသယ်ယူ​ကြပြီး ၄င်းတို့မိသားစုဝင်များအား ရှာ​တွေ့ပါက ​တွေ့​သည့်နေရာတွင် သတ်ပစ်မည်ဟု​ ချိန်း​ခြောက်ပြောဆို​နေ​ကြောင်း သိရသည်။

“ပျူတွေကအန္တရာယ်တော်တော်ကြီးတယ်။ အသိတရားနဲ့ လာပြီးပူးပေါင်းတဲ့သူမှန်သမျှ အမြဲတမ်း ကြိုဆိုနေပါတယ်”ဟု ကောလင်းမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကလည်းပြောသည်။

အဆိုပါ ၁၃ ဦးကို ဒေသခံပြည်သူများအပါအဝင် NUG ၏ တာဝန်ရှိသူအချို့နှင့်PDFများကသွား​ရောက်​တွေ့ဆုံကာ လိုအပ်သည့်အကူအညီများ ​ပေးအပ်​နေသည်ဟု Infinity Group က​ဖော်ပြသည်။

ကျွန်းလှ၊ ကန့်ဘလူ၊ ကောလင်းဒေသတွင် စစ်ကောင်စီထောက်ခံသော ပျူစောထီးဘုန်းကြီး ဝါသဝက ဒေသခံများအား အတင်းအကျပ် လူအင်အားစုဆောင်းခြင်း၊ ပျုစောထီးသင်တန်းတက်ရန်ဖိအားပေးခြင်း၊ သင်တန်းမတတ်ပါကငွေကြေးအဓမ္မတောင်းယူခြင်းများရှိနေသည်ဟု ဒေသခံများကပြောသည်။ ဘုန်းကြီးဝါသဝသည် လုံခြုံရေးအင်အား အ

များအပြားဖြင့် ပျူစောထီးအဖွဲ့သို့ ဝင်ရန် ဒေသခံများက လိုက်လံစည်းရုံးနေသည်ဟု သိရသည်။

Infinity Group ၏ စုံစမ်းချက်များအရ ကျွန်းလှမြို့နယ်တွင် ပျူ​လက်ခံ ကျေးရွာ​ပေါင်း ၁၂ ရွာရှိ​ပြီး ပျူ​သင်တန်းတက်​ရောက်ထားသူဦး​​ရေမှာ ၄၀၀ ဝန်းကျင်ရှိ​ကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရသူတွေက ပျူစောထီးတွေကို ရိုက်နှက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်