Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်၏ အရေးပေါ်ကာလသက်တမ်းတိုးမှုကို လွန်စွာစိုးရိမ်ကြောင်း အမေရိကန်နှင့် ကနေဒါ ထုတ်ပြန်

တရားမဝင် အာဏာသိမ်းစစ်တပ်၏ အရေးပေါ်ကာလသက်တမ်းတိုးမှုက တိုင်းပြည်ကို အကြမ်းဖက်မှုများနှင့် မတည်ငြိမ်မှုများကို ပိုမိုဆိုးရွားလာစေမည်ဟု အမေရိကန်က ဆိုသည်။

(စစ်​ကောင်စီက ဇူလိူင် ၃၁ ရက်ကာလုံဆို​သောအစည်းအ​ဝေးတွင် အဖမ်းမခံရဘဲ လူမြင်ကွင်းမှ​ပျောက်​နေ​သောဟင်နရီဗန်ထီးယူကို ထုတ်ပြခဲ့သည်။ဓါတ်ပုံ-စစ်​ကောင်စီ)
(စစ်​ကောင်စီက ဇူလိူင် ၃၁ ရက်ကာလုံဆို​သောအစည်းအ​ဝေးတွင် အဖမ်းမခံရဘဲ လူမြင်ကွင်းမှ​ပျောက်​နေ​သောဟင်နရီဗန်ထီးယူကို ထုတ်ပြခဲ့သည်။ဓါတ်ပုံ-စစ်​ကောင်စီ)

စစ်တပ်၏ အရေးပေါ်ကာလ ၆ လသက်တမ်းတိုးမှုကို အမေရိကန်နှင့် ကနေဒါတို့က လွန်စွာစိုးရိမ်ပူပန်ကြောင်း ယမန်နေ့တွင် ထုတ်ပြန်သည်။

တရားမဝင် အာဏာသိမ်းစစ်တပ်၏ အရေးပေါ်ကာလသက်တမ်းတိုးမှုက တိုင်းပြည်ကို အကြမ်းဖက်မှုများနှင့် မတည်ငြိမ်မှုများကို ပိုမိုဆိုးရွားလာစေမည်ဟု အမေရိကန်က ဆိုသည်။

ဒီမိုကရေစီနည်းကျရွေးကောက်ခံ အစိုးရကိုဖြုတ်ချခဲ့သည့် လွန်ခဲ့သည့် ၂ နှစ်ခွဲကာလကတည်းက စစ်ကောင်စီသည် ရာနှင့်ချီသော လေကြောင်းတိုက်ခိုက်မှုများ၊ ထောင်ပေါင်းများစွာသော နေအိမ်မီးရှို့ဖျက်ဆီးမှုများနှင့် ပြည်သူ ၁.၆ သန်းကျော်ကို နေရပ်စွန့်ခွာစေမှုတို့ကို ကျူးလွန်ခဲ့ကြောင်း အမေရိကန်က ဖော်ပြသည်။

“စစ်ကောင်စီရဲ့ကျယ်ပြန့်တဲ့ ရက်စက်ကြမ်းကြုတ်မှုနဲ့ မြန်မာပြည်သူတေရဲ့ ဒီမိုကရေစီထက်သန်တဲ့ဆန္ဒတွေအပေါ် လျစ်လျူရှုမှုတွေက အကျပ်အတည်ကို ဆက်လက်ရှည်ကြာစေပါလိမ့်မယ်” ဟု အမေရိကန်နိုင်ငံခြားရေးဌာနက ဆိုသည်။

Public Service Announcement

Public Service Announcement

အမေရိကန်သည် ၎င်းတို့၏ မိတ်ဖက်များ၊​ မဟာမိတ်များနှင့်အတူ စစ်ကောင်စီကို တာ၀န်ခံမှုရှိစေရေးအတွက် နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ အရေးယူပိတ်ဆို့မှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ကြေညာသည်။ အာဏာသိမ်းစစ်တပ်အနေဖြင့် အကြမ်းဖက်မှုနှင့် ရက်စက်ကြမ်းကြုတ်မှုများကို ရပ်တန့်ရန်၊ မတရားဖမ်းဆီးထိန်းသိမ်းထားသူများကို လွှတ်ပေးရန်၊ လူသားချင်းစာနာမှုအကူအညီကို အဟန့်အတားမရှိခွင့်ပြုရန်၊ ရှင်ကျန်ရစ်သူများအတွက် တရားမျှတမှုရှာဖွေရန်နှင့် ငြိမ်းချမ်းတရားမျှတသော၊ ဒီမိုကရေစီအနာဂတ်မြန်မာနိုင်ငံအတွက် သက်ဆိုင်ရာ stakeholders များနှင့် ထိတွေ့ ဆက်ဆံရန်တို့ကို အမေရိကန်က တောင်းဆိုသည်။

အလားတူ ကနေဒါသည် မြန်မာစစ်တပ်၏ အရေးပေါ်ကာလ သက်တမ်းတိုးမှု၊ မြို့နယ်များတွင် စစ်အုပ်ချုပ်ရေး ပြဌာန်းထားမှု၊ မြန်မာနိုင်ငံအပေါ် စစ်တပ်၏ တရားမဝင် အုပ်စိုးမှုများကို ကြာရှည်စေခြင်းတို့အပေါ် ပြင်းထန်စွာ စိုးရိမ်ပူပန်မိကြောင်း ဖော်ပြသည်။

ဒီမိုကရေစီ နည်းလမ်းကျ ရွေးကောက်တင်မြှောက်ထားသော အစိုးရတစ်ရပ်ကို အာဏာသိမ်း ဖြုတ်ချခဲ့ခြင်းအား ကနေဒါက တခဲနက် ဆက်လက်ရှုတ်ချသည်။

ယင်းနောက် ရက်စက်ကြမ်းကြုပ်မှုနှင့် နိုင်ငံတကာ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေများအား ဆိုးရွားစွာ ချိုးဖောက်နေမှုများကို ရင်ဆိုင် ကြုံတွေ့နေရသည့် မြန်မာပြည်သူများနှင့် ၎င်းတို့၏ ဒီမိုကရေစီအပေါ် စိတ်အားထက်သန်မှုများကိုလည်း ကနေဒါက ထောက်ခံအားပေးကြောင်း ဖော်ပြသည်။

လူနည်းစု တိုင်းရင်းသားများနှင့် ဆယ်စုနှစ်ပေါင်းများစွာ ဖြစ်ပွားနေသည့် ပဋိပက္ခများ၊ ရိုဟင်ဂျာ အကြပ်အတည်း၊ ယခုနောက်ဆုံး စစ်အာဏာသိမ်းမှုနှင့် အရေးပေါ် အခြေအနေ ဆက်လက်ကြေညာနေမှုများ၏ အရင်းခံ အကြောင်းအရင်းများကိုလည်း အဖြေရှာရန် လိုအပ်သည်ဟု ကနေဒါက လက်ခံထားသည်။

မြန်မာပြည်သူများအတွက် အားလုံးပါဝင်ပြီး ရေရှည်တည်တံ့သော ဒီမိုကရေစီ အနာဂတ် ပေါ်ထွန်းလာစေရန် ငြိမ်းချမ်းစွာ လက်တွဲလုပ်ဆောင်နေသည့် ရိုဟင်ဂျာများနှင့် ဒီမိုကရေစီလိုလားသည့် ပတ်သက်ဆက်နွှယ်သူများအပါအဝင် လုပ်ကိုင်ဆောင်ရွက်နေသူများ အားလုံးကို ပြတ်ပြတ်သားသား ထောက်ခံသွားရန် ကနေဒါက ဆုံးဖြတ်ထားသည်။

လူ့အခွင့်အရေး ချိုးဖောက်မှုအတွက် တာဝန်ရှိသူများကို ၎င်းတို့လုပ်ရပ်အတွက် တာဝန်ခံမှုရှိစေရန်၊ ရက်စက်ကြမ်းကြုပ်မှုများ ကျူးလွန်ရာတွင် အထောက်အကူဖြစ်စေသော လက်နက်များနှင့် ပစ္စည်းကိရိယာများရောင်းချခြင်းနှင့် လွှဲပြောင်းခြင်းများကို ရပ်ဆိုင်းရန်၊ မြန်မာပြည်သူများအတွက် အရေးပေါ် လိုအပ်သည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် နိုင်ငံတကာ အသိုက်အဝန်း၏ အဖွဲ့ဝင်အားလုံးကို ကနေဒါက တောင်းဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ် ရေးချောင်းဖျားဒေသမှာ ဂျန်ပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း အကူအညီနဲ့ ဆောက်လုပ်ထားတဲ့ ဒုက္ခသည်စခန်းနေရာကို စစ်တပ်က ဒီကနေ့ ဇွန်လ ၁၈ရက်မနက်အစောမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ မွန် သတင်းရင်းမြစ်က ပြောပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ လမ်းပေါ် ပျက်ကျလာတဲ့ လေယာဉ်ထဲက ခရီးသည်တွေကို လမ်းသွားလမ်းလာတွေက ကြိုးကြိုးစားစား ကယ်ထုတ်ပေးခဲ့ကြပါတယ်။