Connect with us

Hi, what are you looking for?

သတင်း

ထားဝယ်မြို့မှ အမျိုးသားလွှတ်တော်အမတ်ဦး​အောင်ဝင်း တိမ်း​ရှောင်​နေရင်း ကင်ဆာ​ရောဂါဖြင့်ကွယ်လွန်

အသက် (၇၀) ဝန်းကျင်အရွယ်ဦးအောင်ဝင်းသည်စစ်တပ်ကနိုင်ငံတော်အာဏာသိမ်းပြီးသည့်နောက်ပိုင်း တိမ်းရှောင်နေသူဖြစ်သည်။ ခံဝန်ထိုးရန် စစ်ကောင်စီ၏ကမ်းလှမ်းမှုအား ပယ်ချပြီး အာဏာရှင်ကို ဆန့်ကျင်ခဲ့သူဟု ထားဝယ်မြို့ခံများကပြောသည်။

(ဦး​အောင်ဝင်းသည် အမျိုးသားဒီမိုက​ရေစီအဖွဲချုပ်(NLD) မှ​ရွေး​ကောက်ပွဲ အနိုင်ရအမတ်ဖြစ်သည်)
(ဦး​အောင်ဝင်းသည် အမျိုးသားဒီမိုက​ရေစီအဖွဲချုပ်(NLD) မှ​ရွေး​ကောက်ပွဲ အနိုင်ရအမတ်ဖြစ်သည်)

တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှအမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးအောင်ဝင်းသည် စစ်​ကောင်စီ အန္တရာယ်​ကြောင့်တိမ်း​ရှောင်​နေစဥ် ကင်ဆာရောဂါဖြင့် ယ​နေ့ကွယ်လွန်သွားဖြစ်ကြောင်း ၎င်း၏မိတ်ဆွေတဦးက People’s Spring သို့ပြောသည်။

” ‌ဆေးရုံတက်နေရင်းကွယ်လွန်သွားတာပါ။ ဦးအောင်ဝင်းက အသက်ကလည်းကြီးပြီးဆိုတော့ လူငယ်တွေလို တော်လှန်ရေးမှာ ထဲထဲဝင်ဝင်တော့မပါဘူး။ ဒါပေမယ့် သူက သေဆုံးတဲ့အထိ စစ်အာဏာရှင်ဆီမှာဒူးမထောက်ခဲ့တဲ့သူပါ”ဟု ၎င်းကပြောသည်။

အသက် (၇၀) ဝန်းကျင်အရွယ်ဦးအောင်ဝင်းသည်စစ်တပ်ကနိုင်ငံတော်အာဏာသိမ်းပြီးသည့်နောက်ပိုင်း တိမ်းရှောင်နေသူဖြစ်သည်။ ခံဝန်ထိုးရန် စစ်ကောင်စီ၏ကမ်းလှမ်းမှုအား ပယ်ချပြီး အာဏာရှင်ကို ဆန့်ကျင်ခဲ့သူဟု ထားဝယ်မြို့ခံများကပြောသည်။

၎င်းသည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင်လည်း ထားဝယ်မြို့နယ် အမျိုးသားလွှတ်‌တော်မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရခဲ့သူဖြစ်သည်။ဦးအောင်ဝင်းကွယ်လွန်သည့်အပေါ် ဝမ်းနည်းကြောင်းနှင့် စစ်အာဏာရှင်တော်လှန်ရေးအောင်မြင်သည်အထိ တိုက်ထုတ်သွားမည်ဟု တနင်္သာရီစစ်ဒေသခွဲမှ တာဝန်ရှိသူတစ်ဦးကလူမှုကွန်ရက်တွင် ရေးသားထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့က ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဒိန်းဒေါင်(ခ)ဦးစိုးမိုးနိုင်ဟာ ဒီကနေ့မနက်မှာမြင်းခြံအကျဉ်းထောင်မှာ ကွယ်လွန်သွားတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ပြောပါတယ်။

ဆောင်းပါး

ကင်ဆာနဲ့ပတ်သက်ရင်ကျွန်တော်တို့ဆီ ရောက်လာတတ်တာက သတင်းဆိုးချည်းဖြစ်ပါတယ်။ ဘယ်သူကတော့ ဘယ်ကင်ဆာအမျိုးအစားနဲ့ ဘာဖြစ်နေပြီဆိုတာမျိုးပေါ့။ အဲဒီထက်ဆိုးတဲ့သတင်းဆိုရင်တော့ လပိုင်းပဲခံတော့မယ်၊ ရက်ပိုင်းပဲခံတော့မယ်၊ သေသွားပြီဆိုတဲ့သတင်းမျိုးကြားကြရပါမယ်။

နိုင်ငံတကာ

ဗြိတိန် ဝန်ကြီးချုပ် အဖြစ်ကနေ နုတ်ထွက်ပြီး မကြာခင်မှာပဲ လွှတ်တော်အမတ် နေရာကိုပါ စွန့်လွှတ်တော့မယ်လို့ ဆာကီရာ စတာမာက ပြောကြားခဲ့ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာအနီး တိုက်ပွဲမှာ စစ်တပ်က ၁၂ဦးသေဆုံးပြီး လက်နက် ၈လက် သိမ်းရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။