Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ထားဝယ်မြို့မှ အမျိုးသားလွှတ်တော်အမတ်ဦး​အောင်ဝင်း တိမ်း​ရှောင်​နေရင်း ကင်ဆာ​ရောဂါဖြင့်ကွယ်လွန်

အသက် (၇၀) ဝန်းကျင်အရွယ်ဦးအောင်ဝင်းသည်စစ်တပ်ကနိုင်ငံတော်အာဏာသိမ်းပြီးသည့်နောက်ပိုင်း တိမ်းရှောင်နေသူဖြစ်သည်။ ခံဝန်ထိုးရန် စစ်ကောင်စီ၏ကမ်းလှမ်းမှုအား ပယ်ချပြီး အာဏာရှင်ကို ဆန့်ကျင်ခဲ့သူဟု ထားဝယ်မြို့ခံများကပြောသည်။

(ဦး​အောင်ဝင်းသည် အမျိုးသားဒီမိုက​ရေစီအဖွဲချုပ်(NLD) မှ​ရွေး​ကောက်ပွဲ အနိုင်ရအမတ်ဖြစ်သည်)
(ဦး​အောင်ဝင်းသည် အမျိုးသားဒီမိုက​ရေစီအဖွဲချုပ်(NLD) မှ​ရွေး​ကောက်ပွဲ အနိုင်ရအမတ်ဖြစ်သည်)

တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှအမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးအောင်ဝင်းသည် စစ်​ကောင်စီ အန္တရာယ်​ကြောင့်တိမ်း​ရှောင်​နေစဥ် ကင်ဆာရောဂါဖြင့် ယ​နေ့ကွယ်လွန်သွားဖြစ်ကြောင်း ၎င်း၏မိတ်ဆွေတဦးက People’s Spring သို့ပြောသည်။

” ‌ဆေးရုံတက်နေရင်းကွယ်လွန်သွားတာပါ။ ဦးအောင်ဝင်းက အသက်ကလည်းကြီးပြီးဆိုတော့ လူငယ်တွေလို တော်လှန်ရေးမှာ ထဲထဲဝင်ဝင်တော့မပါဘူး။ ဒါပေမယ့် သူက သေဆုံးတဲ့အထိ စစ်အာဏာရှင်ဆီမှာဒူးမထောက်ခဲ့တဲ့သူပါ”ဟု ၎င်းကပြောသည်။

အသက် (၇၀) ဝန်းကျင်အရွယ်ဦးအောင်ဝင်းသည်စစ်တပ်ကနိုင်ငံတော်အာဏာသိမ်းပြီးသည့်နောက်ပိုင်း တိမ်းရှောင်နေသူဖြစ်သည်။ ခံဝန်ထိုးရန် စစ်ကောင်စီ၏ကမ်းလှမ်းမှုအား ပယ်ချပြီး အာဏာရှင်ကို ဆန့်ကျင်ခဲ့သူဟု ထားဝယ်မြို့ခံများကပြောသည်။

၎င်းသည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင်လည်း ထားဝယ်မြို့နယ် အမျိုးသားလွှတ်‌တော်မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရခဲ့သူဖြစ်သည်။ဦးအောင်ဝင်းကွယ်လွန်သည့်အပေါ် ဝမ်းနည်းကြောင်းနှင့် စစ်အာဏာရှင်တော်လှန်ရေးအောင်မြင်သည်အထိ တိုက်ထုတ်သွားမည်ဟု တနင်္သာရီစစ်ဒေသခွဲမှ တာဝန်ရှိသူတစ်ဦးကလူမှုကွန်ရက်တွင် ရေးသားထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

တနင်္သာရီတိုင်းတွင် KNLA က​ဒေသခံ​တော်လှန်​ရေးတပ်ဖွဲ့များနှင့်ပူး​ပေါင်း၍ စစ်​ကောင်စီတပ်ကို ယခုလပိုင်းအတွင်းပိုမိုတိုက်ခိုက်​လာရာ စစ်​ကောင်စီတပ်အထိနာ​နေသည်။

သတင်း

ပြီးခဲ့သည့် ဇန်နဝါရီ ၃၀ ရက်ကလည်း လောင်းလုံးမြို့ပေါ်ရှိ စစ်ကောင်စီ လဝကရုံး၊ စရဖရုံး၊ ထွေအုပ်ရုံး၊ မြို့မရဲစခန်းနှင့် စာရင်းစစ်ရုံးတို့ကို LLPDF၊ ဥသြစစ်ကြောင်း စသည့်ပူးပေါင်းတပ်များက တပြိုင်နက် ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့သေးသည်။

နိုင်ငံတကာ

ချားလ်စ်ဘုရင် ဆေးကုသမှု ခံယူနေတဲ့ ကာလတွေအတွင်း သူ့ရဲ့ လုပ်ငန်းတာဝန်တွေကို တခြားတစ်ဦးဦးဆီ လွှဲပြောင်းပေးထားမှာ မဟုတ်ဘူးလို့လည်း နန်းတော်က ဆိုပါတယ်။