Connect with us

Hi, what are you looking for?

News

လွိုင်ကော်- ဒီးမော့ဆိုလမ်း၌ တိုက်ပွဲများဖြစ်၍ စစ်ကောင်စီတပ်မှလေးဦးသေဟု KNDF ထုတ်ပြန်

တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်မှ ကားတစ်စီးပျက်စီးခဲ့ပြီး၊ ​လေးဦးသေဆုံးခဲ့ကြောင်း၊ ကရင်နီလက်နက်ကိုင်တပ်ဖွဲ့များဘက်က ထိခိုက်မှုမရှိကြောင်း ထုတ်ပြန်ခဲ့သည်။

People's Spring
People's Spring

ကရင်နီလက်နက်ကိုင်ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ ယမန်နေ့(​အောက်တိုဘာ၄ရက်)က တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ကားတစ်စီး ပျက်စီးကာ ​လေးဦးသေဆုံးခဲ့သည်ဟု ကရင်နီအမျိုး သားကာကွယ်ရေးတပ်ဖွဲ့(KNDF)က ထုတ်ပြန်သည်။

အောက်တိုဘာ၄ ရက် ညနေပိုင်းတွင် လွိုင်ကော်မှ ဒီးမော့ဆိုမြို့နယ်ဘက်သို့ ဦးတည်သော ကာအစီးရေ ၃၅စီးပါ အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို ကရင်နီတပ်မတော် (KA) နှင့် KNDF တို့မှ ဒီးမော့ဆိုမြို့နယ် စံပြ (၆)မိုင်နှင့် (၅)မိုင် ကျေးရွာအကြား၌ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ထို့အပြင် လွိုင်ကော်-ဒီးမော့ဆိုလမ်းမကြီး တစ်​လျှောက် လမ်းကင်းချထားသော အကြမ်းဖက် စစ် ကောင်စီတပ်များနှင့် ကရင်နီပူးပေါင်းတပ်များ နှစ်ဖက်ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု ဖော်ပြထားသည်။

တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်မှ ကားတစ်စီးပျက်စီးခဲ့ပြီး၊ ​လေးဦးသေဆုံးခဲ့ကြောင်း၊ ကရင်နီလက်နက်ကိုင်တပ်ဖွဲ့များဘက်က ထိခိုက်မှုမရှိကြောင်း ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဒီးမော့ဆို၊လွိုင်ကော်မြို့နယ်တို့တွင် အပြင်းအထန် ထိုးစစ်ဆင်မှုအပြီး အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းသည် လူ၊လက်နက်၊ရိက္ခာ အပြည့်ဖြင့် ဖရှုဆို၊ ဘောလခဲနှင့် ဖားဆောင်မြို့နယ်များဘက်သို့ ဦးတည်ကာ အင်အားဖြည့်တင်းမည့် အခြေအနေဖြစ်ကြောင်း KNDF ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့တပ်မတော်(CPA)ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ကြောင်း CPU/CPAက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။