လွိုင်ကော်မြို့၊ နန်းကွတ်ရပ်ကွက်အတွင်း ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီ တပ်ကြပ်ကြီးအပါအဝင် ၉ဦး သေဆုံးကာ ၁၂ဦးဒဏ်ရာရရှိကြောင်း ကရင်နီစစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
ယမန်နေ့(သြဂုတ် ၉ ရက်) နံနက် ၇နာရီခန့်တွင် နန်းကွတ်ရေစီးကွေ့ဘက်မှ စစ်ကောင်စီတပ်သားများ ဒန်ဘာကားဖြင့်ထွက်ခွာလာသည်ဟု သတင်းရရှိသဖြင့် ကရင်နီပူးပေါင်းတပ်က စောင့်ကြို တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီမှ တပ်ကြပ်ကြီး စိုးလှိုင်၊ တပ်ကြပ်လွင်ဦးတို့အပါဝင် ၉ဦ သေဆုံးခဲ့ပြီး ၁၂ဦးထက်မနည်းအပြင်းအထန် ဒဏ်ရာရရှိသည်ဟု ကရင်နီတပ်မတော်(KA)၏ သတင်ရင်းမြစ်က အသိ ပေးသည်။

“ဒန်ဘာကားပါ RPG ထိပြီး မြောင်းထဲထိုးကျသွားတယ်။ခလရ(၆၆)က ကောင်တွေ”ဟု ၎င်းက ပြောသည်။

Public Service Announcement
ယမန်နေ့က တိုက်ပွဲတွင် ကရင်နီတပ်မတော် နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) မှ ရဲဘော်များ ထိခိုက်မှုမရှိခဲ့ပေ။
“ထိတွေ့မှုက သိပ်မကြာဘူးမိနစ်ပိုင်းလောက်ပဲ ဒါပေမယ့် စကစဘက်က ကရိန်းကားနဲ့ပါလာသယ်ရတယ်။လက်နက်တချို့ လည်း ရတယ် ကြားတယ်”ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က ပြောသည်။
သို့သော် ယမန်နေ့ တိုက်ပွဲနှင့်ဆက်စပ်၍ KA နှင့် KNDF တာဝန်ရှိသူများထံ ဆက်သွယ်ထားသော်လည်း မှတ်ချက်တစ်စုံတစ်ရာမရသေးပေ။
လက်ရှိ ကရင်နီ(ကယား)ပြည်နယ်၌ ဖားဆောင်း၊မယ်စဲ့နှင့် ဒီးမော့ဆိုတို့တွင် နေ့စဥ်တိုက်ပွဲများဖြစ်ပွားလျက်ရှိနေသည်။


















































