Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်မှာ မြေစာပုံပြိုပြီး လူ ၃၀ ကျော် ပျောက်ဆုံးနေ

မြေစာပုံဟာ ဒီနေ့ ညနေပိုင်း ၃ နာရီခွဲဝန်းကျင်က ပြိုကျသွားတာပါ။ အဲဒီဖြစ်စဉ်မှာ ဒဏ်ရာရသူ ၈ ဦး ကို ဖားကန့်ဆေးရုံဆီ ပို့ထားတယ်လို့သိရပါတယ်။

ဖားကန့်မှာ မြေစာပုံပြိုပြီး လူ ၃၀ ကျော် ပျောက်ဆုံးနေ
ဖားကန့်မှာ မြေစာပုံပြိုပြီး လူ ၃၀ ကျော် ပျောက်ဆုံးနေ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မနရွာ ကျောက်စိမ်းမှော်မှာ ဒီနေ့ညနေပိုင်း မြေစာပုံ ပြိုကျပြီး ရေမဆေးကျောက်ရှာဖွေသူ ၈ဦး ဒဏ်ရာရကာ ၃၀ ကျော်ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေဆီကစုံစမ်းသိရပါတယ်။

မြေစာပုံဟာ ဒီနေ့ ညနေပိုင်း ၃ နာရီခွဲဝန်းကျင်က ပြိုကျသွားတာပါ။ အဲဒီဖြစ်စဉ်မှာ ဒဏ်ရာရသူ ၈ ဦး ကို ဖားကန့်ဆေးရုံဆီ ပို့ထားတယ်လို့သိရပါတယ်။

ပျောက်ဆုံးနေသူတွေလည်းရှိနေပြီး အခုညပိုင်း ၇ နာရီခွဲအချိန်ထိ ၃၁ ဦးပျောက်ဆုံးစာရင်းရထားတယ်လို့ မြေပြင်ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူတစ်ဦးကပြောပြပါတယ်။

” သေတဲ့သူတွေရှိနိုင်တယ် ၊အလောင်းတော့ မတွေ့သေးဘူး “ဟု အဲဒီသတင်းရင်းမြစ်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဖားကန့်မှာ မြေစာပုံပြိုကျတဲ့ဖြစ်ရပ်ဟာ မကြာခဏ ဆိုသလို ဖြစ်ပွားလေ့ရှိပြီး အချို့ဖြစ်စဉ်တွေမှာ ဆိုရင် ရာနဲ့ချီပြီး လူ့အသက်ဆုံးရှုံးတာတွေရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်း စုန်ဆင်းလာတဲ့စစ်သင်္ဘောတွေ ဒီက​နေ့ မနက်မှာ မန္တလေး ​ဂေါဝိန်ဆိပ်ကမ်းကိုဆိုက်ကပ်ပြီးဒဏ်ရာရစစ်သားအများစုကို ပြင်ဦးလွင်စစ်ဆေးရုံကိုပို့ထားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

သတင်း

ဗန်းမော်ကို စစ်အင်အားဖြည့်ဖို့ ကြိုးပမ်းတဲ့ စစ်တပ်ရဲ့ မြစ်ကြောင်းစစ်ဆင်ရေး ကျရှုံးမှုများခဲ့၊ ဇင်းဘုံဒေသမှာ စစ်တပ် ဆက်ရှိနေလို့ စစ်ရေးတင်းမာ

သတင်း

ကချင်နဲ့ရခိုင်ပြည်နယ်ကို ကြည်းရေလေစစ်ဆင်ရေးနဲ့ ထိုးစစ်ဆင်​ပေမယ့် ဧရာဝတီမြစ်​ကြောင်းတိုက်ပွဲမှာစစ်ရှုံးခဲ့ပြီး​နောက်အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်က ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူးဗိုလ်ချုပ်ကြီးကိုကိုဦး ကိုပြည်ထဲရေးဝန်ကြီးအဖြစ် အရပ်ဖက်ရာထူးပူးတွဲခန့်အပ်လိုက်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် စင်းခန်းတံတား(ကားလမ်း၊ ရထားလမ်းပါ ဧရာ၀တီမြစ်ကူးတံတား)ကို စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ပြီလို့ စစ်ကောင်စီ ဝါဒဖြန့်နေပေမဲ့ အခြေအနေဟာ ပြောင်းပြန် အနေအထားဖြစ်ပြီး ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ဆက်လက်စိုးမိုးထိန်းချုပ်ထားဆဲဖြစ်တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။