Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်မှာ မြေစာပုံပြိုပြီး လူ ၃၀ ကျော် ပျောက်ဆုံးနေ

မြေစာပုံဟာ ဒီနေ့ ညနေပိုင်း ၃ နာရီခွဲဝန်းကျင်က ပြိုကျသွားတာပါ။ အဲဒီဖြစ်စဉ်မှာ ဒဏ်ရာရသူ ၈ ဦး ကို ဖားကန့်ဆေးရုံဆီ ပို့ထားတယ်လို့သိရပါတယ်။

ဖားကန့်မှာ မြေစာပုံပြိုပြီး လူ ၃၀ ကျော် ပျောက်ဆုံးနေ
ဖားကန့်မှာ မြေစာပုံပြိုပြီး လူ ၃၀ ကျော် ပျောက်ဆုံးနေ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မနရွာ ကျောက်စိမ်းမှော်မှာ ဒီနေ့ညနေပိုင်း မြေစာပုံ ပြိုကျပြီး ရေမဆေးကျောက်ရှာဖွေသူ ၈ဦး ဒဏ်ရာရကာ ၃၀ ကျော်ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေဆီကစုံစမ်းသိရပါတယ်။

မြေစာပုံဟာ ဒီနေ့ ညနေပိုင်း ၃ နာရီခွဲဝန်းကျင်က ပြိုကျသွားတာပါ။ အဲဒီဖြစ်စဉ်မှာ ဒဏ်ရာရသူ ၈ ဦး ကို ဖားကန့်ဆေးရုံဆီ ပို့ထားတယ်လို့သိရပါတယ်။

ပျောက်ဆုံးနေသူတွေလည်းရှိနေပြီး အခုညပိုင်း ၇ နာရီခွဲအချိန်ထိ ၃၁ ဦးပျောက်ဆုံးစာရင်းရထားတယ်လို့ မြေပြင်ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူတစ်ဦးကပြောပြပါတယ်။

” သေတဲ့သူတွေရှိနိုင်တယ် ၊အလောင်းတော့ မတွေ့သေးဘူး “ဟု အဲဒီသတင်းရင်းမြစ်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဖားကန့်မှာ မြေစာပုံပြိုကျတဲ့ဖြစ်ရပ်ဟာ မကြာခဏ ဆိုသလို ဖြစ်ပွားလေ့ရှိပြီး အချို့ဖြစ်စဉ်တွေမှာ ဆိုရင် ရာနဲ့ချီပြီး လူ့အသက်ဆုံးရှုံးတာတွေရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မေခ၊ မလိခမြစ်​ရေကြီး၍ ​နေအိမ်နှင့်​ကျောင်းအချို့​ရေ​မျော

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းဒေသရှိကုမ္ပဏီတစ်ခုကို စစ်ကောင်စီက ယနေ့(မေလ ၃၁ရက်)တွင် မီးရှို့ဖျက်ဆီးနေကြောင်း ကချင်သတင်းရင်းမြစ်အချို့က ပြောသည်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းဒေသသို့ ရောက်ရှိလာသည့် စစ်ကောင်စီတပ်စစ်ကြောင်းပစ်ခတ်၍ ပြည်သူ ၅ဦးထက်မနည်း သေဆုံးခဲ့ရကြောင်း ဒေသ သတင်းရင်းမြစ်အချို့က ပြောသည်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းဒေသတွင် ဒုတိယမြောက်နေ့ စစ်ရေးဆက်လက်တင်းမာနေပြီး ဒေသခံများ စစ်ရှောင်ရန်ကြိုးပမ်းနေသလို နေအိမ်များအတွင်းပိတ်မိနေ၍ စားနပ်ရိက္ခာလိုအပ်ချက်များရှိနေသည်ဟု သတင်းရရှိသည်။