Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်မြို့နယ်မှ ပြည်သူ ၄၀ ခန့်ကို စစ်တပ်က လူသားဒိုင်းအဖြစ်ထပ်မံဖမ်းဆီး

KIA၊PDF ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်းစီတပ်သည်ဖားကန့်မြို့နယ်တွင် ယခုရက်ပိုင်း စစ်ရေးတင်းမာနေသည်။ဖားကန့်မြို့နယ် ပျားအုံကျေးရွာနှင် ခွန်စံဇွပ်ကျေးရွာအ‌နောက်ဘက်တွင်မေလ ၁၃ရက်မှစ၍ သုံးရက်ဆက် တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က လေးဦးသေဆုံးကာ PDFတစ်ဦး ဒဏ်ရာရခဲ့ကြောင်း ​ဒေသခံအချို့က​ပြောသည်။

(စစ်​ကောင်စီတပ်က ၂၀၂၃ ဧပြီ ၂၆ ရက်က ဖားကန့်မြို့နယ်၊မဇွပ်ယန်နှင့် ဆန်ခါ ကျေးရွာ ၂ရွာ ပြည်သူများကိုစစ်​ကောင်စီတပ်က လူသားဒိုင်းအဖြစ်အသုံးပြုရန်ဖမ်းဆီးထားစဥ်။ ဓါတ်ပုံ- အောင်ဇော်မိုး)
(စစ်​ကောင်စီတပ်က ၂၀၂၃ ဧပြီ ၂၆ ရက်က ဖားကန့်မြို့နယ်၊မဇွပ်ယန်နှင့် ဆန်ခါ ကျေးရွာ ၂ရွာ ပြည်သူများကိုစစ်​ကောင်စီတပ်က လူသားဒိုင်းအဖြစ်အသုံးပြုရန်ဖမ်းဆီးထားစဥ်။ ဓါတ်ပုံ- အောင်ဇော်မိုး)

ဖားကန့်မြို့နယ်၊ နန့်ယားကျေးရွာနှင့် ခင်တောင်ကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ (မေလ ၁၇ရက်)ဝင်ရောက်စီးနင်းပြီး ဒေသခံ ပြည်သူ ၄၀ ခန့်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ​ဒေသခံများက​ပြောသည်။

“ဒီနေ့မနက်ပိုင်းဝင်လာတာ။ ဒေသခံတွေကို ဖမ်း‌​ခေါ်သွားတယ်။ စုစုပေါင်း ၄၀ လောက်ရှိတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

နမ့်ယား ကျေးရွာသည် မြစ်ကြီးနား-ဖားကန့်လမ်းပေါ်တွင် တည်ရှိသည်။ ဒေသခံများကို ဖမ်းဆီးပြီးနောက် စစ်ကောင်စီတပ်က ဖားကန့်မြို့ဘက်သို့ ဆက်လက်ထွက်ခွာသွားကြောင်းလည်း သိရသည်။

“သူတို့ကအရပ်သားတွေကိုလူသားတံတိုင်းလုပ်ပြီး တိုက်ပွဲ‌ဖော်တာ။တခြားရွာက ပြည်သူတွေလည်း တော်တော်လေး ကြောက်လန့်နေကြတယ်” ဟု ဖားကန့်မြို့ခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် ဧပြီ ၁၇ရက်ကလည်း ဖားကန့်မြို့နယ် ဆိုင်းဘရာရွာကို ဝင်ရောက်စီးနင်းကာ ဒေသခံပြည်သူများကို ဖမ်းဆီးခဲ့သည်။ သက်ကြီးရွယ်အိုများ၊ ကလေးများနှင့်မသန်စွမ်းသူအချို့အပါအဝင် အရပ်သား ၃၀၀ ကျော်ကို လူသားတံတိုင်းအဖြစ် ဖမ်းဆီး ခေါ်ဆောင်လာကာ KIA လှုပ်ရှားနယ်မြေဖြစ်သော တံတားညီနောင်ကို ဧပြီလ ၁၈ရက်တွင် စစ်ကြောင်းထိုးခဲ့သည်။ ထိုကာလ တိုက်ပွဲများတွင် စစ်တပ်က ပြည်သူများကို လူသားဒိုင်းအဖြစ်အသုံးပြုသဖြင့် ပြည်သူအချို့ သေဆုံးခဲ့သည်။

ထို့အပြင် ဧပြီ ၂၆ ရက်ကလည်း ဖားကန့်မြို့နယ်၊မဇွပ်ယန်နှင့် ဆန်ခါ ကျေးရွာ ၂ရွာ ပြည်သူ ၁၀၀ ခန့် ကိုလည်းစစ်ကောင်စီတပ် လူသားဒိုင်းအဖြစ်အသုံးပြုရန်ဖမ်းဆီးခဲ့​သေးကြောင်း ဒေသခံများပြောသည်။

KIA၊PDF ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်းစီတပ်သည်ဖားကန့်မြို့နယ်တွင် ယခုရက်ပိုင်း စစ်ရေးတင်းမာနေသည်။ဖားကန့်မြို့နယ် ပျားအုံကျေးရွာနှင် ခွန်စံဇွပ်ကျေးရွာအ‌နောက်ဘက်တွင်မေလ ၁၃ရက်မှစ၍ သုံးရက်ဆက် တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က လေးဦးသေဆုံးကာ PDFတစ်ဦး ဒဏ်ရာရခဲ့ကြောင်း ​ဒေသခံအချို့က​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးကြီးပြီး ရေဘေးကြုံတွေ့နေတဲ့ မဘိမ်းမြို့ကို စစ်တပ်က လေကြောင်း ကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကိုသြဂုတ်လ ၅ ရက်ညပိုင်းမှာအာဏာသိမ်းစစ်တပ်ရဲ့လေတပ်ကဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတစ်ဦးသေဆုံးပြီးလေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့၊ အမရပူရမြို့နယ်မှာ ပိုးထည်ဆိုင်ဖွင့်ပွဲပြီး ဇာတ်မင်းသား စမ်းရေမိုးတက်မယ်ဆိုပြီး စစ်ကိုင်း-မန္တလေးလမ်းကို စစ်တပ်က နာရီပိုင်းကြာအောင် ပိတ်ထားလိုက်တာကြောင့် ခရီးသွားပြည်သူတွေ ဒုက္ခရောက်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ပြည်သူတွေ ရေဘေးသင့်နေချိန်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ် အရှေ့ခြမ်း ကမ်းဖြူကျေးရွာက နေအိမ် ၁၀လုံး ထက်မနည်းပျက်စီးခဲ့ပြီး နွား၁၅ ကောင်ခန့် သေဆုံးခဲ့တယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။