Connect with us

Hi, what are you looking for?

သတင်း

နေပြည်တော် ပျဥ်းမနားရှိ စစ်ကောင်စီတပ်စခန်းတစ်ခုစီးနင်းတိုက်ခိုက်ခံရ

ဘို့မ – သံတောင်စခန်းစီးနင်းမှုတွင် စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုများရှိကာ လက်နက်အချို့သိမ်းဆည်းရရှိမှုရှိကြောင်း စုံစမ်းသိရသော်လည်း စစ်တပ်ဘက်မှ ထိခိုက်သေဆုံးဦးရေအား အတိအကျမသိရသေးပေ။

(နေပြည်တော် PDF၏ တိုက်ခိုက်ရေးအထူးကွန်မန်ဒို သင်တန်းတွင် PDF ရဲဘော်များ စစ်ရေးလေ့ကျင့်နေစဥ်။ ဓာတ်ပုံ - ‌နေပြည်တော် PDF)
(နေပြည်တော် PDF၏ တိုက်ခိုက်ရေးအထူးကွန်မန်ဒို သင်တန်းတွင် PDF ရဲဘော်များ စစ်ရေးလေ့ကျင့်နေစဥ်။ ဓာတ်ပုံ - ‌နေပြည်တော် PDF)

နေပြည်တော်ကောင်စီနယ်မြေ၊ ပျဥ်းမနားမြို့နယ်ရှိ ဘို့မ – သံတောင်တပ်စခန်းကို PDF ပူးပေါင်းတပ်ဖွဲ့က စီးနင်းတိုက်ခိုက်ခဲ့ကြောင်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော်စစ်ဒေသခွဲမှ တာဝန်ရှိသူတစ်ဦးက People’s Springသို့ ပြောသည်။

စစ်ကောင်စီ၏ ဘို့မ – သံတောင်တပ်စခန်းအား PDF ပူးပေါင်းတပ်ဖွဲ့မှ သြဂုတ် ၁၀ရက် နံနက်ပိုင်းတွင် စီးနင်းခဲ့ခြင်းဖြစ်ပြီး စခန်းစီးနင်းမှုနောက်ပိုင်း တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း ၎င်းတာဝန်ရှိသူက ဆက်ပြောသည်။

“ပျဉ်းမနားနယ် ဘို့မ-သံတောင်၊ နန်းလွင်ဆန်း၊ ရေပူတောင်မြင့်တစ်လျှောက် သြဂုတ် ၁၀ ရက်နေ့ကစ၍ PDF ပူးပေါင်တပ်ဖွဲ့နှင့် စကစတို့ကြား တိုက်ပွဲပြင်းထန်နေပါတယ်”ဟု အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော်စစ်ဒေသခွဲ(ပြည်သူ့ကာကွယ်ရေးတပ် မတော်)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဘို့မ – သံတောင်စခန်းစီးနင်းမှုတွင် စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုများရှိကာ လက်နက်အချို့သိမ်းဆည်းရရှိမှုရှိကြောင်း စုံစမ်းသိရသော်လည်း စစ်တပ်ဘက်မှ ထိခိုက်သေဆုံးဦးရေအား အတိအကျမသိရသေးပေ။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်တပ်စခန်းစီးနင်းခံရပြီးနောက် သြဂုတ် ၁၁ရက်တွင်လည်း တပ်ကူလာသော စစ်ကောင်စီတပ်များနှင့် PDF ပူးပေါင်းတပ်များကြား ထိတွေ့တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ လေကြောင်းပစ်ကူပေးခဲ့​ရာ ပြည်သူ့နေအိမ်အချို့ ထိခိုက်ပျက်စီးသည့်အပြင် ဒေသခံပြည်သူအများအပြား ဘေးလွတ်ရာပြေးနေကြရကြောင်း စုံစမ်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

နေပြည်တော်မှာ စစ်တပ်ရဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေရဲ့ ကိုယ်ရေးအရာရှိ‌ (PSO)မောင်းလာတဲ့ကားတိုက်မိလို့ ဒုဗိုလ်မှူးကြီး ၁ ဦး သေဆုံးပြီး နောက်ထပ်အရာရှိ ၁ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ စု့စမ်းသိရပါတယ်။

သတင်း

တာချီလိတ်မှာ မယ်ဆိုင်ချောင်းရေလျှံ

သတင်း

နေပြည်တော်၊ လယ်ဝေးမြို့နယ်မှာ တပ်မိသားစုဝင် ၁ဦး ပေါ်တာဆွဲခံရလို့ မိခင်ကိုယ်တိုင် လူမှုကွန်ရက်ကနေ အကူအညီတောင်းနေပါတယ်။

သတင်း

နေပြည်တော်၊ဇမ္ဗူသီရိမြို့နယ်ကငလျင်ဘေးသင့်ပြည်သူတွေရဲ့ယာယီတည်းခိုရေးစခန်းမှာ တောကြီးမြွေဟောက်တွေ့တာကြောင့် သွားရောက်ဖမ်းဆီးပေးခဲ့ရတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။