Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

နေပြည်တော် ပျဥ်းမနားရှိ စစ်ကောင်စီတပ်စခန်းတစ်ခုစီးနင်းတိုက်ခိုက်ခံရ

ဘို့မ – သံတောင်စခန်းစီးနင်းမှုတွင် စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုများရှိကာ လက်နက်အချို့သိမ်းဆည်းရရှိမှုရှိကြောင်း စုံစမ်းသိရသော်လည်း စစ်တပ်ဘက်မှ ထိခိုက်သေဆုံးဦးရေအား အတိအကျမသိရသေးပေ။

(နေပြည်တော် PDF၏ တိုက်ခိုက်ရေးအထူးကွန်မန်ဒို သင်တန်းတွင် PDF ရဲဘော်များ စစ်ရေးလေ့ကျင့်နေစဥ်။ ဓာတ်ပုံ - ‌နေပြည်တော် PDF)
(နေပြည်တော် PDF၏ တိုက်ခိုက်ရေးအထူးကွန်မန်ဒို သင်တန်းတွင် PDF ရဲဘော်များ စစ်ရေးလေ့ကျင့်နေစဥ်။ ဓာတ်ပုံ - ‌နေပြည်တော် PDF)

နေပြည်တော်ကောင်စီနယ်မြေ၊ ပျဥ်းမနားမြို့နယ်ရှိ ဘို့မ – သံတောင်တပ်စခန်းကို PDF ပူးပေါင်းတပ်ဖွဲ့က စီးနင်းတိုက်ခိုက်ခဲ့ကြောင်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော်စစ်ဒေသခွဲမှ တာဝန်ရှိသူတစ်ဦးက People’s Springသို့ ပြောသည်။

စစ်ကောင်စီ၏ ဘို့မ – သံတောင်တပ်စခန်းအား PDF ပူးပေါင်းတပ်ဖွဲ့မှ သြဂုတ် ၁၀ရက် နံနက်ပိုင်းတွင် စီးနင်းခဲ့ခြင်းဖြစ်ပြီး စခန်းစီးနင်းမှုနောက်ပိုင်း တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း ၎င်းတာဝန်ရှိသူက ဆက်ပြောသည်။

“ပျဉ်းမနားနယ် ဘို့မ-သံတောင်၊ နန်းလွင်ဆန်း၊ ရေပူတောင်မြင့်တစ်လျှောက် သြဂုတ် ၁၀ ရက်နေ့ကစ၍ PDF ပူးပေါင်တပ်ဖွဲ့နှင့် စကစတို့ကြား တိုက်ပွဲပြင်းထန်နေပါတယ်”ဟု အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော်စစ်ဒေသခွဲ(ပြည်သူ့ကာကွယ်ရေးတပ် မတော်)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဘို့မ – သံတောင်စခန်းစီးနင်းမှုတွင် စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုများရှိကာ လက်နက်အချို့သိမ်းဆည်းရရှိမှုရှိကြောင်း စုံစမ်းသိရသော်လည်း စစ်တပ်ဘက်မှ ထိခိုက်သေဆုံးဦးရေအား အတိအကျမသိရသေးပေ။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်တပ်စခန်းစီးနင်းခံရပြီးနောက် သြဂုတ် ၁၁ရက်တွင်လည်း တပ်ကူလာသော စစ်ကောင်စီတပ်များနှင့် PDF ပူးပေါင်းတပ်များကြား ထိတွေ့တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ လေကြောင်းပစ်ကူပေးခဲ့​ရာ ပြည်သူ့နေအိမ်အချို့ ထိခိုက်ပျက်စီးသည့်အပြင် ဒေသခံပြည်သူအများအပြား ဘေးလွတ်ရာပြေးနေကြရကြောင်း စုံစမ်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။